3K 353 13
[Unicode]
အဲ့သလိုနဲ့စီမံဌာနမှာအလုပ်သင်အဖြစ်  ဝင်လုပ်ရမဲ့​ရှောင်းကျန့်က အမှု​ဆောင်ဒါရိုက်တာဝမ်ရဲ့
ရုံးခန်းထဲကအလုပ်ခုံမှာ ကျုံ့ ကျုံ့​လေးထိုင်ရင်း အတွင်း​ရေးမှူး အလုပ်​တွေကို လုပ်ဖို့ပြင်​နေရတယ်။
ပြင်သာပြင်​နေရတာ အမှန်​တော့ဘာလုပ်ရမလဲဆိုတာ ဘာမှမသိဘူး ဒီတိုင်းပွင့်​နေတဲ့ကွန်ပျုတာမျက်နှာပြင်ကို​ငေး​နေရတာ..
မူလအတွင်း​ရေးမှူးကျအခန်းအပြင်မှာထားပြီး  ​
ရှောင်းကျန့်ကိုကျ သူ့အခန်းထဲထည့်ထားတာမို့
အလှကြည့်ဖို့လား ဆိုတဲ့​​အ​တွေးနဲ့ ​စောင်းကြည့်လိုက်​တော့ ဆရာသမားက တကယ်ကြီးစိုက်ကြည့်​နေရာက​နေဟိုဘတ်ပြန်လှည့်သွားပြီးအလုပ်လုပ်​​​နေ​ရော..
အူတူတူကျန့်​လေးက မျက်နှာငယ်​လေးနဲ့​ခေါင်းပြန်ငုံ့ရင်း​တွေး​နေရတယ်!
*ငါဘာအမှားများလုပ်မိလို့ အခုလိုစိုက်ကြည့်​နေ
ရတာလဲ ဆရာဝမ်ရဲ့!!*
ဇာတ်​ကြောင်းပြန်စစ်မယ်လို့​ပြောပြီး ​ပျောက်သွားတဲ့ ကွန်ပျူတာ​​ကောင်ကခုထိ စစ်မပြီး​သေးတာလားပဲ
အသံ​ပျောက်ထွက်သွားတာ ​စောနကတည်းက!
(သတိ​ပေးချက်- ကွန်ပျူတာက​တော့ဒီတိုင်းကွန်ပျူတာဖြစ်ပြီး ကွန်ပျုတာ​ကောင်က​တော့systemကို​​ရှောင်းကျန့်​ခေါ်​နေကျ​နာမည်ပါ ​ရောမှာဆိုးလို့ပါ။)
နာရီကြည့်​တော့ ​နေ့လည်၁၂နာရီ။
ဝမ်ရိ​ပေါ်ကဗိုက်မဆာဘူးလား  သူ မဆာလဲ​
ရှောင်းကျန့်က​တော့ဗိုက်ထဲအသံ​တွေပါ
ထွက်​နေတယ်ဘာလို့ဆို မနက်စာ ​​ရေ၃ခွက်ကလွဲ
ဘာမှမစားရ​သေးလို့....
" ဝင်လာမယ်​နော် ဆရာ"
တံခါး​ခေါက်သံအတူအသံပါကြားလိုက်ရတာမို့ 
ဝမ်ရိ​ပေါ်ကို​ပြောတာဆို​ပေမဲ့​ရှောင်းကျန့်ပါ
လှမ်းကြည့်မိလိုက်​တော့  တံခါးဖွင့်ပြီးဝင်လာတဲ့
ဝမ်ရိ​ပေါ်ရဲ့ မူလအတွင်း​ရေးမှူးမိန်းခ​လေး.....
"​နေ့လည်၁၂နာရီဆို​တော့ ကျဲ ထမင်းသွားစား​တော့မလို့ အဲ့တာ အသစ်​ကိုပါ​ခေါ်သွားလိုက်မယ်​နော်"
Born Again In System (H I A T U S)Where stories live. Discover now