3.2K 351 1
[Unicode]
​ရှောင်းကျန့်ဘဝက ပထမဆုံး​နေ့မှာတင်
ဒါရိုက်တာအလုပ်ခန်းကဧည့်​တွေ့ခုံမှာထိုင်​နေရတယ်
ဝန်ထမ်းကဒ်မပါလို့ ဒီ​ခေါ်ခံလာရပါတယ်ဆိုပြီးဘယ်သူမှသွားတိုင်မရတဲ့အ​နေအထား!
ဒါရိုက်တာဂွမ်က ချန်မင်​ခေါ်တာ​တောင်မ​စောင့် ​ရှောင်းကျန့်ကို ဓါတ်​လှေကားထဲအတင်းထိုးထည့်ပြီး သူ့ရုံးခန်းကို​ခေါ်ချလာပြီး မ​ပြောမဆိုနဲ့ပြန်ထွက်သွားတဲ့အပြင်
​စောနကတည်းကသူ့စိတ်ဆိုးသွားတဲ့
ကွန်ပျူတာ​ကောင်ကိုပါခုထိဆက်သွယ်လို့ကိုမရတာ​​ကြောင့် ဖြစ်နိုင်ရင် အတိတ်ဘဝကိုသာ လက်​ပစ်ကူးပြီး ​ရှောင်းချင် ချက်​ကျွေးတဲ့ညစာကိုပဲထိုင်စားချင်​နေ​တော့တာပါပဲ။
အခန်းကို​သေချာပတ်ကြည့်ဖို့​နေ​နေသာ ကိုယ့်လွယ်အိတ်ကိုယ်ပိုက်ပြီး
အတွင်း​ရေးမှုးချထား​ပေးတဲ့​ကော်ဖီခွက်ကို
ငုပ်တုတ်ထိုင်​ကြည့်​နေရတာကြီးက​
ပျော်ဖို့မ​ကောင်း​​သလို
မနက်၁၀နာရီ​ကျော်တဲ့အထိ​
ရှောင်းကျန့်အလုပ်မဝင်ရ​သေး​​ပေမဲ့
အလုပ်ပြုတ်ဖို့​သေချာ​နေပြီ။
ဒါ​ကြောင့် မျက်ခုံး​မွှေး​တွေ​ရော
​ခြေသ​လုံး​မွှေး​တွေပါလှုပ်ပြီး အလုပ်သစ်ထပ်ရှာဖို့​ကို​တောင်ခေါင်းထဲ ထည့်တွတ်ချက်​​နေရတယ်
ရှင်သန်ရတာ ဝမ်း​ရေးအတွတ်တအားခက်ခဲတယ်!
အလုပ်ပြုတ်လဲ ​နောက်တစ်လုပ်ထပ်ရှာ ဒါဆို ချန်မင်နဲ့လဲခပ်ကင်းကင်း​နေပြီးသားဖြစ်တယ်လို့​တွေးမိ​တော့ ​ရှောင်းကျန့်က ခပ်ပြုံးပြုံးဖြစ်သွားတယ်။
​ရှောင်းကျန့်အ​တွေးကိုကြားတဲ့ systemက
​ ဖြစ်နိုင်ရင် ​ရွှေဥာဏ်​တော်စူး​ရောက်လွန်းလို့​ပြေးပါရိုက်ချင်သွားတယ်။
အဲ့လိုဖြစ်မှ​တော့ ဘယ်missions​တွေကိုလုပ်ပြီးဘယ်ကpoints​တွေရ​တော့မှာလဲ!
"ဒီ​လောက်​တော်တဲ့ဦး​နှောက်​ရွှေချထားလိုက်မယ်"
"​သောက်ချီး...စိတ်ဆိုး​ပြေရင်လဲ ​ပြေ​ကြောင်း​ပြော
ဇွတ်ထမ​ပြောနဲ့ ငါလန့်တယ်"
ညာဘတ်လက်ကလွယ်အိတ်ကိုကိုင်ထားပြီး ဘယ်ဘတ်လက်က ရင်ဘတ်ကိုဖိရင် ​ရှောင်းကျန့်က
သာသာယာယာထဆဲတယ်။
Born Again In System (H I A T U S)Where stories live. Discover now