2.5K 221 11
[Unicode]
"Goodmornig ကျဲ"
"Morning ​ရှောင်းကျန့် ဒီ​နေ့ လာတာ ဆရာဝမ်ထက်​တောင်​စော​သေး"
"အာ...ဟုတ် "
ရုံးခန်းထဲဝင်ဝင်ချင်း​တွေ့လိုက်တဲ့ ပိုင်ရီကျဲကို
နှုတ်ဆက်လိုက်ပြီး ဝမ်ရိ​ပေါ်ကို နမ်းပြီးထွက်​ပြေးလာတဲ့  အ​ကြောင်းကို​တွေးမိပြန်​တော့  အလုပ်ထုတ်ခံရမှာကိုပါ စိုးရိမ်​​နေ​ပေမဲ့ Systemတစ်ဖြစ်လဲ သူ့​ရှေ့ကစားပွဲ​ပေါ်ထိုင်ပြီး မျှစ်ဆို့​တွေကိုစား​နေတဲ့ ကြွက်ဖြူ​ကောင်ကို ကြည့်ပြီး
အ​ရေခွံခွာ ကင်စားဖို့ပါ​တွေး​နေလိုက်တာအမှန်...။
'ဒင်းက​တော့ အားရပါးရ စား​နေ ငါ့အလုပ်ပြုတ်လို့က​တော့ ​နောက်ဘဝမှာ ပြာဖြစ်ဖြစ် အမှုန့်အဖြစ်ဖြစ်   အဖြစ်ခံပြီးပဲ​နေလိုက်​နေ​တော့မယ်'
​ရှောင်းကျန့်​တွေး​​လေ​တွေး​လေ စိတ်ရှုပ်ပြီး အလုပ်ထုတ်ခံရမယ်ဆိုတာကိုပို​တွေးဖြစ်မိ​တော့  စားပွဲ​ပေါ်လက်​ထောက်ပြီးသာ မချိပြုံးကြီးနဲ့ အရာရာကို ခဏ ပလစ်ထားလိုက်ချင်​တော့တာပဲလို့သာ​တွေး​နေမိ​တော့တယ်....။
"​ရှောင်းကျန့်ကြည့်ရတာ မှိုင်တိုင်တိုင်နဲ့ ဒီ​နေ့အို​ခေရဲ့လား"
"အို​ခေတယ်ကျဲ တအားကိုအို​ခေ အဲ ဆရာဝမ်..."
" ဆရာဝမ် လာပြီလား ဒီ​နေ့လာတာ​နောက်ကျတယ်​နော်"
"အင်း ​ရှောင်းကျန့်အခန်းထဲလိုက်လာခဲ့"
"ဟုတ်ဗျ"
စကားထပ်​ပြော​နေ​တုန်း​ဝင်လာပြီး သူ့ကို​သေချာကြည့်ပြီး ​အ​နောက်ကလိုက်လာဖို့​ပြောလိုက်တဲ့ ဝမ်ရိ​ပေါ်​ ကြောင့်
​ရှောင်းကျန့်က သူ မအို​ခေ​တော့ပါဘူးဆိုတာကို ​တောင်
ပိုင်ရီ ကျဲ ကိုဆက်မ​ပြောနိုင်​တော့ဘူး..။
ငါ​လေး သူ့နှုတ်ခမ်းကို၁ခါ ပါးကို၁ခါပဲနမ်းပြီး ​
ထွက်ပြေးမိသွားတာပါ... ဘာကိစ္စ​ကြောင့် ငါ့ကိုယ်ငါ
အပြစ်သားလို့ခံစား​နေရတာလဲ?
Born Again In System (H I A T U S)Where stories live. Discover now