3.7K 354 5
[Unicode]
အိပ်​ပျော်​နေရာက​နေလန့်နိုးသလိုဖြစ်လာတာမို့ ​ရှောင်းကျန့်ကရုတ်တရက်ထထိုင်တယ်။
မ​နေ့ကအိမ်မက် systemဘာညာဆိုပြီးအရူးထတဲ့ဟာမက်ခဲ့တာ ​တော်​​တော်ဆိုးသွမ်းတယ်။
"သတင်းအချက်အလက်​တွေကူး​ပြောင်း​ပေး​နေပါတယ်"
အူကနဲထွက်လာတာတဲ့ ကွန်ပျူတာသံ​ကြောင့် ​ရှောင်းကျန့်​ခေါင်းမူးမတတ်ခံစားလိုက်ရတယ်။
ဒီအသံကြီး​ခွေးချီ​တောင်မှတ်မိတယ်
အိမ်မက်ထဲက systemပါဆိုပြီး
သူ့ကိုယ်သူ မိတ်ဆက်ခဲ့တဲ့​ကောင်!!!
"Host အချက်အလက်​တွေကို​လေ့လာစစ်​ဆေးနိုင်ပါပြီ"
ထပ်ထွက်လာတဲ့ ကွန်ပျူတာသံကြီးနဲ့အတူ သူ​ရှေ့ကျလာတာတဲ့infoတစ်ခု!
နာမည်-​ရှောင်းကျန်
အလုပ်အကိုင်-အလုပ်သင်
​နောက်ဆုံးဆန္ဒ- ချန်မင်ရဲ့ ​ကောက်ကျစ်မှုက​နေလွှတ်​မြောက်ချင်တာ!
What The Hell လို့ပဲ​ရှောင်းကျန့်​အော်နိုင်တယ်။
ငါတကယ်ကြီး ​ရောက်​နေတာလား အိမ်မက်မဟုတ်ဘူးလား။ အခုမှသတိတရ​ဘေးပတ်လည်ကိုစစ်​ဆေးကြည့်​တော့  ဒီတိုင်းရိုးရိုးအိမ်ခန်း​လေး 
သက်ပြင်း​လေး​ဖြေး​ဖြေးချရင်း ​ရှောင်းကျန့်က​ဘေးနားမှာအသင့်ထားထားတဲ့ ​ရေတစ်ခွက်ကို​သောက်တယ်။
ကိစ္စကနက်နဲလွန်းလို့ အာပါ​​ခြောက်တယ်
ဂလု !
​ရှောင်းကျန့်က​နောက်ထပ်​ရေတစ်ခွက်ထပ်​သောက်တယ်။  ရင်ထဲကအပူ​တွေမငြိမ်းနိုင်​သေးလို့ ​နောက်တစ်ခွက်ထပ်​​သောက်ဖို့ပြင်​​နေချိန် ကွန်ပျူတာသံကြီးက ထပ်ထွက်လာတယ်။
"Host​ရေထပ်​သောက်ရင် ကား​ပေါ်မှာရှုး​ပေါက်ချ​နေရမယ်"
သတိ​ပေးသံကြားမှ ​ရှောင်းကျန့်က ​ရေခွက်ကိုလက်ထဲကချတယ်။
အိပ်ယာ​ပေါ်မှာ ပုံ့ပုံ့​လေးပြန်လဲရင်း  ​ဘေးနားချထားတဲ့ဖုန်းကို ​ကောက်ကိုင်လိုက်ပြီးနည်းနည်းစပ်စုဖို့​​လုပ်​နေရသည် မတတ်နိုင်ဘူး​လေ ဒီလူခန္ဓါကိုယ်ထဲ​ရောက်​နေမှ​တော့ လိုက်​လျောညီ​ထွေ​နေရမှာပဲ..
ဖုန်းထဲ​ထွေ​ထွေထူးထူး ဘာမှလဲရှိမ​နေလို့ ဖုန်းကိုပြန်ချရင်း info​တွေကို​သေချာပြန်ကြည့်လိုက်တယ်
Born Again In System (H I A T U S)Where stories live. Discover now