Unicode
" Latte ပဲလား "
"အင်း"
မှာထားတာ ရတဲ့ နောက်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ရင်း ရှောင်းမေ့ နားမလည်တဲ့ စာတွေအကြောင်း ရိပေါ်က ပြောပြတယ်။
ရိပေါ်မှာ အခုရက် အလုပ်ပိုလာတာ တစ်ခုက ရှောင်းမေ့အတွက် စကားပြောဖော်ပြောဖက်ဖြစ်ပေးရတာပဲ။
ဒီအပတ် ကိုကို ဆေးခန်း အနားရက်မှာ ရှောင်းမေ့ကို ထမင်းဖိတ်ကျွေးဖို့ စီစဉ်ပြီးသည်အထိ ရိပေါ်တို့ ကြားက ရင်းနှီးမှုက သိပ်ကို ကြီးမားလာခဲ့တာ။
"ကျန့်ကောဖို့ တစ်ခုခု ဝယ်ရအောင်" ဆိုပြီး ဝယ်ပေးလိုက်တဲ့ မုန့်တွေ ကော်ဖီတွေကြောင့် ရှောင်းကျန့်က ရှောင်းမေ့ကို အထင်မလွဲရက်တော့။
ဖြစ်ခဲ့တဲ့ ပြဿနာတွေ လွဲမှားခဲ့တဲ့ နားလည်မှုတွေကြောင့် ရှောင်းမေ့ကို ထမင်းဖိတ်ကျွေးဖို့ ကိုကို့ဖက်က စဖိတ်တဲ့ အထိဖြစ်လာခဲ့ပြီ။
ကိုကို သူ့ကိုယုံကြည်ပေးလို့ ရိပေါ်က ဝမ်းသာလို့မဆုံး ။
" ဒါနဲ့ ဟိုနေ့က မေမေ ကျန့်ကောရဲ့ ဆေးခန်းသွားပြတော့လေ ဆေးခန်းရှေ့မှာ အမျိုးသမီးက ရပ်စောင့်နေတာတဲ့"
ဖတ်လက်စ စာကိုဘေးချပြီး ရိပေါ်ကို ပြောလာတဲ့ ရှောင်းမေ့ဟာ တစ်ခုခုကို မသင်္ကာဟန်။
"အဲ့ အမျိုးသမီးကလေ Venus အလှကုန် ကြော်ငြာမှာလေ အသေလှတယ် စီနီယာ သိတယ်မလား ရှူလီဆိုတာလေ"
"အင်း သိတယ်"
"အဲ့ အမျိုးသမီးတဲ့"
ဘာပြန်ပြောရမှန်းမသိတဲ့ ရိပေါ်က ဖတ်လက်စ ဝတ္ထုကိုသာ အာရုံပြန်စိုက်တယ်။
"လုပ်လုပ်... အဲ့ဒါပြီးအောင်ဖတ်... မသိတာရှိရင် မေး"
ချထားလိုက်တဲ့ စာကို မျက်စပစ်ရင်း သတိလှမ်းပေးတော့ ရှောင်းမေ့က စူပုပ်ပုပ်။
"စီနီယာကလည်း... ကျန့်ကောကို သတိထားရအောင် ပြောတာပါ"
"ကိုကိုက ဘာဖြစ်နေလို့လဲ!"
လေသံနည်းနည်းကျယ်သွားတာကြောင့် ရှောင်းမေ့က မျက်လုံးလေး ကလည်ကလည်။

YOU ARE READING
Guide To Give You Up
FanfictionDon't wanna love you ! Don't wanna miss you ! I don't know how to give up to love you...