Episode - 1

32K 1.1K 19
                                    

Unicode Version
မနက်၇နာရီထိုးတာနဲ့တစ်ပြိုင်နက် alarmပေးထားတဲ့ဖုန်းကအသံကျယ်လောင်စွာမြည်လာသည်။ဝမ်ရိပေါ်ကျစ်ခနဲတစ်ချက်အသံပြုပြီး alarm ကိုကောက်ပိတ်လိုက်သည်။ကျောင်းတက်တုန်းကပဲဒီလိုမနက်ပိုင်းစောစောအိပ်ယာထတာ။အခုနောက်ပိုင်းကဒီလိုအချိန်အိမ်ယာမထဖြစ်တာကြာပြီမို့ ခန္ဓာကိုယ်က
လေးလံနေသည်။မဖြစ်ဘူးရအောင်အိပ်ယာထရမယ်။ဒီနေ့အလုပ်အင်တာဗျူး သွားဖြေရမှာ။အဲ့ဒါကသူ့အတွက်တော့အရေးမပါပေမယ့် မိဘတွေကိုဒီနေ့သွားမယ်လို့ပြောထားတာမို့အမျိုးမျိုးမလုပ်ချင်တော့။

သက်ပြင်းကိုအသာချကာအိပ်ယာမှကုန်းရုန်းထပြီးကိုယ်လက်လှုပ်ရှားမှုခဏလုပ်ကာရေချိုးခန်းဝင်လိုက်သည်။ရေချိုးလိုက်တော့လူကလန်းလန်းဆန်းဆန်းဖြစ်သွားသည်။

ပြီးတော့အကျီ င်္အဝတ်စားကိုအင်တာဗျူးဖြေမှာမို့ဝတ်နေကျဂေါ်တဲ့style မျိုးမဟုတ်ဘဲသန့်သန့်ပြန့်ပြန့်ဖြစ်အောင်ဝတ်လိုက်သည်။ရိုးရိုးစတိုင်ပန် ဘောင်းဘီရှည်အနက်ကိုမှတီရှပ်အဖြူလေးနဲ့အပေါ်ကရှပ်အကျီ င်္အဖြူပါထပ်ဝတ်လိုက်တယ်။ခါတိုင်းဝတ်နေကျနားကပ်တွေဆဲွကြိုးတွေလည်းခဏဒိုးလိုက်အခုအချိန်။အညိုရောင်ခပ်အုပ်အုပ်နဲ့နဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးကိုပုံအနည်းငယ်သွင်းလိုက်သည်။မဟုတ်ရင်အထက်တန်းကျောင်းသားနဲ့မှားမှာစိုးလို့။ကိုယ့်အတွေးနဲ့ကိုယ်တစ်ချက်ရယ်မိသည်။လွယ်တော့မလွယ်ဘူးတွေးတတ်ရတာပေါ့ အယ်လယ်။
လူကတော့အကုန်အဆင်ပြေသွားပြီ။စာရွက်စာတမ်းတွေပဲစစ်ဖို့ကျန်တော့တယ်။လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်စစ်ပြီးတော့ကျောပိုးအိတ်ထဲသေချာထည့်လိုက်တယ်။အခန်းထဲကထွက်ဖို့ပြင်တော့မှအာ မေ့တော့မလို့ရေမွှေးစွတ်ရဦးမယ်။ရေမွှေးစွတ်ပြီးမှ စိတ်ထဲမှာperfect လို့ကြွေးကြော်ပြီးအောက်ထပ်ထမင်းစားခန်းကိုထွက်လာလိုက်တယ်။

                    ပြီးတော့အကျီ င်္အဝတ်စားကိုအင်တာဗျူးဖြေမှာမို့ဝတ်နေကျဂေါ်တဲ့style မျိုးမဟုတ်ဘဲသန့်သန့်ပြန့်ပြန့်ဖြစ်အောင်ဝတ်လိုက်သည်။ရိုးရိုးစတိုင်ပန် ဘောင်းဘီရှည်အနက်ကိုမှတီရှပ်အဖြူလေးနဲ့အပေါ်ကရှပ်အကျီ င်္အဖြူပါထပ်ဝတ်လိုက်တယ်။ခါတိုင်းဝတ်နေကျနာ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You Are My Soulmate (Completed)Where stories live. Discover now