Episode - 13

6.2K 551 7
                                    

Unicode Version

ရိပေါ်သူနဲ့ရှောင်းကျန့်ချစ်သူဖြစ်တာ၂ပတ်ရှိသွားပြီမို့ဒီနေ့ဟောက်ရွှမ်းကိုရှောင်းကျန့်နဲ့မိတ်ဆက်ပေးမယ်ဆိုပြီးဖုန်းဆက်ထားတယ်။ညနေကျရင်ကောကိုဟောက်ရွှမ်းရဲ့Bar ကိုခေါ်သွားပေးမလို့။ကောကိုတော့အချစ်ဆုံးသူငယ်ချင်းနဲ့မိတ်ဆက်ပေးချင်တယ် လို့ပဲပြောထားတယ်။

ရုံးဆင်းတော့ရိပေါ်တို့၂ယောက်ညစာအရင်ဝင်စားကြတယ်။ပြီးမှဟောက်ရွှမ်းတို့Barကိုရောက်လာတော့ဖုန်းဆက်ထားတာမို့ဟောက်ရွှမ်းကအဆင်သင့်ရိပေါ် တို့ကိုစောင့်နေတယ်။

ဟောက်ရွှမ်းကိုတွေ့တာနဲ့ရိပေါ်ကပဲအရင်စပြီးတော့

"ကော ဒါကျွန်တော့်အချစ်ဆုံးသူငယ်ချင်းဝမ်ဟောက် ရွှမ်းတဲ့။သူကသူ့ Company မှာပဲသူဝင်လုပ်နေတာ။ဒီ Bar ကလည်းသူဖွင့်ထားတာ။ဟောက်ရွှမ်း ဒါငါပြောပြောနေတဲ့ငါ့ချစ်သူရှောင်းကျန့်ကောလေ"

ဆိုတော့ရှောင်းကျန့်ကအသိအမှတ်ပြုသလိုပြုံးပြီးခေါင်းငြိမ့်ပြလိုက်တယ်။ပြီးတော့လက်ဆဲွနှုတ်ဆက် ကာ

"တွေ့ရတာဝမ်းသာပါတယ်။ကော နာမည်ရှောင်းကျန့် ပါ။ရိပေါ်ကိုခင်သလိုခင်နိုင်ပါတယ်။"

​လို့ပြောတော့ဟောက်ရွှမ်းကလည်းပြန်လက်ဆဲွနှုတ်ဆက်ပြီး

"ဟုတ်ကဲ့။တွေ့ရတာဝမ်းသာပါတယ်ကော။ကောကအရမ်းနုတာပဲနော်။ရိပေါ်သာဘာမှပြောမထားရင် ကျွန်တော်ကညီလေးလို့တောင်ခေါ်မိတော့မှာ။"

ဆိုတော့ရှောင်းကျန့်ရှက်ကိုးရှက်ကန်းနဲ့သူ့လည်ပင်းကိုသူပွတ်ပြီး

"အဲ့လောက်ကြီးလည်း မနုပါဘူးကွာ"

ဆိုပြီးပြန်ပြောလိုက်တယ်။စိတ်ထဲမှာလည်း 'ဪရိပေါ်ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတာဒီကောင်လေးကိုး။အဲ့ဒါကြောင့်အရင်တစ်ခါတွေ့တုန်းကသူတို့အရမ်းရင်းနှီးနေကြတာပဲ။အဲ့ဒါကိုငါကတစ်မျိုးတွေလျှောက် ထင်မိသေးတယ်။တော်သေးတယ်ရိပေါ်ကိုဒီကြားထဲထုတ်မမေးမိလို့'

ရိပေါ်မှာတော့စပြီးမိတ်ဆက်ပေးပြီးကတည်းကိုကရှောင်းကျန့်ကိုပဲငေးကြည့်နေမိတာ။အခုလည်းရှောင်းကျန့်ရှက်နေတာလေးမြင်တော့ဆဲွဖက်ချင်တာမှအသည်းတွေကိုယားလို့။ဟောက်ရွှမ်းရှိနေလို့။မဟုတ်ရင်ကောကသူ့ရင်ခွင်ထဲရောက်နေလောက်ပြီ။

You Are My Soulmate (Completed)Where stories live. Discover now