Episode - 22 ⚠🔞

10.7K 533 14
                                    

Unicode Version

ရိပေါ်company ကနေအိမ်ကိုပြန်ရောက်တော့ည၇နာရီကျော်နေပြီ။ရှောင်းကျန့်ကိုရှာလိုက်တော့အရင်ပြန်ရောက်နေတဲ့ရှောင်းကျန့် က TV ဖွင့်ပြီးဟာသအစီအစဉ်တစ်ခုကိုအားရပါးရထိုင်ကြည့်နေတယ်။

ရိပေါ်ဝင်လာတာမြင်ပေမယ့်ရှောင်းကျန့်ကရိပေါ်ကိုမျက်လုံးနဲ့တစ်ချက်သာဝေ့ကြည့်ပြီးTV ကိုပြန်ကြည့် ကာ

"ရိပေါ်...ပြန်လာတာစောသားပဲ။ကောကမင်းကိုဒီ့ထက်နောက်ကျမယ်လို့ထင်နေတာ"

ရိပေါ်ရှောင်းကျန့်ရဲ့အမေးကိုပြန်မဖြေဘဲတစ်ယောက် ထိုင်ဆိုဖာထိုင်ခုံပေါ်ကိုဝင်ထိုင်လိုက်ပြီးလည်ပင်းကနတ်ကတိုင်ကြိုးကိုအနည်းငယ်အောက်သို့ဆဲွချကာတင်းကျပ်နေတာကိုဖြေလျော့လိုက်ပြီးရှောင်းကျန့်ကိုသာစူးစူးစိုက်စိုက် နဲ့ထိုင်ကြည့်နေလိုက်တယ်။

ရှောင်းကျန့်ကသူလှမ်းမေးလိုက်ပေမယ့်အဖြေပြန်မပေးတဲ့ရိပေါ်ကြောင့်ရိပေါ်ရှိတဲ့နေရာကိုတစ်ချက်ထပ် ကြည့်လိုက်တော့သူ့ကိုစူးရဲတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်နေတဲ့ရိပေါ်ကြောင့်နည်းနည်းတောင်လန့် ချင်ချင်ဖြစ်သွားတယ်။

'ဘာလဲဟ ငါလည်းဘာအပြစ်မှမလုပ်ထားဘဲနဲ့ဘာလို့ငါ့ကိုဒီလိုမျိုးလာကြည့်နေရတာတုန်း'လို့စိတ်ထဲကတွေးလိုက်ပေမယ့်လက်တွေ့မှာတော့

"ရိပေါ် အဝတ်အစားအရင်သွားမလဲဘူးလား"
ရိပေါ်ကနှုတ်မှပြန်မဖြေဘဲသူ့ကိုခေါင်းသာခါပြတယ်။

"ဪသိပြီ။အခုမှအပြင်ကပြင်လာတော့မင်းမောလာတာနေမယ်။ငါမင်းသောက်ဖို့ရေသွားခပ်ပေးမယ်"

ဆိုပြီးပြောပြောဆိုဆိုနဲ့ရေတစ်ခွက်ခပ်ကာရိပေါ်ရှေ့ကိုချပေးလိုက်တော့ရိပေါ်ကသူလုပ်သမျှမျက်စိဒေါက်ထောက်ကြည့်နေရင်းကနေမှ

"အချစ် TV remote ပါယူပြီးမောင့်ဆီကိုလာပါဦး"

ရိပေါ်စကားကြောင့်ရှောင်းကျန့်ရေခွက်ကိုအရင်ချပေးပြီးမှ TV remote ပါပြန်ယူပြီးရိပေါ်ရှေ့မတ်တပ်ရပ် လိုက်ကာ

"အွန့် ဒီမှာ။ဘယ်လိုင်းပြောင်းကြည့်ချင်လို့လဲရော့"

ဆိုတော့ရိပေါ်ကသူ့လက်ထဲကTV remote ကိုဖြတ် ခနဲလှမ်းယူပြီးTVကိုပိတ်ပစ်လိုက်တယ်။ပြီးတာနဲ့အဲ့remote ကိုခမ်လှမ်းလှမ်းကထိုင်ခုံပေါ်ကိုလှမ်းပစ် တင်လိုက်ပြီးရိပေါ်ကထိုင်နေရာကနေဆတ်ခနဲထလိုက်ကာရှောင်းကျန့်ရဲ့ခန္ဓာကိုယ်လေးကိုစွေ့ခနဲကောက် ပွေ့ပြီးသူ့ကိုယ်ပေါ်ကိုခွထိုင်ရက် အနေအ ထားဖြစ်အောင်ဆဲွတင်လိုက်တယ်။

You Are My Soulmate (Completed)Where stories live. Discover now