Episode - 11

7K 596 49
                                    

Unicode Version

ရှောင်းကျန့်ကားထဲကိုရောက်တာနဲ့ရိပေါ်ကရှောင်းကျန့်ရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့ဆဲွယူပြီးသူ့မျက်နှာနဲ့နီးကပ်စေလိုက်တယ်။

ရှောင်းကျန့်မှာရုတ်ချည်းဆိုသလိုပြောင်းလဲသွားတဲ့အခြေအနေတွေကိုလိုက်မှီဖို့ကိုအခုထိစိတ်နဲ့ကိုယ်နဲ့မကပ်သေးတဲ့အတွက်ရိပေါ်ပြုသမျှကိုနုနေရတယ်။လက်ခံတာတွေ၊ငြင်းဆန်တာတွေလုပ်ဖို့အသိမျိုးသူ့မှာမဝင်သေးဘူး။ရိပေါ်နှုတ်ခမ်းနဲ့သူ့နှုတ်ခမ်းနဲ့ထိမိတော့မယ့်အချိန်အထိကိုမျက်လုံးလေးပြူးပြီးရိပေါ်ကိုကြောင်ကြည့်နေမိတယ်။

ရိပေါ်လည်းရှောင်းကျန်မရုန်းတာကိုအခွင့်ကောင်းယူပြီးရှောင်းကျန့်ရဲ့နှုတ်ခမ်းကိုနမ်းဖို့သူ့မျက်လုံးကိုမှိတ်လိုက်တယ်ဆိုရင်ပဲသူ့ဖုန်းကကျယ်လောင်စွာထမြည်လာတယ်။ဆက်တဲ့သူကဘယ်သူလဲဆိုတာခန့်မှန်းမိသွားတဲ့ရိပေါ်ကမကိုင်လို့မရမှန်းသိတာနဲ့ရှောင်းကျန့်မျက်နှာကိုကိုင်ထားတဲ့သူ့လက်တွေကိုပြန် ရုတ်လိုက်ပြီး

"ဟုတ်ကဲ့ကော"

တစ်ဖက်ကဝမ်ဟိုက်ခွမ်းမှာလည်းDinner Party သွားဖို့စထွက်မယ်ဆိုကာမှရိပေါ်ကကောင်လေးတစ်ယောက်နဲ့စကားအခြေအတင်ပြောပြီးပါသွားတယ်။ပြေပြေလည်လည်နဲ့ထွက်သွားပုံမရတာမို့စိတ် အနည်းငယ်ပူနေတဲ့အပြင် ခဏဆိုပြီးအခုချိန်ထိပေါ်မလာသေးတာကြောင့်မစောင့်နိုင်တော့ဘဲဖုန်းလှမ်းဆက်လိုက်တယ်။

"အေး ရိပေါ်။ဘာလုပ်နေတာလဲ ပဲွစမယ့်အချိန်ရောက် တော့မယ်။မြန်မြန်လာတော့"

"ဟိုလေ ကောစိတ်တော့မရှိနဲ့။ကျွန်တော်မလိုက်ဖြစ် တော့ဘူးကော။​အကြောင်းစုံကိုကျွန်တော်နောက်မှသေချာရှင်းပြမှာမို့လောလောဆယ်ကောသွားစရာရှိတာကိုပဲသွားလိုက်တော့နော်။"

"မင်းအဲ့ဒီ့မှာပြဿာနာတစ်ခုခုဖြစ်နေတာလား။ကောကိုမညာနဲ့နော်"

"အာ ဘာပြဿာနာမှမဖြစ်ဘူး။ကောကိုလည်းမညာရပါဘူး။တကယ်ပြောတာ။ဒါပဲနော်ကော။အိမ်ရောက်မှတွေ့မယ်။"

ဆိုပြီးဖုန်းကိုအမြန်ချသွားတော့ဝမ်ဟိုက်ခွမ်းမှာအတွေးများစွာနဲ့တစ်ယောက်တည်း Dinner Party ရှိတဲ့နေရာကိုမောင်းထွက်သွားတော့တယ်။

You Are My Soulmate (Completed)Where stories live. Discover now