Episode - 5

6.4K 581 14
                                    

Unicode Version

ဒီနေ့မနက်ရိပေါ်ရုံးရောက်တော့ ရှောင်းကျန့်ကိုမျှော်နေတာ။သူ မနေ့က စားလို့အဆင်ပြေတယ်ဆိုလို့ Breakfast ကိုနောက်တစ်မျိုးပေါင်မုန့်မီးကင်လေးယူလာတာပေးချင်လို့။အရင်ကဆိုရိပေါ်အဲ့လိုတွေတကူးတကယူလာပေးဖို့နေနေသာသာမားကလမ်းကြုံလို့ပစ္စည်းတစ်ခုခုမှာခဲ့ရင်တောင် သယ်ရမှာပျင်းလို့ဘယ်တုန်းကမှဝယ်သွားခဲ့ဖူးတာမဟုတ်ဘူး။အခုတော့သူ့မှာအသည်းအသန်တွေမားကိုမနက်စာကိုဗူးနဲ့သီးသန့်ထည့်ပေးဖို့ပြောပြောနေလို့မားတောင် သံသယဝင်နေပြီ။

ငါ့သားငယ်အလုပ်မှာများတွေ့နေပြီလားမသိဘူးတဲ့။ဖြေဖို့ခက်တာကြောင့်ဘာမှပြန်မပြောဘဲငြိမ်ငြိမ်လေးပဲနေနေလိုက်တော့တယ်။ကိုယ့်ဝေဒနာကိုယ်သာအသိဆုံးမို့။

ဒါနဲ့နေပါဦး။အခုမနက်၉နာရီတောင်ခဲွနေပြီလေ။ရိပေါ်သိသလောက်ရှောင်းကျန့်ရုံးတက်တာတစ်ခါမှအဲ့လောက်ထိနောက်မကျဖူးဘူးလို့ထင်တာပဲ။

အခုမှသတိတရနဲ့ကျဲချင်စုရှေ့ကိုလှမ်းကြည့်တော့ရှောင်းကျန့်အတွက်ကော်ဖီလည်းဖျော်မထားဘူး။ရိပေါ်လည်းမနေနိုင်တာနဲ့ကျိရန်ကောကိုကပ်မေးလိုက်ကာမှကျန့်ကောကရုံးချုပ်မှာအစည်းအဝေးသွားတက်တယ်တဲ့။အပြန်ကြရင်လည်းEconomics seminar တစ်ခုကိုဆက်သွားရမှာမို့ဒီနေ့ရုံးကိုမလာဖြစ်ဘူးတဲ့။

ကျိရန်ကောရဲ့အဖြေကိုကြားပြီးရိပေါ်တစ်ယောက် ကတစ်ကိုယ်လုံးမှာရှိတဲ့ခွန်အားတွေဆုတ်ယုတ်သွားသလိုခံစားလိုက်ရတယ်။မနက်ဖြန်တနင်္ဂနွေမို့ဒီနေ့ဒီလူရဲ့မျက်နှာလေးကိုအဝကြည့်မယ်ဆိုတဲ့စိတ်ကူးလည်းလုံးဝပျက်စီးသွားခဲ့ပြီ။ကျနေတဲ့စိတ်ဓာတ်နဲ့ပဲကိုယ်လုပ်ရမယ့်အလုပ်ကိုအတတ်နိုင်ဆုံးအာရုံစိုက်ပြီးလုပ်နေရတယ်။

နေ့လည်စာလည်းစားချင်စိတ်မရှိဘူး။ရင်ခံနေလို့။ကျိရန်ကောထမင်းသွားစားတာလည်းလိုက်မသွားဖြစ် တော့ဘူး။စိတ်ပေါက်ပေါက်နဲ့မနက်ကရှောင်းကျန့် အတွက်ယူလာတဲ့ပေါင်မုန့်မီးကင်တွေပဲထိုင်စားပစ်လိုက်တယ်။ပြီးတော့ဟောက်ရွှမ်းဆီဖုန်းခေါ်ပြီးညနေBarမှာဆုံဖို့လှမ်းချိန်းလိုက်တယ်။မရတော့ဘူးတစ်ယောက်ယောက်ကိုတော့ရင်ဖွင့်ရမှဖြစ်တော့မှာမို့လို့။

You Are My Soulmate (Completed)Where stories live. Discover now