Extra - 2 (Wang x Wang = Together)

3.3K 203 20
                                    

Unicode Version

အရင်တုန်းကရုံးတစ်ခုတည်းမှာအချိန်တွေအကြာကြီးအလုပ်အတူတူလုပ်ခဲ့ပေမယ့်လည်းသူဌေးနဲ့သာမာန် ဝန်ထမ်းဖြစ်တာမို့အခေါ်အပြောတောင်မရှိခဲ့တဲ့ဝမ်ဟို က်ခွမ်းနဲ့ဝမ်ကျိုးချန်ကအခုရိပေါ်နဲ့ရှောင်းကျန့်ရဲ့ကျေး ဇူးကြောင့်အတော်လေးကိုရင်းနှီးနေတဲ့အဆင့်ရောက် နေပြီ။

​မကြာခဏဆိုသလိုအကြောင်းအမျိုးမျိုးနဲ့ကျိုးချန်ကဟိုက်ခွမ်းတို့အိမ်ကိုလိုက်အိပ်လိုက်၊မနက်ကျတော့လည်းတစ်ခါရုံးကိုအတူသွား၊မနက်စာအတူစားနဲ့အိပ် ရေးပျက်လည်းအတူတူတွေများလာတော့တစ်သက်နဲ့တစ်ကိုယ်အလုပ်ကလဲွပြီးတခြားဘာကိုမှစိတ်မဝင် စားခဲ့တဲ့ဟိုက်ခွမ်းတစ်ယောက်ကျိုးချန်အပေါ်ကိုစိတ် ယိုင်စပြုလာတယ်။

သူ့အိမ်မှာလိုက်အိပ်လို့ကျိုးချန်ကသူ့ကိုယောင်ပြီးဖက် ထားရင်လည်းပြန်မလွှတ်ပေးချင်တော့ဘူး။ကျိုးချန် လက်မအားလို့ဆိုတဲ့အကြောင်းပြချက်နဲ့သူကျိုးချန်ကိုအစားအသောက်တွေခွံ့ကျွေးရတာကိုလည်းသဘော ကျလာတယ်။ကလေးဝေယျာဝစ္စတွေလုပ်ရင်းသူမလုပ်တတ်လို့ကျိုးချန်ဆီကနေပြစ်တိုးပြစ်တင်တွေပြောတာခံရရင်လည်းအရင်လိုဒေါသမထွက်မိတော့ဘဲနားဝင်တောင်ချိုနေသေးတယ်။

​ပုံမှန်အတိုင်းသွားအတူ၊စားအတူနဲ့အဆင်ပြေနေရင်းကနေပြဿာနာကကျိုးချန်ရဲ့အဖေနေမကောင်းဖြစ် ပြီးဆေးရုံတင်ရလို့ကျိုးချန်ရုံးကခွင့်တစ်ပတ်ယူရာကနေစတော့တာပါပဲ။ကျိုးချန်နဲ့နေ့တိုင်းမိုးလင်းမိုးချုပ် အတူရှိနေရာကနေရုတ်တရတ်အကြာကြီးမတွေ့ဘဲနေလိုက်ရတော့ဟိုက်ခွမ်းတစ်ယောက်အရာရာကိုစိတ်အလိုမကျဖြစ်ကာညဘက်တွေရောက်လည်းနှစ် နှစ်ခြိုက်ခြိုက်နဲ့မအိပ်နိုင်တော့ဘူး။

ကျိုးချန်ရှိတဲ့ဆီကိုလိုက်သွားချင်ပေမယ့်ကျိုးချန်ကလည်းသူ့ကိုအားနာလို့ထင်တယ်။တစ်ခါပဲအလာခံပြီးနောက် အခေါက်တွေကျဖုန်းဆက်တိုင်းမလာဖို့ပဲပြောနေတာမို့ဒီနေ့ကျိုးချန်ရုံးပြန်တက်တဲ့ပထမဆုံးနေ့မှာဟိုက်ခွမ်းရင်ထဲကစကားတွေကိုဆက်ပြီးမမြိုသိပ်နိုင် တော့တဲ့အဆုံးကျိုးချန်ကိုဖွင့်ပြောဖို့သတ္တိမွေးပြီးနေ့လည်စာစားချိန်Company ရှေ့ကပန်းခြံကိုလာခဲ့ဖို့ချိန်းလိုက် တယ်။

You Are My Soulmate (Completed)Where stories live. Discover now