Episode - 2

10.1K 743 8
                                    

Unicode Version

ပုံမှန်အတိုင်းမနက်၇နာရီထိုးတော့alarm သံကြောင့်ရိပေါ်အိပ်ယာနိုးလာတယ်။ဒီနေ့တော့မနေ့ကလိုပျင်းရိမနေတော့ဘူး။တက်တက်ကြွကြွပဲအိပ် ယာကထကာ ကိုယ်လက်လှုပ်ရှားမှု ခဏလုပ်ပြီးရေချိုးတယ်။ပြီးတာနဲ့လုပ်ငန်းခွင်နဲ့လိုက်ရောညီထွေရှိမယ့်အဝတ်စားမျိုးရွေးဝတ်ကာကျောပိုးအိတ် ကောက်လွယ်ပြီးအောက်ထပ်ကိုဆင်းလာလိုက် တယ်။

                 ပါးနဲ့မားကမနက်စာစားနေကြပြီ။ကောကိုမတွေ့လို့မေးလိုက်တော့မနက်ပိုင်း ဧည့်သည်တစ် ယောက်နဲ့ချိန်းထားလို့နောက်ကျမှာစိုးလို့စောစောထွက်သွားတယ်တဲ့။ကောကအမြဲအဲ့လိုပဲ။​သူများသူ့ကိုစောင့်နေရမှာမျိုးတွေသိပ်အားနာတတ်တာ။

                    ဒီနေ့Breakfast ကိုတော့မားကကော်ဖီနဲ့အသားညှပ်ပေါင်မုန့်လုပ်ပေးထားတယ်။ရိပေါ်မားလုပ်ပေးတဲ့မနက်စာကိုစားပြီးရုံးကိုခပ်စောစောပဲထွက်လာလိုက်တယ်။Company ရောက်တော့မနက်၈နာရီခဲွပဲရှိသေးတာမို့ရုံးခန်းရှိတဲ့အထပ်ကိုတန်းမသွားဘဲအောက်ထပ်မှာရှိတဲ့ဆိုင်တွေကိုလှည့်ပတ်ကြည့်လိုက်တယ်။စားသောက်ဆိုင် တော်တော်များတယ်။တရုတ်စားသောက်ဆိုင်၊ဂျပန် အစားစာဆိုင်၊ကိုရီးယားအသားကင်ဆိုင်၊ဟော့ပေါ့ဆိုင်နဲ့ခေါက်ဆဲွဆိုင်တွေ။ပြီးတော့ကော်ဖီနဲ့ကိတ် ရောင်းတဲ့ဆိုင်၊အဝတ်စားအသုံးဆောင်ပစ္စည်းဆိုင် အချို့တွေ့တယ်။ရပြီဒီလောက်သိရရင်အဆင်ပြေပြီဆိုပြီးရုံးခန်းရှိတဲ့အထပ်ကိုလျှောက်လာလိုက်တယ်။ရုံးခန်းရှေ့ရောက်တော့၈နာရီနဲ့မိနစ်၅၀။

                   အခန်းလေးတွေသပ်သပ်စီဖဲွ့ထားတာကြောင့်ဘယ်အခန်းထဲဝင်ရမလဲစဉ်းစားနေတုန်းမနေ့ကအင်တာဗျူးလာဖြေတုန်းကနာမည်စာရင်းလာကောက်တဲ့ကောင်မလေးကရိပေါ်ကိုတွေ့သွားပြီးမှတ်မိသွားဟန်နဲ့ "အယ် မနေ့ကအင်တာဗျူးလာဖြေတဲ့အကို။ဒီအထဲကဧည့်ခန်းထဲမှာခဏထိုင်စောင့်ပေးပါနော်။ညီမတို့Manager လာရင်လာခေါ်ပေးပါ့မယ်ရှင့်"ဆိုပြီးယဉ်ယဉ်ကျေးကျေးပြောလာတော့ရိပေါ်လည်းသူညွှန်ပြတဲ့နေရာမှာပဲသွားပြီးစောင့်နေလိုက်တယ်။

You Are My Soulmate (Completed)Where stories live. Discover now