Arc-4.2

4.8K 426 23
                                    

အခုဆိုရင် ရမ်နဲ့ အော်လန်တို့မောင်နှမနှစ်ယောက် အတူတူထွက်လာခဲ့ကြတယ်..ရမ်ကတော့ အော်လန်ကိုပဲစိုက်ကြည့်နေလေတယ်..အော်လန်သူ့ကိုစိုက်ကြည့်နေတာ မနေတက်တော့ပဲ ရမ်ရဲ့ ခေါင်းကို ဖြတ်ရိုက်ကာ..

" ဟိတ်ကောင် ရမ် မင်းဘာလို့ငါ့ကို စိုက်ကြည့်နေတာလည်းကွ.,.."

" ဟာ....ဖြေးဖြေးရိုက်ပါကွ နာတယ်..."

" နာတာတော့သိတယ်ပေါ့.. ဟုတ်လား..ကဲငါ့ကို ဘာလို့ စိုက်ကြည့်နေတာလည်းပြော...."

" မင်းပြောင်းလဲသွားတယ်...ပြီးတော့ ငါအရင်ကသိခဲ့တဲ့ အော်လန်ရော်..ဟုတ်ရဲ့လားလို့ ..."

" ချီးပဲ သိလား...ပြောပါအုန်း..ငါကအော်လန်မဟုတ်ရင် ဘယ်သူလည်း​ပြော.."

" ဟား...ငါနောက်တာပါကွာ မင်းတို့ပျင်းနေမှာဆိုးလို့...ဒါနဲ့ငါတို့အခုဘယ်သွားမှာလည်း.."
ရမ်မေးလိုက်တော့ ကလေးမလေးကလည်း..သူ့ကိုကိုရဲ့ လက်ကိုတို့ရင်..

" ကိုကို ညီမတို့ဘယ်မှာနေမှာလည်း.."

တကယ်တော့..အော်လန် လည်းဘယ်သွားရမလဲမသိပေ ဒီတိုင်းအဲ့နေရာမှာ မနေချင်လို့ ထွက်လာခဲ့တာ...အခုတော့..ဘယ်နေရာကိုပဲ ကြည့်ကြည့် ပျက်စီးနေတဲ့ တိုက်တွေပဲ.ဟူး...

" ကိုကိုတို့လား..အရင်ဆုံးနားလို့ရမဲ့ နေရာလေး ရှာကြမယ်လေ..ပြီးတော့မှ..ကျန်တာကို စဥ်းစားတာပေါ့...ဟွားလေးလည်း..ညောင်းနေပြီလား...."

" ဟွားလေး မညောင်းပါဘူး..လမ်းလျောက်လို့ရသေးတယ်..."

အော်လန်ကတော့ စကားတက်လွန်းလှတဲ့ ညီမလေးကို ကြည့်ပြီ အပျော်လွန်နေလေတယ်..သေချာတာပေါ့ မောင်နှမနှစ်ယောက်ကတော့ စကားပြောနေပေမဲ့ လူတစ်ယောက်ကို တော့သူတို့တွေမေ့ထားလေတယ်...

ငါရဲ့ ဘဝကဆိုးတာ ငါရှိတယ်လို့တောင်ထင်ရဲ့လား..မသိဘူး..

" မောင်နှမနှစ်ယောက်ငါရှိသေးတယ်နော်..ငါ့ကိုရော သတိရရဲ့.."
ရမ်မေးလိုက်တော့...မောင်နှမနှစ်ယောက်လုံးက လှည့်ကြည့်တော့ ရမ်သူ့ကို နှစ်သိပ့်ပေးမယ် ထင်ပြး စောင့်​ေနပေမဲ့ ဟွားလေ ပြောလာတဲ့စကားက..သူ့ရဲ့ နှလုံးသားလေးကို နင်းချေလိုက်လေတယ်....

Arc-4(အော်လန်စတား)Where stories live. Discover now