Arc-4.6

4.2K 408 17
                                    

ဒီလိုနဲ့ ၅ယောက်လုံး xxစခန်းကို ရောက်လာကြတယ်..စခန်းရှေ့မှာဆိုရင် ဗလတောင့်တောင့်နဲ့ လူနှစ်ယောက်စောင့်နေတယ်..သူတို့နှစ်ယောက်က အော်လန်တို့၅ယောက်ကိုမြင်ရော သတိအနေအထားနဲ့နေကာ..သူတို့ထဲကနေ ခရစ်ခ်နဲ့ လန်ဒါကိုမြင်ရော မျက်လုံးအရောင်လက်လာပြီး....ပြေးကြိုကြတယ်...

" သခင်တို့ရောက်လာကြပြီပဲ..သခင်ကြိးကသခင်လေးတို့ နှစ်ယောက်ကို မျှော်နေတယ်..."
နှစ်ယောက်ထဲက တစ်ယောက်ကပြောလိုက်ပြီး အော်လန်တို့ကိုလည်း မြင်ရော...

" သခင်လေးသူတို့က..."

ခရစ်ခ်ဆိုတဲ့ အကြီးကောင်က ချောင်းဟန့်ကာ သူတို့နှစ်ယောက်နားကို ကပ်ပြီး တိုးတိုးလေးနဲ့

" မင်းတို့အထဲကသူတွေကို သွားပြောလိုက်သူတို့သုံးယောက်ကို ကောင်းကောင်း ဆက်ဆံခိုင်းကြားလား..မကြာခင် သူတို့ကငါတို့နဲ့ အမျိုးတော် တော့မှာ..."

အစောင့်နှစ်ယောက်ကလည်း ပါးနပ်ကာ ခေါင်းကို အဆက်မပြတ်ညိမ့်ပြီး...အော်လန်တို့သုံးယောက်ကို မျက်နှာချိုသွေးလေတယ်..

" ဒီကသခင်လေးတို့ ကျေးဇူးပြုပြိး ကြွကြပါ ဒီစခန်းက အကောင်းတကာအကောင်းဆုံးစခန်းပါ..."
လို့ပြောပြီး သူ့နောက်လိုက်ခိုင်းလေတယ်...ခရစ်ခ်နဲ့အန်ဒါကလည်း...သူတို့နှစ်ယောက်သွားစရာရှိတယ်လို့ပြောပြီး... အစောင့်နှစ်ယောက်ရဲ့ နောက်ကိုလိုက်ခိုင်းဒါကြောင့် အော်လန်တို့လည်း လိုက်သွားတယ်...

ခရစ်ခ်နဲ့ အန်ဒါက သူတို့ရဲ့အဖေအခန်းကို သွားလေတယ်...တံခါးခေါက်ပြီ အထဲဝင်တော့ ပစ္စည်းတွေသူတို့ဆီကို ပျံလာလေတယ်...အ...နှစ်ယောက်စလုံး ပျံသန်းလာတဲ့စာအုပ့်နဲ့ ထိပြီး နာကျင်နေတာကြောင့်..ညည်းလိုက်တယ်...

သူတို့နာသွားတဲ့ နေရာကိုလက်နဲ့ချေကာ အရှေ့မှာ ဒေါသထွက်ပြီး မျက်နှာ တစ်ခုလုံးနီးရဲနေပြီး သူတို့နှစ်ယောက်ကို မျက်ထောင့်နီဖြင့်စိုက်ကြည့်နေတဲ့ လူကြီးကိုကြည့်ကာ သတွေးတောင် မနဲမျိုချရတယ်..ဂလု....
ညီအကိုနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အရှေ့ကလူကြီးကို ဘယ်လို စိတ်ပြေအောင်လုပ့်ရမလဲ စဥ်းစားနေကြတယ်

Arc-4(အော်လန်စတား)Where stories live. Discover now