Arc-4.9

4.1K 402 17
                                    

နံနက်ခင်းနေရောင်ခြည်လေးဟာ ပြတင်းပေါက်ငယ်လေးကနေတဆင့် ကုတင်ပေါ့မှာတစ်ဦးနဲ့တစ်ဦး ဖတ်အိပ့်နေတဲ့ ကောင်လေးနှစ်ယောက်ပေါ်ကို ဖြာကျလေတယ်...
ဆံပင်အနက်ရောင်နဲ့ကောင်လေးဟာ သူရင်ခွင်ထဲက ဆံပင်အဖြူရောင်နဲ့ကောင်လေးကို ရတနာတစ်ဖွယ် ဖက်ထားလေတယ်....

ဆံပင်အဖြူရောင်ကောင်လေးက သူ့ကိုတစ်ယောက်ယောက်အတင်းအကျပ့်ဖတ်ထားသလိုခံစားရတဲ့အတွက် နိုးလာလေတယ်..မျက်လုံးကိုချက်ချင်းဖွင့်မိတဲ့အတွက် အလင်းရောင်စူးသွားပြီး မျက်လုံးကိုပြန်မှိတ်လိုက်ရတယ်..ပြီးမှဖြေးဖြေးလေး ပြန်ဖွင့်လိုက်တယ်...

သူမျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ယောကျာ်းပီသပြီး ချော်မော်လှတဲ့မျက်နှာ ကိုမြင်လိုက်ရတဲ့ တစ်ခနမှာပဲ အော်လန်သူငေးမော်ကြည့်မိတယ်..အဲလစ်သူ့ဘေးနားဘာကြောင့်ရောက်လာတာလည်း ဆိုတာကိုမစဥ်းစားမိတော့ပဲ အရှေ့ကလူသားကို စိုက်ကြည့်မိတယ်...အရှေ့ကလူသားနိုးလာမှသာ သူထအော်လိုက်တယ်...

" အား.....အဲလစ်မင်းဘယ်လိုလုပ့် ငါကုတင်ပေါ်ရောက်နေတာလည်း.... "
အော်လန်အော်လိုက်မှ အဲလစ်လုံးလုံးကို နိုးလာတယ်..သူမျက်လုံးဖွင့်ဖွင့်ချင်း အော်လန်ကိုမြင်လိုက်ရတဲ့ အတွက်မပြုံးပဲမနေနိုင်ချေ... အော်လန်ကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းကာ နှဖူးကို နမ်းပြီ...

" morning ပါအော်လန်ချစ်လေး...."

အဲလစ်အဲ့လိုလုပ့်တဲ့ အတွက်အော်လန်ရင်တွေခုန်ကာ မျက်နှာတစ်ပြင်လုံးပန်းရောင်သန်းကာ ရှက်သွေးဖြာလေတယ်..အဲလစ်ကိုလည်း စကားထစ်ထစ်နဲ့

" ဘာ..ဘာကို..အချစ်လေးလည်း....မင်း..မင်းကိုအ..အဖြေမပေးရသေးဘူး...."
ဆိုပြီးပြန်ရန်တွေ့လေတယ်...
အဲလစ်ကတော့ အော်လန်ရဲ့ ဒီပုံစံလေးကိုကြည့်ပြီး အသံထွက်ကာ အော်ရယ်လိုက်တယ်..
သူအဲ့လိုရယ်တော့ အော်လန်ပိုရှက်သွားပြီး အဲလစ်ရဲ့ ရင်ခွင်ထဲကနေ ထွက်သွားဖို့ပြင်ပေမဲ့....

အဲလစ်ကထွက်မသွားနိုင်အောင် အသေဖက်ထားပြီ...
" ဟား.....တောင်းပန်ပါတယ်ကွာ..အော်လန်ရယ်..ကိုယ်မစတော့လေနော်..စိတ်မဆိုးပါနဲ့ကွာ..."
အဲလစ်အဲ့လိုပြောမှအော်လန်ပြန်ငြိမ်သွားလေတယ်...

Arc-4(အော်လန်စတား)Where stories live. Discover now