Arc4.4

4.2K 438 29
                                    

အော်လန်ချက်စရာရှိချက်ပြုတ်ပြီး..သုံးယောက်သား အတူတူနေ့ခင်းစာစားနေကြတယ်..အော်လန်မနက်က အိပ့်ပျော်သွားတဲ့အတွက် အခုသူတို့စားနေတာ နေ့ခင်းစာဖြစ်သွားတယ်....စားနေတုန်းဟွားလေးက သူ့ကိုယ်က ထူးဆန်းနေတဲ့ အဖြစ်ပြတ်ကို အော်လန်ကိုပြောပြလေတယ်...

အော်လန်က စွမ်းအားထွက်ပေါ်လာတဲ့ အတွက်ကြောင့်လို့ပြောပြိး စွမ်းအားကိုဘယ်လိုယူရမယ် ဘယ်လိုသုံးရမယ်ဆိုတဲ့ အကြောင်း ရှင်းပြမယ်..သူတို့အမြူတေတွေလိုအပ်တဲ့ အတွက်ကြောင့် စားသောက်ပြိး..
zomibe တွေဖမ်းဖို့ အတွက်ထွက်ခွာလာခဲ့ကြတယ်...

သူတို့တစ်နာရိလောက် လျောက်လာတော့ အရှေ့မှာ zomibe အုပ်စုကို တွေ့တဲ့ အတွက်ကြောင့် ဟွားလေးကိုပုန်းခိုင်းထားပြိး သူနဲ့ ရမ်ကတော့ zomibe တွေသတ်ဖြတ်ဖို့ အတွက် သွားကြတယ်..ဟွားလေးက လည်းသူတို့နှစ်ယောက်နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့တယ်...ကျော်ပိုးအိတ်ထဲက ဓားတိုလေးတစ်ချောင်းကို ထုတ်ပြိး လက်ထဲမှာကျစ်ကျစ်ပါအောင် ကိုင်ထားပြီး..

" ဒီတစ်ခါတော့ ကိုကို ကိုရအောင်ကာကွယ်မယ်..."
ဆိုပြီး ဟွားလေဆုံးဖြတ်ချက်ခိုင်မာစွာချလိုက်တယ်...

တကယ်တော့ ဟွားလေကပြန်လည်မွေးဖွားလာခဲ့တာ..အရင်တုန်းကသူရယ် ကိုကိုရယ် ပျော်ပျော်ရွင်ရွင်နဲ့ လူတွေကိုကယ် ဒဏ်ရာရနေတဲ့သူတွေကိုရော ကူညီပေးခဲ့ကြတယ်..အကုန်လုံးကလည်း..သူတို့နှစ်ယောက်ကို ချစ်ခင်လေးစားကြတယ်..ဒါပေမဲ့ဒါတွေဟာ ကြာကြာမခံဘူး..

လီလီလို့ခေါ်တဲ့ မမလည်းရောက်လာရော အကုန်လုံးပြောင်းလဲလာခဲ့တယ်...ကိုကိုက မမလီလီကိုကြိုက်နေတာလည်း..ဟွားလေးသိတယ်..သိလို့ကို လီလီဆိုတဲ့ မမကို ဂရုစိုက်ပေးတယ်..သူမလိုချင်တာကို ရအောက်လုပ့်ပေးတယ်..အမြူတေလိုချင်ရင်လည်း..သူများတွေစိကနေတောင် တောင်းပေးတယ်...

ဒါပေမဲ့ပြန်ရလာတာတွေက ဟွားလေးတို့ကို zomibe တွေရှိတဲ့ ထဲကို ထားခဲ့ကြတယ်..ဟွားလေးတို့နှစ်ယောက်ကို ထားခဲ့ဖို့အကြံပေးတာ မမလီလီတဲ့ လေဘယ်လိုဟာသမျိုးလည်းကြည့်အုန်း.. ဟွားလေးတို့ မောင်နှမနှစ်ယောက်က စွမ်းအားမရှိပေမဲ့ သူတို့တွေကို ကူညိခဲ့တယ်...

Arc-4(အော်လန်စတား)Where stories live. Discover now