Arc-4.8

4.3K 400 14
                                    

" ဇေ လိမ်မာတယ်နော် ထတော့ ထမင်းသွားစားမယ်လာ....."
အသက်၇နှစ်အရွယ်လောက်ရှိတဲ့ ကောင်ဘေးက သူ့အရှေ့မှာ မျက်နှာလေး ဆူပုတ်နေတဲ့ ၆နှစ်အရွယ်ကောင်လေး တစ်ယောက်ကို ချော့မော့ကာ ထမင်းစားဖို့ ခေါ်နေပေမဲ့ ၆နှစ်အရွယ်ကောင်လေးကတော့...

" စားဘူး.. ထမင်းစားရတာမကြိုက်ဘူး..သန့် ကျွန်တော် မစားချင်သေးဘူးနော် နော်လို့ သန့်ရေ နော်လို့..."
အရှေ့ကချော့နေတဲ့ ကောင်လေးကို ကပ်ချွဲလေတယ်..ထမင်းမစားချင်တဲ့ အတွက်..

ဇင်ဆိုတဲ့ကောင်လေးက သန့်ဆိုတဲ့ကောင်လေးကို ချွဲကာပြောနေတော့ သန့်ဆိုတဲ့ကောင်လေးကပဲ နောက်ဆုံးတော့ အလျော့ပေးလိုက်ရလေတယ်...ဇင်ဆိုတဲ့ကောင်လေးက ပျော်သွားပြီ သန်ဆိုတဲ့ကောင်လေးရဲ့ ပါးလေးကို နမ်းပြီး တခြားကလေးတွေနဲ့ ဆော့ဖို့အတွက် ထထွက်သွားလေတယ်....

သန့်ဆိုတဲ့ကောင်လေးကတော့ ဇင်နမ်းသွားတဲ့ ပါးလေးကို ကိုင်ကာ ပြုံးမိတယ်...ပြီးတော့လည်းသူ့ကို သေချာကြည့်မယ်ဆိုရင် သန့်ဆိုတဲ့ကောင်လေးရဲ့ နားနှစ်ဖက်လုံးနီနေတာကို မြင်ရပါလိမ့်မယ်...သန့်ဆိုတဲ့ကောင်လေးက အသံတိုးတိုးလေးနဲ့ ပြောလိုက်တဲ့ စကားကိုဘယ်သူမှကြားလိုက်မှာ မဟုတ်ပေ...
" ငါမင်းကို အပိုင်လိုချင်မိတယ်...."

ထိုစကားကို သူတစ်ယောက်ထဲကြားနိုင်လောက်တဲ့အထိပဲ ပြောလေတယ်...သန့်တစ်ယောက်ထဲပြောနေတုန်း အဝေးကနေ ဇေဆိုတဲ့ကောင်လေးက....သူ့ကိုလှမ်းအော်ခေါ်လေတယ်..

" သန့်..ဘာလုပ့်နေတာလည်း...ဒီကိုလာကစားကြမယ်လေနော်..."
သန့်သူကိုခေါ်နေတဲ့အတွက်ကြောင့် အသံပြန်ပေးကာ ဇေဆိုတဲ့ကောင်လေးဆီပြန်ပြေးသွားလေတယ်....

" လာပြီ..."

ကလေးနှစ်ယောက်ကတော့ ပျော်ပျော်ရွင်ရွင်နဲ့ ကစားနေကြသည်...သူတို့နှစ်ယောက်ကစားနေတာကို ကြည့်နေတဲ့ကောင်လေးလည်းရှိတယ်...ထိုကောင်လေးက နှခေါင်းကိုလက်နဲ့ပွတ်ကာ

" ခုနကသန့်ဘာပြောသွားတာလည်း...ငါမကြားလိုက်ဘူး....အဲ့လိုမှန်းသိရင် သန့်အနားကိုကပ်ပြီးနေလိုက်ပါတယ်..ထားပါ..ငါတာဝန်တွေအကုန်လုံးပြီရင် သူ့ကိုပြန်မေးရမယ်...."

Arc-4(အော်လန်စတား)Where stories live. Discover now