Arc-4.3

4.3K 446 25
                                    

နောက်တစ်နေ့မနက် ဟွားလေနဲ့ ရမ်ကတော့ တက်တက်ကြွကြွနဲ့ နိုးထလာခဲ့တယ်..သူတို့နိုးလာတော့ အော်လန်ကို လိုက်ရှာကြည့်တော့..မျက်ကွင်းညိုနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့တော့ နှစ်ယောက်သားထအော်လိုက်တယ်...

" အမလေး..သရဲ.."
နှစ်ယောက်စလုံးအဲ့လိုထအော်တော့..အော်လန်ပါတစ်ခါတည်းလန့်သွားပြီး.

" ဘယ်မှာလည်းသရဲ.. ဘယ်မှာလည်း.."
လို့မေးရင်း ဘယ်ကြည့်ညာကြည့်နဲ့ လိုက်ရှာနေလေတယ်...ပြီးတော့လည်း ရမ်တို့နားကို ကပ်သွားသည်...ရမ်နဲ့ ဟွားလေးကတော့ ထိုပန်တာဝက်ဝံ တစ်ကောင်ဟာ သူတို့ရဲ့ ချစ်ရတဲ့ ကိုကိုနဲ့ သူငယ်ချင်းဆိုတာလည်း..သိရော...မျက်လုံးမျက်စံပြူးကာ....ကြည့်နေလေတယ်...

အော်လန်ကသူ့ကို စိုက်ကြည့်နေတဲ့ နှစ်ယောက်ကို ပြန်ကြည့်ပြီး..

" မင်းတို့နှစ်ယောက်က ဘာကိစ္စနဲ့ငါ့ကို ကြည့်နေတာလည်း...မျက်နှာမှာ တစ်ခုခုပေနေလို့လား....ပြီးတော့ မင်းတို့ပြောတဲ့ သရဲကော.."

အဲ့အခါကြမှ သူတို့ပြောတဲ့ သရဲဆိုတာ သူဆိုတာကို မပြောဘူးလို့ ဆုံးဖြတ်ထားတယ်တော်ကြာ စိတ်ကောက်မှ...
အော်လန်ကတော့ သူရှေ့မှာ နှစ်ယောက်သား မျက်လုံးချင်းစုံကာ ဂနာမညိမ်ဖြစ်နေတဲ့ နှစ်ယောက်ကို ကြည့်ပြီး တစ်ခုခုထူးဆန်းနေသလို ခံစားနေရတယ်...

" ဟေ့ အရှေ့ကနှစ်ယောက်ငါမေးနေတယ်လေ...ဘယ်မှာလည်း..သရဲ.."

" ဟို..ဟိုလေ ကိုကို သရဲမရှိပါဘူး...ဒီတိုင်း ကိုကို နောက်လိုက်တာ..ဟုတ်တယ်မလား..အကိုရမ်..."
ဆိုပြီး ရမ်ကို မျက်စပစ်ပြကာ စစ်ကူတောင်းလေတယ်.ရမ်ကလည်း..ခေါင်းတစ်ညိမ့်ညိမ့်နဲ့...

" ဟုတ်တယ်..ငါတို့နှစ်ယောက် မင်းကို နောက်နေတာ... အော်ဒါနဲ့ မင်း...အိပ်ပြိး သွားပြီလား..."

အော်လန်ကလည်း..သူတို့နှစ်ယောက် ပြောတာကို ယုံကာ...
" မအိပ်ရသေးဘူး...ခဏလေး..မင်းတို့ ဗိုက်စာနေပြီမလား...ငါဟင်းချက်ပေးမယ်.."

လို့ပြောရင်း ထလိုက်တယ်...
ရမ်နဲ့ ဟွားလေးက လှုပ့်လှုပ့်ရွရွ ဖြစ်လာပြီး နှစ်ယောက်စလုံး အော်လန်ရဲ့ လက်ကို ဆွဲကာ...

Arc-4(အော်လန်စတား)Where stories live. Discover now