Arc-4.12

3.9K 400 24
                                    

ချိန်းစခန်းကသူတွေက အော်ဟစ်နေပေမဲ့ xxစခန်းကသူတွေကတော့ ဒေါသကိုထိန်းချုပ့်ထားရတယ်..သူတို့ခေါင်းဆောင်တောင် မတားရင်ဒီအချိန် သူတို့တွေသေနေလောက်ပြီး..ချိန်းကတော့ နားတွေညီးလာကာ အကုန်လုံးကို တိတ်ဖို့အော်လိုက်တယ်...
အဲ့အခါမှအကုန်လုံးတိတ်သွားကြသည်။

Xxခေါင်းဆောင်ဘက်ကိုလှည့်ပြီး...
" xxခေါင်းဆောင် တကယ်လို့အော်လန်တို့မောင်နှရယ် ရမ်ရယ်အဲလစ်ရယ်ကို မောင်းထုတ်ပေးရင် ကျွန်တော်တို့ ခင်ဗျားနဲ့ ပူးပေါင်းမယ်..တကယ်လို့မောင်းမထုတ်ပေးရင်.."

ချိန်းပြောမဲ့စကားကို xxခေါင်းဆောင်ဖြတ်ပြောလိုက်တယ်....
" ငါဒီစကားကိုကြားချင်နေတာနဲ့အတော်ပဲ..."
ခေါင်းဆောင်ပြောလိုက်တဲ့စကားကို ကြားပြီအကုန်လုံး မယုံနိုင်လောက်အောင်ဖြစ်နေကြတယ်..အော်လန်တို့ကို နှင်ထုတ်မယ်လို့ အကုန်လုံးထင်သွားကြတယ်...အန်ဒါနဲ့ ခရစ်ခ်တို့ကလည်း လန့်သွားကာ.သူ့တို့ပါးပါးကို ပြောဖို့ကြံပေမဲ့....

" ငါလုပ့်သင့်တာငါသိတယ်..မင်းတို့နှစ်ကောင်ပါးစပ်ပိတ်ထား...."
ချိန်းကတော့ အော်လန်တို့ကို နှင်လွှတ်မယ်လို့ထင်ကာ အောင်နိုင်သူအပြုံးလေး ဆင်မြဲထားတယ်..ဒါပေမဲ့ xxခေါင်းဆောင်ပြောလိုက်တဲ့ စကားကြောင့် မျက်နှာကြီးပုတ်တိုးသွားလေသည်...

" ဧည့်သည်တို့ကို ပြန်လိုက်ပို့လိုက်.."

အယ်...အကုန်လုံးက အော်လန်တို့ကို နှင်လွှတ်မယ်ထင်သားတာ ဒါပေမဲ့ အခုသူတို့ကို နှင်ထုတ်တယ်...စွမ်းအားရှိတဲ့သူတွေကို နှင်ထုတ်ပြီး မရှိတဲ့သူတွေတော့ထားတယ်...ရူးနေတာလား...ချိန်းစခန်းကသူတွေက မကျေမနပ်နဲ့အော်ဟစ်လေတယ်...စွမ််းအားမရှိတဲ့ သူတွေကို ရွေးတဲ့အတွက်ကြောင့်ပဲ....

ထိုအချိန်အော်ဟစ်နေတဲ့ သူတစ်ယောက်ကိုလေစွမ်းအားပိုင်တဲ့ တစ်ယောက်ကပစ်လိုက်တယ်...ထိခိုက်ဒဏ်ရာ ရသွားတဲ့တစ်ယောက်ကသူ့ကိုဘယ်သူပစ်တာလည်း ဆိုပြီးလိုက်ရှာတော့ ဟွားလေးလက်ထဲက လေစွမ်းအားကိုကြောင်ကြည့်နေမိတယ်..သူတင်မကဘူး..ချိန်းရော ချိန်းစခန်းကသူတွေကပါ မယုံကြည်နိုင်အောင် ဖြစ်နေကြတယ်...

Arc-4(အော်လန်စတား)Where stories live. Discover now