💟 အပိုင်း 2 💟

11K 400 2
                                    

Unicode

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်

💟 အပိုင်း 2💟

"ငါမေးနေတယ်လေ .... ဒါကဘာလဲလို့ "

ပိုးမွေးသလိုလေး ယုယုယယမွေးခဲ့ရတဲ့
ညီမလေးကို ဒီနေ့လို အသားတွေ
တဆတ်ဆတ် တုန်တဲ့အထိ ဒေါသထွက်ရမယ့် အချိန်ရောက်လာလိမ့်မယ်လို့
မင်းချစ်သူ တစ်ခါမှ တွေးမထားမိခဲ့။

"ဒီအိမ်မှာ နင်ရယ် ငါရယ် မီးယပ်သွေးဆုံးသွားပြီဖြစ်တဲ့ ကြီးကြီးရယ်ပဲရှိတာ... ကြီးကြီးလဲမဟုတ် ငါလဲမဟုတ် ... အေး
နင်လဲမဟုတ်ဘူးဆိုရင် ဒီပစ္စည်းက နင့်အခန်းထဲက အမှိုက်ပုံးထဲကို ခြေထောက်ပေါက်ပြီး ရောက်လာတာလား ဟုတ်လား ငါ့ကိုပြောစမ်း "

ကြီးကြီးမှ အို့အို့အခန်းထဲ၀င်ရှင်းရင်း အမှိုက်ပုံးထဲမှ ဆီးစစ်တံလေးကိုတွေ့သွားပြီး ကိုကိုကြီးကိုပြောပြလိုက်ရာမှ ကိုကိုကြီး သိသွားခြင်းဖြစ်သည်။

တစ်သက်လုံး အသံမာမာနဲ့တောင်မပြောဖူးခဲ့သည့် အစ်ကိုဖြစ်သူ၏ ဒေါသတွေ
ကြောင့် အို့အို့မှာ လက်အုပ်လေးချီပြီး တောင်းပန်ရင်း ဘာမှပြန်မပြောနိုင်ဘဲ
ရှိုက်ကြီးတငင်ငိုကြွေးနေရရှာသည်။

"ပြောလေ ... ငိုနေရုံနဲ့ ဒီကိစ္စက ပြီးသွားမှာလားပြော.... ငါကတော့ ငါ့ညီမလေး
ငယ်ပါသေးတယ်ဆိုပြီး စိတ်ချနေတာ နင်ကအခုငါ့ကို ယောက်မမြင်းစီးထွက်ပြလိုက်တာပေါ့ ဟုတ်လား ပြောစမ်း
ချစ်ခြင်းသံစဥ် "

"ကိုကိုကြီး.... အို့အို့တောင်းပန်ပါတယ် အို့အို့မှားသွားပါတယ်... အို့အို့ကိုသာ သတ်လိုက်ပါတော့ "

"အေး နင့်ကိုလဲသတ်မယ် .... ပြီးရင်
ညီမတစ်ယောက်လုံးတောင် ကောင်းကောင်း မစောင့်ရှောက်နိုင်တဲ့
ငါ့ကိုယ်ငါလဲ သတ်သေပစ်မယ် ... ပတ်၀န်းကျင်ရဲ့ တံတွေးခွက်ထဲမျောရမယ့် အတူတူ နင်ရောငါရော သေကြတာပဲ အေးတယ်....."

ညီမဖြစ်သူကို ဒေါသတကြီးနဲ့ ဆွဲဆတ်ခါနေတဲ့ မင်းချစ်သူကြောင့် ဒေါ်ကြေးမုံမှာ ကြားထဲမှ ၀င်ဆွဲရသည် ။

"သားကြီးရယ် သမီးလေးကို အေးအေးဆေးဆေးမေးပါ ကြီးကြီးတောင်းပန်ပါတယ်.... တော်ကြာသမီးလေးတစ်ခုခုဖြစ်သွားပါလိမ့်မယ်ကွယ် "

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now