💟 အပိုင်း 14 💟

9.1K 269 0
                                    

Unicode :

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်

💟 အပိုင်း 14 💟

maldives သွားရန် လိုအပ်တဲ့ပစ္စည်းတွေ၀ယ်ရန် အခု အို့အို့တို့ မိသားစု
ပုစွန်တောင် Ocean ဆီရောက်နေကြခြင်းဖြစ်သည်။

"မာမီ ဒီ mould ခွက်လေးတွေယူမယ်နော်.... ချစ်ခြင်း ဟိုရောက်ရင်လေ sand castle လေး ဆောက်ချင်
လို့ ..... "

"သမီး အဲ့တာ ယူပြီးသွားပြီလေ "

"မယူရသေးပါဘူး မာမီရဲ့ .... ပထမ ယူထားတာနဲ့ အခု mould ခွက်လေးတွေက ပုံစံမတူဘူး ..... "

"ဒါပေမဲ့ သမီးရယ် တစ်ခုပဲယူလေ .... အဲ့ တစ်ခုထဲမှာတင် ပုံစံလေးတွေအများကြီး ပါနေတာကို"

"မာမီကလဲ ချစ်ခြင်းလေး နောက်တစ်ခု ထပ်လိုချင်လို့ပါနော်.... ဒီတစ်ခုလေး နောက်ဆုံးပဲ ပြီးရင်တော်ပြီနော်.... တကယ် တော်ပြီ .... "

သမီးဖြစ်သူ၏ သနားစရာ အကြည့်လေး
တွေကြောင့် အို့အို့ပဲ နောက်ဆုံးတော့
အလျှော့ပေးလိုက်ရသည်။

"ဒီတစ်ခု နောက်ဆုံးပဲနော် ထပ်မ၀ယ်ရတော့ဘူး "

"အို့အို့ မောင်တို့ ဒါလေးလိုမယ်နော်"

"မောင်အဲ့တာအိမ်မှာရှိတယ်လေ မ၀ယ်နဲ့တော့လေ ....."

"ဟာ အိမ်မှာရှိတဲ့ဟာကကုန်ခါနီးနေပါပြီ
အို့အို့ရယ်.... အသစ်ပဲ ၀ယ်လိုက်ရအောင်"

အို့အို့အဲ့တာကြောင့် သူတို့သားအဖနဲ့ ဘယ်တော့မှ စျေး၀ယ်မထွက်ချင်တာပဲဖြစ်သည်။ အခုကြည့်ဦး တွန်းလှည်းထဲမှာလိုအပ်တာတွေ ဘာမှ ဟုတ်တိပတ်တိ မ၀ယ်ရသေးဘဲနဲ့ကို ပြည့်လျှံနေပြီဖြစ်သည်။

"ချစ်ခြင်းကလဲ ချစ်ခြင်းလိုချင်တဲ့ဟာ ၀ယ်ပြီး​ပြီလေ.... တော်ပြီနော်... ဒါက ဒယ်ဒီတကယ်လိုအပ်တာမို့လို့ "

"ဟာ ဒယ်ဒီလဲ ဒယ်ဒီကြိုက်တာ ဒယ်ဒီ ထပ်၀ယ်တာပဲ .... ချစ်ခြင်းလဲ နောက်တစ်ခု ထပ်လိုချင်တာပေါ့လို့ "

"အို့အို့ မောင် ဒါထပ်ယူမယ် "

"မာမီ ချစ်ခြင်း ဒါလေးထပ်လိုချင်လို့"

အို့အို့ မျက်နှာကိုတည်တင်းထားပြီး သားအဖ နှစ်ယောက်လုံးကို ကြည့်လိုက်သည်။

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now