💟 ဇာတ်သိမ်းပိုင်း 💟

17.4K 433 2
                                    

Unicode:

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်

💟 ဇာတ်သိမ်းပိုင်း 💟

မိုးသား အခန်းထဲပြန်၀င်လာတော့ သမီး
လေးက အို့အို့ဖုန်းထဲက YouTube
ကနေ Dance Video လေးတွေကြည့်ပြီး ကနေသည်။ အို့အို့ကတော့ ရေပြင်ကြီးကို ကြည့်နေပြီး သူ၀င်လာတာတောင်
လှည့်မကြည့်ပါ .....

"အို့အို့ရေ သွားလို့ရပြီနော် .... ရှေ့မှာ မောင်တို့နဲ့လိုက်မယ့် GO ရောက်နေပြီ "

မိုးသားလှမ်းပြောလိုက်တော့ အို့အို့က ထိုင်နေရာမှထပြီး သူ့ကိုမော့မကြည့်ဘဲ သမီးလေးကိုလက်ဆွဲကာ အခန်းထဲကထွက်သွားသည်။

"အို့အို့ပေး မောင်ဆွဲပေးမယ်လေ "

အို့အို့လက်ထဲက အိတ်လေးကို မိုးသား
လှမ်းယူပြီး ဆွဲပေးမယ်လုပ်တော့လဲ အဆွဲမခံ .....

သူ Reception မသွားခင်ကတောင်
အကောင်းကြီးရှိသေးတယ် အခု ဘယ်လိုကနေ ဘယ်လို မျက်နှာလေးက စူပုတ်ပြီး
စိတ်ကောက်သွားပါလိမ့် .....

အရင်ဆုံး လင်းပိုင်လေးတွေ သွားကြည့်ဖို့ အတွက် Dolphin Watching Show ဆီကို GO ၏ ဦးဆောင်မှုဖြင့်ရောက်သွားကြသည်။

ရေထဲ ခုန်ပျံတက်လာသည့် လင်းပိုင်လေး
တွေကို ကြည့်ပြီး သမီးလေးက လက်ခုပ် လေးတီးကာ သဘောတွေကျနေ၏။

ပျော်နေသည့် သမီးလေးကိုကြည့်ပြီး
မိုးသား အို့အို့လက်လေးကို ဆုပ်ကိုင်ကာ
သူ့ပေါင်ပေါ်တင်လိုက်တော့ အို့အို့ကဆတ်ခနဲ ဆိုသလို ပြန်ရုတ်သွားသည်။

"အို့အို့ ဘာဖြစ်နေတာလဲ .... မောင့်ကို စိတ်ဆိုးနေတာလား "

အို့အို့က သူပြောတာလဲ ဂရုမစိုက် မှုန်ကုတ်ကုတ်လေးနှင့် ရှေ့မှ လင်းပိုင်လေး
များကိုသာ ကြည့်နေသောကြောင့် မိုးသား
ခေါင်းကုတ်လိုက်မိသည်။

သူဘာလုပ်မိလို့လဲ..... အို့အို့က သူ့ကို စကားပြောဖို့ နေနေသာသာ လှည့်တောင် မကြည့်ပေ.....

"ဒယ်ဒီ ချစ်ခြင်းကို camera လေးပေးပါဦး.... ချစ်ခြင်း dolphin လေးတွေကို ဓာတ်ပုံရိုက်ချင်လို့ "

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now