💟 အပိုင်း 11 💟

10.7K 336 0
                                    

Unicode:

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်

💟 အပိုင်း 11 💟

"ဒယ်ဒီရေ ပြီးသေးဘူးလားလို့ "

"ပြီးပါပြီ သမီးရယ် .... ဒယ်ဒီ ကြယ်သီး
လေးတော့ တပ်ပါရစေဦး "

"ဒယ်ဒီက အရမ်းကြာတာပဲ .... ချစ်ခြင်း
ကို လီလီမျှော်နေတော့မှာ "

ဒီနေ့က မိုးသားတို့ဘေးခြံမှ
ချစ်ခြင်းလေးရဲ့ မူကြိုက သူငယ်ချင်း
လီလီရဲ့ မောင်လေး တစ်နှစ်ပြည့်မွေးနေ့
မို့ မနက်အစောထဲက မွေးနေ့လက်ဆောင်
လေးပိုက်ပြီး ချစ်ခြင်း၀ဠာလေး အရမ်းကို
တက်ကြွနေတာဖြစ်သည်။

"ကဲပြီးပါပြီ ခင်ဗျာ.... သွားကြမယ် "

မိုးသား သမီးကို ပွေ့ချီလိုက်တော့ သမီးက သူ့ပါးပြင်ကို ရွှတ်ခနဲ နမ်းလိုက်ပြီး ....

"ရေး Let's Go!!!! "

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

သားအဖ၂ယောက် တစ်ဖက်ခြံသို့ရောက်တော့ ခြံရှေ့မှကြည့်တာ ခြံထဲ ကလေးတွေနှင့် စည်ကားနေသည်။

ထိုစဥ်အိမ်ထဲမှ ဂါ၀န်အဖြူရောင်
ကားကားလေး၀တ်ထားသည့် လီလီလေးက ပြေးလာပြီးသူတို့သားအဖကို လာကြို၏။

"ချစ်ခြင်းရောက်လာပြီ .... ဖေဖေရေ ဖေဖေ ဒီမှာ ချစ်ခြင်းတို့ရောက်လာပြီ....
ဦးဦးမိုးသားလဲပါတယ်"

သမီးဖြစ်သူ လီလီလေးရဲ့ အသံဆာဆာ​ကြောင့် အိမ်ထဲမှ နေ့ရက်ဆက် သားလေးကို ပွေ့ချီပြီး ထွက်လာသည်။

"ဟာ မိုးသားတို့ရောက်လာကြပြီ လာလေကွာ .... အိမ်ထဲ၀င်ကြ "

"ဂွန်းဂွန်းလေးရေ မမချစ်ခြင်းက
ဂွန်းဂွန်းလေးအတွက် အရုပ်ကြီး ၀ယ်လာတယ် .... "

"မမကို အာဘွားပေးလိုက်လေသား "

နေ့ရက်ဆက်လက်ပေါ်မှ သားက
ချစ်ခြင်းယူလာသည့်အရုပ်လေးကို သဘောကျ၍ထင်သည်။ ရယ်ပြီး အရုပ်လေးကို လှမ်းယူသည်။ ပြီးတော့
ချစ်ခြင်း ရဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်
ကို အာဘွားလှမ်းပေး၏။

အခုမှ တစ်နှစ်အရွယ် ကလေးလေး
ဆိုပေမယ့် သမီးဖြစ်သူရဲ့ ပါးကို နမ်းနေသည်မို့ မိုးသား မျက်နှာ ခပ်တည်တည်ဖြစ်သွားရသည်။

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now