💟 အပိုင်း 7 💟

11.5K 366 4
                                    

Unicode

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်

💟 အပိုင်း 7 💟

"ဟုတ်လား .... အဲ့တာဆိုလဲ
သူတို့ အဲ့အခန်းငှားဖို့ အဆင်​ပြေသွား
အောင် မင်းပဲ ကြည့်လုပ်ပေးလိုက်ပါ အောင်အောင်ရာ ... ဒါပေမဲ့ အဲ့အခန်းပိုင်ရှင်က အန်ကယ်လ် ဆိုတာကိုတော့ အဲ့ကောင်မသိစေနဲ့နော် .... အေးအေး အဲ့တာဆို ဒါပဲနော် အန်ကယ်လ်ဖုန်းချလိုက်ပြီ "

ဦးမိုးကျော်သူ ဖုန်းကိုပိတ်လိုက်ပြီး သူ့
ဘေးနားတွင် ထိုင်ကာ facebook
ကြည့်နေသည့် ဇနီးဖြစ်သူကိုကြည့်ပြီး

"မေ မင်းသား အခုဘာလုပ်နေတယ်
ထင်လဲ "

"သားလား ..... အခု ဘာဖြစ်လို့လဲ ကို"

"လွန်ခဲ့တဲ့ 6လလောက်က
ကိုယ် (.......) က Condo မှာမြေညီ
တစ်ခန်း၀ယ်ထားတာ မေလဲသိတယ်
မလား "

"အွန်း သိတယ်လေ အဲ့နားလေးက အချက်အချာကျလို့ မေတောင် အခန်းလေးကို သဘောကျတယ် ပြောခဲ့သေး
တယ်လေ "

"အေး အခု အဲ့အခန်းကို မင်း သားက မျက်စိကျပြီး ငှားဖို့လုပ်နေတယ်....
အဲ့အခန်းပိုင်ရှင်က ကိုယ်ဆိုတာကို မင်း သား မသိဘူး "

"သားက အဲ့အခန်းကို ဘာလုပ်ဖို့လဲ "

"မေ့ သားက အဲ့ဘေးနားကတွဲလျက်အခန်းကို ငှားပြီး E-Sport Game ဆိုင်ဖွင့်ထားတယ်လေ .... "

"သားကလား "

"အေး ဖွင့်တာ သိပ်မကြာသေးဘူး
တစ်ပတ်လောက်ပဲရှိသေးတယ် .... ဒါပေမဲ့ မင်း သားက အပေါင်းအသင်း
ခပ်များများဆိုတော့ ဆိုင်မှာ လာဆော့တဲ့ လူငယ်လေးတွေက အပြည့်ပဲ .... ကြည့်ရတာ အောင်မြင်သွားတဲ့ပုံပဲ .... အဲ့တော့ မေ့ သားက အဲ့ဘေးက ကိုယ့်အခန်းကိုပါ မျက်စိကျပြီး တစ်ဆက်ထဲ တွဲပြီး
Snack Bar တစ်ခုဖွင့်ဖို့လုပ်နေတယ်လေ "

"ကိုကလဲ အဲ့တာများ သားကို အဲ့အခန်းလေး ပေးလိုက်တာမဟုတ်ဘူး .... ကိုပဲ
သားကို အလုပ်နဲ့အကိုင်နဲ့ ဖြစ်စေချင်နေပြီးတော့ အခုသားအလုပ်လုပ်တော့လဲ
ကိုက သူစိမ်းတစ်ယောက်လို အခန်းငှားခ
ကိုပိုက်ဆံယူဦးမို့လား "

"ဟ ကိုယ်က အဲ့ကောင်ကို အဲ့အခန်းမင်း
ယူလိုက်လို့ ပေးလိုက်ရင် မင်းသားက
ယူမယ်ထင်လို့လား ..... ကိုယ့်သားမာန
အကြောင်းလဲကိုယ်မသိတာမဟုတ် ....
သူအခုလုပ်နေတာတွေတောင် မင်းရောကိုယ်ရောကို အသိပေးတာမှမဟုတ်တာ....သူ့မိန်းမ သမီးအို့အို့တောင် သိချင်မှ သိမှာ....ကိုယ်တို့တွေ နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့ "

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now