💟 အပိုင်း 3 💟

10.9K 371 4
                                    

Unicode

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်
💟 အပိုင်း 3 💟

ဗုန်းခနဲ အသံကြောင့် အို့အို့ ဖျတ်ခနဲ
လန့်နိုးသွားရပြီး ချက်ချင်းကုန်းထပြီး
ကြည့်လိုက်တော့ ပြတင်းပေါက်နားမှာ မျက်နှာကို ရှုံ့မဲ့နေပြီး တံတောင်ဆစ်ကိုပွတ်နေသည့် မိုးသား ...

"မိုးသား "

မိုးသားက တံခါးမကြီးကနေ မ၀င်ဘဲ ပြတင်းပေါက်ကနေ ကျော်တက်လာတာလား....

မိုးသားတစ်ယောက် တံခါးမကြီးမှ၀င်လျှင် ညကပြန်မအိပ်ကြောင်း မာမီတို့သိသွားမည်ဆိုး၍ ခဲရာခက်ဆစ် ပြတင်းပေါက်ကနေ ကျော်၀င်လာရပါသည် ဆိုနေမှ သူ့ကို ပြူးတူးကြောင်တောင်လေး ကြည့်နေသော ကောင်မလေးကြောင့် စိတ်လေသွားရပြီး

"ဘာလဲ အစောကြီး နိုးနေတာလား "

အို့အို့ ခေါင်းကိုအသာငြိမ့်ပြတော့ သူက မနေ့က၀တ်ထားသည့် သတို့သား Coat အင်္ကျီကို ဆွဲချွတ်လိုက်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်သည် ။

သူပစ်ချလိုက်သော အင်္ကျီကို အို့အို့ကပဲ ပြန်ကောက်လိုက်ပြီး လျှောမယ့်ခြင်းထဲထည့်လိုက်သည် ။

"အခုမှ ၆နာရီတောင်မထိုးသေးဘူး ....
ငါ့ကြောင့်နိုးသွားတယ်ဆိုရင် ပြန်အိပ်လေ... ညက ဟိုကောင်တွေ အတင်းဆွဲထားတာနဲ့ ပြန်မလာဖြစ်တော့တာ အိပ်ရတာ အဆင်ပြေတယ်မလား "

အို့အို့ ခေါင်းလေးပဲပြန်ငြိမ့်ပြမိသည်။
မင်္ဂလာဦးည တစ်ညလုံး အခန်းကျယ်ကြီးထဲ တိတ်တိတ်လေးကျိတ်ငိုခဲ့ရပြီး အိပ်ခဲ့ရသည်ကိုတော့ ထုတ်မပြောတော့ချေ။

သူ့ဆီမှ ဘာမှမမျှော်လင့်ထားဖို့ အို့အို့ကို ပြောသွားခဲ့သည်မဟုတ်လား.....

ရေချိုးခန်းထဲမှ ရေကျသံကြားတော့မှ
အို့အို့ အတွေးနွံထဲမှ ရုန်းထွက်ရင်း
လုပ်စရာရှိတာလုပ်ရန် အိပ်ရာမှထလိုက်သည်။

မှန်တင်ခုံရှေ့မှာ ထိုင်လိုက်ပြီး ပခုံးနား၀ဲနေသည့် အို့အို့ဆံပင်လေးတွေကို စုစည်းလိုက်ပြီး မြင့်မြင့်လေးထုံးလိုက်သည် ။ မျက်နှာတောင်မသစ်ရသေးသည့် အို့အို့က မှန်ထဲတွင်တော့ ကပိုကရိုလေးနှင့် တစ်မျိုးလေးကြည့်ကောင်းနေသည်။

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now