💟 အပိုင်း 12 💟

10.8K 310 2
                                    

Unicode:

ချစ်ခြင်းတို့ရဲ့ မိုးကောင်းကင်

💟အပိုင်း 12 💟

အခုဆို အို့အို့လဲ ဆေးရုံကဆင်းပြီးလို့
အိမ်မှာ အနားယူရင်း လူကောင်းပကတိ
လုံးလုံးပြန်ဖြစ်နေပြီ ဖြစ်၏။

ဒီနေ့က သမီးလေးချစ်ခြင်းတက်တဲ့ မူကြိုရဲ့ ပျော်ပွဲရွှင်ပွဲနေ့လေးဖြစ်တာမို့ အို့အို့တစ်ယောက် သမီးကိုနှိုးရန် အိပ်ရာမှထရန်ပြင်လိုက်သည်။

အရင်ဆုံး ဖက်ထားသည့် မောင့်လက်တွေကို တွန်းဖယ်ပြီး ထလိုက်တော့ ဘယ်အချိန်ထဲက နိုးနေလဲ မသိသည့် မောင်က
အိပ်ရာထဲ ဆွဲချပြီး ပြန်အိပ်ဖို့ ကြိုးစားသည်။

"ဘယ်ကိုလဲကွာ.... အစောကြီးရှိသေးတယ် ဘာတွေလုပ်ဦးမလို့လဲ ..... အခုမှနေပြန်ကောင်းခါစပဲရှိသေးတယ်ဆိုတာ
လဲ မမေ့နဲ့ဦးနော် အမိ ..... "

"ဘာမှမလုပ်ပါဘူး မောင်ရဲ့.... ဒီနေ့ သမီးလေး မူကြိုမှာ ကပွဲရှိတယ်လေ.... အဲ့တာ
မနေ့ညထဲက သမီးက အို့အို့ကို မနက်ကျရင် စောစောလာနှိုးပေးဖို့ ပြောထားလို့ မောင်ရဲ့ "

"ကျစ်.... အို့အို့ကလဲကွာ "

"လွှတ်ပါ မောင်ရဲ့ "

"မင်းကို မောင်ကြည့်နေတာနော်... မင်းဒီအိမ်ပြန်ရောက်ထဲက သမီး သမီးနဲ့
အချိန်ပြည့်သမီးချည်းပဲ .... မောင့်အတွက်ဆိုတာဘယ်မှာလဲ .......မောင့်
အနားလဲကပ်ပါဦး .... "

"ကြည့် မောင်က သ၀န်တိုစရာမရှိ ကြံဖန်
သ၀န်တိုနေပြန်ပြီ "

"သ၀န်တိုတာမဟုတ်ဘူးလေ....ဝေးရတဲ့၄နှစ်တာလုံး အတိုးချပြီး မောင်လဲ မင်းအနားမှာ နေပြီး တီတီတာတာလေး
တွေပြောချင်တာပေါ့....အခုတော့ အလုပ်
ကပြန်လာလို့ မျက်နှာလေးမြင်ချင်ရင်တောင် မင်းကိုတွေ့ချင်လို့ သမီးအခန်းထဲလိုက်နေရတယ်.... ပြီးတော့ သမီးရှိနေလို့ဆိုပြီး နမ်းချင်တိုင်းလဲနမ်းလို့မရ"

"မောင်ကလဲ "

"ဟိုဟာမလေးကလဲအဖေဖြစ်သူကို နည်းနည်းလေးတော့ ဦးစားပေးဦးပေါ့လို့.... အခုတော့ 'မာမီကို ချစ်ခြင်းပဲချစ်မှာ ဒယ်ဒီ မချစ်ရဘူး' ပဲလုပ်နေတယ်"

💟 ချစ်ခြင်းတို့ရဲ့မိုးကောင်းကင် 💟Where stories live. Discover now