2

11.2K 734 4
                                    

မနက်ခင်းကို ကျေးငှက်သီဆိုသံနဲ့နိုးထရတာမျိုး၊ မျက်နှာကိုနေရောင်ခြည်တိုက်ရိုက်ထိတွေ့ရတာမျိုးကို ရိပေါ်နှစ်သက်သည်၊ ဒီနှစ်ချက်ထဲနဲ့ကို ပြတင်းပေါက်ဖွင့်အိပ်တတ်တဲ့အကျင့်ကဖြစ်လာတာ။ မားကတော့ အအေးပတ်မယ်ပြောပြီး ပြတင်းပေါက်ဝင်ဝင်ပိတ်ပေးပေမဲ့ မားထွက်သွားတာနဲ့ပြန်ပြန်ဖွင့်မြဲ၊ အအေးမပတ်အောင်လို့တော့ အခန်းရဲ့အပူချိန်ကိုညှိဖို့လဲရိပေါ်မမေ့ပါဘူး။

အသက်၁၇နှစ်နဲ့ရိပေါ်က အထက်တန်းဒုတိယနှစ်နဲ့ ဥာဏ်ကောင်းလွန်းတဲ့အပြင် စီးပွါးရေးကိုစိတ်ဝင်စားလို့ သင်တန်းတွေတက်ကာ မိဘကုမ္ပဏီမှာ ဒုဥက္ကဌအဖြစ်ဝင်လုပ်နေသလို ဆိုင်ကယ်၊ စကိတ်တွေစီးရတာသဘောကျတာကြောင့် ကိုယ်ပိုင် ဆိုင်ကယ်၊ စကိတ်တွေ export import ကုမ္ပဏီအသေးစားလေးလဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူစပ်တူထောင်ထားသေးသည်။ China မှာ Wang Group ဆိုမသိသူမရှိ၊ မရှိဆို ဝမ်ပါပါးဖြစ်သူ ဝမ်ချူးလန်နဲ့ဝမ်မာမားဖြစ်သူ ဝမ်မေအော်တို့ဟာ ဂုဏ်အရှိန်အဝါကြီးတဲ့သူတွေဆိုတာထက် ဇနီးမောင်နှံနှစ်ယောက်လုံး သဘောဘယ်လောက်ကောင်းကြောင်း၊ အလှူအတန်းဘယ်လောက်လုပ်ကြောင်း၊ လက်အောက်ခံဝန်ထမ်းတွေအပေါ် မိသားစုလိုဆက်ဆံကြောင်း၊ စည်းကမ်းဘယ်လောက်ကြီးကြောင်း စသည်ဖြင့် သာ ဂုဏ်သတင်းကျော်ဇော်သည်။
တစ်ဦးတည်းသောသားဖြစ်သူ ဝမ်သခင်လေး ဝမ်ရိပေါ်ကိုလဲ ချုပ်ချယ်မှုမရှိတဲ့အပြင် မိဘနှစ်ပါးလုံးနဲ့သူငယ်ချင်းကဲ့သို့ တိုင်ပင်နိုင်သလို အရာရာမှာလဲထူးချွန်ထက်မြတ်ပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင် လမ်းညွှန်သင်ပြပေးနိုင်သည်။ အရင်ကကွန်ဒိုမှာနေခဲ့ကြပေမဲ့ အသက်ကြီးလာလို့ ကိုယ့်ခြံကိုယ့်ဝန်းနဲ့ပဲနေချင်တယ်ပြောလာသော ဝမ်မာမားကြောင့် ယခုစံအိမ်တော်ကိုပြောင်းလာခြင်းဖြစ်သည်။
တစ်အိမ်လုံးမှာ အလုပ်သမားတွေရှိပေမဲ့ ကိုယ်နေတဲ့အခန်းတော့ ကိုယ်စိတ်ကြိုက်သာပြင်ကြတာမို့ အလုပ်သမားတွေနဲ့တန်းတူ အိမ်ရှင်တွေပါ ပစ္စည်းတွေသယ်ကြ ရွှေ့ကြရသည်။

ဝုန်း!!!
"ဟဲ့ ထစမ်း ဘယ်အချိန်ရှိနေလို့ နင်ကအခုထိ စက်တော်ခေါ်နေတာလဲ"
"..."
"၁၀မိနစ်အတွင်းထလာခဲ့ မဟုတ်ရင်နင့်ကိုကြိမ်လုံးစာထက်ကြွေးမယ်"
ဝုန်း!!!

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now