28

5.5K 479 10
                                    

အခန်းထဲသို့ ကျိုးတရန်၊ ရှေ့နေဟွမ်နဲ့ ဒေါက်တာကောင်းမုတို့ဝင်လာကာ ရှောင်းလင်မယားရဲ့ကုတင်နှစ်လုံးကြားမှာခုံဆွဲယူကာ နေရာယူထိုင်ကြတယ်၊

"ကျဲ နေကောင်းတယ်မလား"
"ကောင်းတယ် ကျိုးကျိုး ငါ့ကိုဘယ်တော့အိမ်ပြန်ပို့ပေးမှာလဲ ပါးနဲ့မားတို့စိတ်ပူနေတော့မယ်လေ"
"စိတ်မပူပါနဲ့ ကျွန်တော်ပြောထားပါတယ် ကျဲကိုအခုပြစရာရှိတယ်"

ကျိုးတရန်ကယူလာတဲ့စာချုပ်ကိုထုတ်ကာ ရှေ့ကစားပွဲပေါ်တင်ပေးလိုက်တယ်..၊
"ဒါကဘာတွေရေးထားတာလဲ"
"ကျဲ တွေ့တဲ့အတိုင်းပဲလေ အဲမှာလက်မှတ်ထိုးပြီးရင် အိမ်ပြန်လိုက်ပို့ပေးမယ် ဟုတ်ပြီလား"
"စာချုပ်မှာ ရှောင်းလင်မယားရဲ့ပိုင်ဆိုင်မှု 70%ကို လွှဲပြောင်းတာလေ အဲဒါဘယ်သူတွေလဲ ငါကရော ဘာလို့လက်မှတ်ထိုးရမှာလဲ"

စာချုပ်ပါအချက်ကိုရှောင်းကျန့်ကြားတာနဲ့ လက်သီးကအလိုလိုစုပ်မိသွားကာ ရိပေါ်ကိုကြည့်လိုက်တော့ ခေါင်းခါပြတယ်၊ စိတ်လျှော့ဆိုတဲ့သဘောနဲ့မို့ သူတို့ပြောတာပဲဆက်နားထောင်နေလိုက်တယ်..၊

"ကျဲ အဲဒါတွေမသိလဲရတယ် လက်မှတ်ပဲထိုးလိုက်"
"ဟင့်အင်း ငါမထိုးချင်ဘူး ငါအိမ်ပြန်ချင်တယ် ငါ့ကိုအိမ်ပြန်ပို့ပေး"
"ဒီမှာရှောင်းကတော် ခင်ဗျားကအတိတ်မေ့နေတာ ဟောဒီကဆရာဝန်ကအခုလိုခင်ဗျားသတိရလာအောင်ကုပေးထားတာ ဒီကလူတွေအကုန်လုံးက ခင်ဗျားအပေါ်ကျေးဇူးရှိတယ် ကျေးဇူးပြုပြီး လက်မှတ်ကိုထိုးလိုက်ပါ ပြီးရင် ခင်ဗျားကိုကျွန်တော်တို့ကိုယ်တိုင်အိမ်ပြန်ပို့ပေးပါမယ် ပြီးတော့ ကျွန်တော်ကရှေ့နေပါ အခုလိုလက်မှတ်ထိုးခိုင်းရတာလဲ ခင်ဗျားတို့ကိုလုပ်ကြံသူတွေက တောက်လျှောက်စောင့်ကြည့်နေတာမို့လို့ ခင်ဗျားမောင်ကို ခဏပိုင်ဆိုင်မှုတွေလွှဲထားသလိုလုပ်ထားတာပါ"
"တ တကယ်လား"
"တကယ်ပေါ့ကျဲရယ် ကျဲကိုပြန်ပို့တဲ့အခါ လမ်းမှာလုပ်ကြံသူတွေနဲ့တွေ့လို့ ဒီစာချုပ်ပြလိုက်ရင် ကျဲတို့ကိုအန္တရာယ်ပေးမှာမဟုတ်တော့ဘူး"

ရှောင်းကတော်တစ်ချက်စဉ်းစားသလိုလုပ်ပြီးမှ...
"ကောင်းပြီလေ အဲဒါဆိုလဲလက်မှတ်ထိုးမယ် ပြီးရင်ငါ့ကိုအိမ်ပြန်ပို့ပေးရမယ်နော်"
"စိတ်ချ စိတ်ချ အိမ်ရှေ့အထိလိုက်ပို့ပေးမယ်"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now