30

5.9K 481 15
                                    

ခြောက်လကြာပြီးနောက်....🗓🗓🗓6️⃣

ခြောက်လကြာပြီးနောက်မှာ ရှောင်းအိမ်တော်အတွက် အရာအားလုံးပုံမှန်ပြန်ဖြစ်သွားတယ်ပြောရမယ်...လုပ်ငန်းအခြေအနေ အားလုံးကို ရှောင်းဥက္ကဌက အရင်လိုပဲဦးဆောင်နေသလို အိမ်တော်မှာလည်း အရင်လို အိမ်တော်ထိန်းတွေ အလုပ်သမားတွေနဲ့ပျော်ပျော်ရွှင်ရွှင်စည်းကားနေလျက်ရှိတယ်...။
အထူးခြားဆုံးကတော့ အိမ်တော်နှစ်ခုက နှစ်အိမ့်တစ်အိမ်ဖြစ်နေတာပါပဲ သူဌေးကတော်နှစ်ယောက်လုံးကလည်း တွေ့တာမကြာသေးပေမဲ့ တကယ့်ငယ်ပေါင်းကြီးဖော်လိုမျိုး ခင်မင်ရင်းနှီးကာ စျေးဝယ်ထွက်လဲအတူတူ ပွဲတက်လဲအတူတူ ခြံထဲမှာပန်းပင်တွေစိုက်လဲအတူတူပဲ..။ နှစ်အိမ့်တစ်အိမ်ဖြစ်ချက်ကတော့ အလယ်ကကာထားတဲ့အုတ်တံတိုင်းမှာ တစ်အိမ်နဲ့တစ်အိမ်ဝင်ထွက်လို့ရအောင် တံခါးလေးပါလုပ်ထားကြတာ။
အခုလဲ ရှောင်းအိမ်တော်ထဲက ခြံထဲမှာ ဝမ်ကတော်နဲ့ရှောင်းကတော်က စိန်ထည်တွေကြည့်နေသလို ဧည့်ခန်းထဲမှာလဲ သားနှစ်ယောက်ဖြစ်တဲ့ ဝမ်ရိပေါ်နဲ့ရှောင်းကျန့် အတူတူဂိမ်းဆော့နေလေရဲ့..၊

"ရှောင်းကျန့် မင်း အဲမှာပဲရပ်နေနော် ငါအကုန်ရှင်းမယ်"
"..."
"အော်ဟော် မင်းတို့ကရှောင်းကျန့်ကိုသတ်ချင်တယ်လား ကဲ သေကြစမ်းကွာ"
"....."
"ငါ့နောက်ကနေပဲလိုက်ခဲ့နော် ရှောင်းကျန့်"
"...."
"ရှောင်းကျန့်..."
"ဝမ်ရိပေါ်!!! တော်ပီ မင်းနဲ့ဘယ်တော့မှဂိမ်းမဆော့တော့ဘူး"
"ဘာဖြစ်လို့လဲ မင်းကိုလဲကယ်ရသေးတယ်"
"ဘာကိုကယ်တာလဲ ငါတိုက်ဖို့လုပ်ရင် မင်းကအရှေ့ကနေလာလာတိုက်နေတာလေ မင်းဂိမ်းကျွမ်းမှန်းသိပေမဲ့ ငါ့လဲပေးဆော့ပါအုံးလား အခုတော့ သေနတ်တစ်လက်ကိုင်ပြီး ရပ်ပဲရပ်နေရတယ် တခြားသူတွေတောင်ပြောကုန်ပြီ ချီးပဲ ပြောရင်းနဲ့ဒေါသထွက်လာပြီ"
"အယ်... ဒေါသမထွက်ပါနဲ့ ငါကမင်းကိုကယ်ချင်ဇောနဲ့မို့လို့ဟာကို"
"မလိုချင်ဘူး နောက်တခါမင်းနဲ့မဆော့တော့ဘူး လုံးဝပဲ"

ရှောင်းကျန့်ကပြောလဲပြော ခြံထဲဆင်းသွားတာမို့ ရိပေါ်ပါ ခြံထဲလိုက်ဆင်းရတယ်..
"မင်းကလဲ ငါကမင်းသေသွားမှာစိုးလို့ကို"
"ဟ သေရအောင် အဲဒါဂိမ်းလေ ငါမဆော့ရပဲရပ်နေရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now