31

5.8K 484 16
                                    

"ရှောင်းကျန့် ရှောင်းကျန့်"
"ဘာလဲကွာ လာမခေါ်နဲ့နားညီးတယ်"
"စိတ်မဆိုးပါနဲ့တော့ကွာနော်"

ကျောင်းထဲစဝင်ကတည်းက စိတ်ဆိုးနေသောရှောင်းကျန့်ကို ဝမ်ရိပေါ်ကချော့နေတာ.. ထိုမြင်ကွင်းကိုတော့ ကျန်းချန်၊ ဟောက်ရွှမ်းနဲ့ရှီးချန်တို့က ခပ်လှမ်းလှမ်းကနေကြည့်ကာ...
"ရှောင်းကျန့်ကဘာတွေစိတ်ဆိုးနေတာလဲ"
"သူ့အခန်းမှာ အသံဖမ်းစက်တပ်ထားတာ သိသွားလို့တဲ့ကျန်းချန်ရေ"
"အဲကောင်ကလဲ အခုနောက်ပိုင်းမှဆိုးလာလိုက်တာ အရင်ကအဲလိုမဟုတ်ပါဘူး"
"ရိပေါ်ကအရမ်းအလိုလိုက်ထားတာကိုး ဘာလဲ မင်းကအားကျလို့လား ငါမင်းကိုရိပေါ်လိုအလိုလိုက်ပေးမယ်လေ"
"ရှီးချန် မင်းမသေချင်ရင် ပါးစပ်ပိတ်ထားလိုက်နော်"
"ဟေ့ကောင်တွေ မင်းတို့ရန်ဖြစ်မနေနဲ့ ငါတို့နားရောက်တော့မယ်"

ပြောလို့မဆုံးသေး ခါးထောက်ကာသူတို့နားရောက်လာသော ရှောင်းကျန့်...
"အဟဲ ရှောင်းကျန့် ငါတို့အခုပဲအတန်းသွားတက်မလို့"
"မင်းတို့သုံးယောက်စလုံးလဲ ကြံရာပါပဲမလား မင်းတို့ငါ့အခန်းထဲကအသံတွေအမြဲနားထောင်နေကြတာမလား"
"ငါတို့တမင်တပ်ထားတာ မဟုတ်ပါဘူးရှောင်းကျန့်ရာ"
"ဟုတ်တယ်ရှောင်းကျန့် မင်းလုံခြုံဖို့ငါတို့က တကူးတကလာတပ်ထားရတာနော် ပြီးတော့ မင်းအသံကိုနားထောင်နေဖို့နေနေသာသာ ကိစ္စတွေတခုပြီးတခုဖြစ်လို့ ဘယ်သူမှမှ မအားကြတာ"
"ကျန်းချန်ပြောတာမှန်တယ် စိတ်မဆိုးပါနဲ့တော့ကွာနော် ငါတို့ဘာပေးရမလဲပြော"

"ငါဘာပြောပြောလုပ်ပေးမှာလားမင်းတို့က"
"လုပ်ပေးမယ်ကွာ နော် ဟိုကောင်တွေ"
"အေးကွာ အေးကွာ"
"ဒါဆို... ငါ ဘားသွားပြီးအရက်သောက်ချင်တယ် ငါ့ကိုလိုက်ပို့"
"ဘာ!!!!!!!!"

"ဖြေးဖြေးအော်ကြပါဟ လန့်သွားတာပဲ ဒါလေးပြောတာကို မင်းတို့ကလဲ ဘာလဲ လိုက်မပို့ပေးချင်လို့လား"
"မဟုတ်ဘူးလေ တခြားဟာပြောကွာနော်ရှောင်းကျန့်"
"ရိပေါ် မင်းတို့ကျတော့​သောက်လို့ရပြီး ငါကျတော့ဘာလို့မရတာလဲ"
"မဟုတ်ဘူးလေ ငါတို့သောက်တယ်ဆိုတာက အလုပ်သဘောအရပွဲတက်မှအဖြစ်လောက်သောက်တာ ပြီးတော့ ပါးတို့လဲပါသေးတယ်လေ"
"မရဘူး ငါလဲသောက်ကြည့်ချင်တယ် အခုလဲငါလုပ်ငန်းခွင်ထဲဝင်နေပြီပဲဟာကို တစ်ခါပဲလေကွာ နော် နော် ရိပေါ်နော်"
"ကျစ် ပြီးရော တခါပဲနော်"
"ရိပေါ် မလုပ်နဲ့သူကတခါမှသောက်ဖူးတာမဟုတ်ဘူးနော် ရှောင်းကျန့် မင်းသောက်ချင်ရင် တက္ကသိုလ်တက်တဲ့အချိန်မှသောက်"
"ကျန်းချန် ငါကတခါမှမသောက်ဖူးလို့သောက်ကြည့်မှာလေ တက္ကသိုလ်ရောက်တဲ့အထိလဲမစောင့်နိုင်ဘူး အခုဆို အခုပဲ မင်းတို့လိုက်မပို့ရင် ငါ့အခန်းမှာ အသံဖမ်းစက်တပ်ထားတာကို လူကြီးတွေနဲ့ပြန်တိုင်မှာ"
"အာ ပြန်တော့မတိုင်ပါနဲ့ငါလိုက်ပို့မယ်ဟုတ်ပြီလား ကျန်းချန် သူကအရမ်းသွားချင်နေတာလေ ငါတို့လဲပါတာပဲဟာကို"
"ပြီးရောကွာ"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now