10

7K 680 5
                                    

"ရှောင်းကျန့် ရှေ့နေကြီးကနင့်ကိုအခုထိ အမွေတွေလွှဲမပေးသေးဘူးလား"
တစ်နေ့တစ်နေ့ ဦးလေးမိသားစုမှာ သူ့ကိုပြောစရာစကား ကအမွေကိစ္စပဲ၊ အမွေတွေရလာရင်ရော သူတို့ကဘာဖြစ်ချင်ကြတာလဲ။ အခုလဲမနက်စာစားနေတုန်း ကျိုးရှန့်ကအမွေကိစ္စမေးပြန်တယ်။

"နင်သိချင်ရင် ရှေ့နေကြီးလာတော့မေးလိုက်လေ ငါ့အတွက်က ငါ့မိဘတွေရှာဖို့ပဲ အမွေကိစ္စငါစိတ်မဝင်စားဘူး"
"ဟဲ့ နင့်မိဘတွေက သေလားရှင်လားတောင်မသိပဲနဲ့ရှာချင်သေးတာလား နင်အရင်တွေးပူရမှာ သူစိမ်းလက်ထဲထည့်ထားတဲ့နင့်အမွေတွေ သိရဲ့လား သူတို့တွေအပိုင်သိမ်းထားရင် ဘယ်လိုလုပ်မလဲ"

"ကျိုးရှန့် နင်ဘယ်လိုပြောလိုက်တာလဲ"
ခွမ်း!!! ရှောင်းကျန့် စိတ်တိုလို့ လက်ထဲကရေနွေးခွက်ကို ကြမိးပြင်ပေါ်ပစ်ချလိုက်တော့ ရေနွေးအချို့က ကျိုးရှန့်ကိုသွားစင်တယ်၊

"အား မားးးး"
"ဟင် ရှောင်းကျန့် နင်ငါ့သမီးကို ရေနွေးနဲ့ပက်တယ်ဟုတ်လား"
"တမင်လုပ်တာမဟုတ်ပေမဲ့ ကျွန်တော့်ကိုဒေါသထွက်အောင်ဘာလို့ပြောလဲအန်တီ"
"ရှန့်အာကနင့်အတွက်ပြောတာလေ ဒါတောင်နင်ကငါ့သမီးကိုဒေါသထွက်တယ်ပေါ့ ဟုတ်လား လာခဲ့နင့်ကိုငါအရှင်မထားဘူး ဟိုကောင်တွေလာခဲ့စမ်း သူ့ကိုတိုင်မှာကြိုးချည်ထားလိုက်"

မကြာခင်က ဦးလေးကသူ့တပည့်တွေဆိုပြီး ခေါ်ခန့်ထားတဲ့ လူတွေက ရှောင်းကျန့်ကို ဂိုဒေါင်ဘက်ဆွဲခေါ်သွားပြီ တိုင်မှာကြိုးချည်ထားတယ်၊
အိမ်မှာနဂိုထဲက လုပ်လာတဲ့အလုပ်သမားတွေကိုလဲ ပစ္စည်းခိုးတယ်ဘာညာနဲ့ ရှေ့နေကြီးကိုပြောပြီး အလုပ်ထုပ်ပစ်ခဲ့တော့ ရှောင်းကျန့်မှာ လူရင်းဆိုလို့ အိမ်တော်ထိန်းဦးလေးပဲကျန်ခဲ့တယ်၊ သူ့ကိုလဲဘယ်လိုချိန်းခြောက်ထားလဲမသိပေမဲ့ ရှေ့နေကြီးတို့လာရင် ဦးလေးမိသားစုမကောင်းကြောင်းပြောပြဖို့တိုင်ပင်ပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ထွက်သွားတတ်တယ်။

"အဟက် ရှောင်းကျန့် နင်ကငါ့ကိုရေနွေးနဲ့ပက်တယ်ဆိုတော့ နင်ကိုယ်တိုင်လဲ အပူဒဏ်ခံစားလိုက်အုံး
သူ့ကို ထမင်းမကျွေးကြနဲ့ ပြီးတော့ ခြံထဲကနေပူတဲ့နေရာမှာ တနေကုန် ကြိုးချည်ထားလိုက် ထွက်ပြေးလို့မရအောင်"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now