12

6.6K 596 11
                                    

ညတစ်ညရဲ့ အမှောင်ထုကိုအံတုရင်း တစ်ကိုယ်လုံးအနက်ရောင် ဝမ်းဆက်ဝတ်ထားကာ အနက်ရောင် မက်စ်တပ်ထားသော လူသုံးယာက်ကအိမ်တစ်အိမ်ကို ခိုးဝင်ဖို့ကြိုးစားနေကြတယ်၊ တစ်နည်းအားဖြင့် တစ်ဖက်ခြံကနေ တခြားတစ်ဖက်ခြံကို ခိုးဝင်တာဆိုပိုမှန်မယ်၊
ခြံစည်းရိုးနံရံက ပုံမှန်လူတစ်ယောက်အရပ်ထက်မြင့်နေတာကြောင့် ယူလာတဲ့လှေကားကိုထောင်ပြီး တစ်ယောက်ပြီးတစ်ယောက် တစ်ဖက်ခြံကို ခုံဆင်းလိုက်တယ်၊ အပြန်လဲ ပြန်တက်ရလွယ်အောင် ထိုခြံထဲမှာရှိတဲ့ ခုံတွေယူပြီး ထောင်ထားလိုက်တယ်။ ခြံစောင့်က ခြံတံခါးနားက အဆောင်လေးမှာပဲရှိတဲ့အတွက် ဘေးအိမ်ကြားကနေ နံရံကျော်တက်လာတဲ့သူတို့အတွက် ပြဿနာမရှိပေ။
အိမ်မကြီးတံခါးကို ဖွင့်ဖို့ သုံးယောက်ထဲကတစ်ယောက်က အိတ်ကပ်ထဲမှာရှိတဲ့ သံချောင်းလေးကိုထုတ်ပြီး တံခါးဖွင့်ဖို့ကြိုးစားတယ်၊ နောက်ဆုံး ဂျောက်! ဆိုတဲ့အသံနဲ့ အထဲကို တစ်ယောက်ပြီးတစ်ယောက်ဝင်ပြီး တံခါးကိုအသာလေးပြန်ပိတ်ထားခဲ့တယ်။
အထဲရောက်တာနဲ့ အိတ်ထဲကပါလာတဲ့ ကင်မရာနဲ့ အသံဖမ်းစက် သေးသေးလေးတွေကို အောက်ထပ်က အဓိကကျတဲ့နေရာတွေမှာ လူတွေမမြင်အောင်လိုက်တပ်တယ်။

"အပေါ်တက်မယ် အရင်ဆုံး ကျိုးတရန်တို့အခန်းထဲသွားမယ်"
"အခန်းတွေထဲတော့ ကင်မရာတပ်လို့အဆင်မပြေဘူးနော်"
"ငါသိပါတယ် မြန်မြန်လုပ်"

ပိုင်ရှင်မရှိတဲ့အခန်းထဲဝင်ရတာဆိုတော့ သူတို့အတွက်အဆင်ပြေတယ် လင်မယားနှစ်ယောက်ကုတင်ဘေးက ပန်းအိုးဘေးမှာပဲ အသံဖမ်းစက်လေးတက်ထားခဲ့တယ်။
ပြီးတော့ ကျိုးရှမ့်အခန်းမှာလဲအသံဖမ်းစက်တပ်ပြီးတော့ အခန်းထဲကအထွက် လူရိပ်တွေ့လို့ သုံးယောက်သားအမြန်ပုန်းနေလိုက်ရတယ်။
"ရှူးး"
"ရှောင်းကျန့်လား"
"ဟုတ်တယ်ထင်တယ် သူက ညဘက်ကြီးဘာထလုပ်တာလဲ"
"ယောင်တာထင်တယ် အောက်ဆင်းသွားပြီ မင်းတို့အမြန် သူ့အခန်းမှာ အသံဖမ်းစက်သွားတပ် ငါသူ့နောက်လိုက်သွားအုံးမယ်"
"မင်းကိုမြင်သွားမယ်နော် သတိထား"
"အေး"

အိပ်ချင်မူးတူးနဲ့ရှောင်းကျန့်က ထမင်းစားခန်းထဲကိုဝင်သွားကာ မျက်လုံးကိုမှိတ်လျက် ရေသောက်နေတယ်

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now