6

7.4K 662 14
                                    

ဒီနေ့ကျောင်းပိတ်ရက်လဲဖြစ် ဦးလေးတို့လဲအိမ်မှာမရှိတုန်း လမ်းထိပ်က 24hr convenience store ကိုရှောင်းကျန့်လိုအပ်တာလေးတွေဝယ်ဖို့ထွက်လာခဲ့တယ်၊ ဝယ်စရာရှိတာဝယ်ပြီးပြန်ထွက်လာတော့ သူ့နောက်ကနေတစ်ယောက်ယောက်လိုက်လာသလို ခံစားရတာကြောင့် ခပ်သွက်သွက်လေးလျှောက်ပေမဲ့ နောက်ကလူကလဲသူလိုပဲအမြန်လိုက်လျှောက်တယ်၊ သူရပ်ရင် လိုက်ရပ်တယ် အိမ်နားရောက်ခါနီးအထိပါလာတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး လှည့်ကြည့်လိုက်တော့
"ဝမ်ရိပေါ်! မင်း ငါ့နောက်ဘာလို့လိုက်နေတာလဲ"
"မင်းနောက်ကိုလား မလိုက်ပါဘူး"
"မင်း မဟုတ်တာမပြောနဲ့ ဆိုင်ကထွက်လာထဲကတောက်လျှောက်ပါလာတာ ငါသိတယ် ပြော ဘာရည်ရွယ်ချက်နဲ့ငါ့နောက်လိုက်လာတာလဲ"
"ဘာရည်ရွယ်ချက်မှမရှိပါဘူး ရှောင်းကျန့်ရယ် ငါ့အိမ်က ဟိုမှာလေ"
"ဘာ! မင်းကငါ့ဘေးအိမ်ကဟုတ်လား အရင်ကမတွေ့ပါဘူး"
"ငါတို့ကပြောင်းလာတာမကြာသေးဘူးလေ ဘာလဲ အိမ်လိုက်လည်ချင်လို့လား မင်းဆိုရင် အချိန်မရွေး welcome ပဲနော်"
"လိုက်လည်စရာလား နေပါအုံး မင်းကငါ့နောက်မလိုက်ဘူးလဲပြောသေးတယ် ငါအမြန်လျှောက်ရင်လိုက်လျှောက် ငါရပ်ရင် လိုက်ရပ်နဲ့ အဲဒါဘာသဘောလဲ"
"ငါနဲ့သူငယ်ချင်းလုပ်ရင် ပြောပြမယ်လေ"
"နေလိုက်တော့ ငါအိမ်ထဲဝင်တော့မယ်"
"နေပါအုံးရှောင်းကျန့်ရယ် မင်းကငါနဲ့သူငယ်ချင်းမလုပ်ချင်ရအောင် ငါကဘာတွေချို့ယွင်းနေလို့လဲ"
"မင်းက ချို့ယွင်းချက်မရှိပါဘူး ငါ့မှာပဲရှိတာ မင်း ငါ့အကြောင်းတွေသိရင်လဲ ငါနဲ့သူငယ်ချင်းလုပ်ချင်မှာမဟုတ်ဘူး ငါသွားပြီ"
"ငါကတော့ မင်းနဲ့သူငယ်ချင်းဖြစ်ဖို့ဆက်ကြိုးစားမှာပဲ ဟိုဘက်အိမ်ကကောင်လေးရေ"
အိမ်ထဲဝင်ခါနီးရှောင်းကျန့်ကို ဒီဘက်ခြံကနေ ရိပေါ်လှမ်းအော်တော့ ရှောင်းကျန့်က ခြံတံခါးကိုဝုန်းကနဲစောင့်ပိတ်သွားပါတယ်။

"အမလေး ခြံထဲဝင်လာတာကိုက မျက်နှာကိုပြုံးဖြီးနေတာပဲ ဟောက်ရွှမ်း ဒီကောင်မရိုးတော့ဘူးနော်"
"ဟုတ်ပ အခုရောဘယ်ကပြန်လာတာမို့ လမ်းလျှောက်ဝင်လာတာလဲ ကားတွေဆိုင်ကယ်တွေက ဘယ်ရောက်သွားလို့လဲ"
"လမ်းထိပ်တင်မို့လို့ပါကွာ မင်းတို့ကလဲ ဒါနဲ့ဘယ်လိုရောက်လာကြတာလဲ"
"မင်းပဲ စိတ်ဝင်စားစရာရှိတယ်ဆို"
"ဟုတ်သားပဲ လာ ငါ့အခန်းထဲသွားမယ်"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now