Part (8)

5.7K 219 7
                                    

ခွင့်မရှိ

🌸pann

Part (8)

ယဉ်အေး ထုံးစံအတိုင်း အစောကြီး နိုးပြီ.. ။

ချက်ပြုတ်ပြင်ဆင်ရအောင်လည်း ဘာမှမရှိ.. ဘာမှမရှိတာကို ဘယ်လိုပြင်ဆင်ပေးရမှန်း မသိတော့ဘူး

ဘုရားစင်မှာလည်း ပန်းကညိုးခြောက်နေပြီ.. ဖုန်လည်း တက်နေသလိုရယ် ။

အခန်းတွေကလည်း လေမသလပ်တော့ အနံ့တွေအောင်းနေတယ်.. ယဉ်အေး အလင်းရောင် ရဖို့ တံခါးပေါက်တွေလိုက်ဖွင့်ရသည်

ကိုရှင်လေးက မနိုးလာသေးဘူးထင်တယ်.. သူစားဖို့ ဘာမှမပြင်ဆင်ရသေးဘူး နိုးလာရင်တော့ ပြောဆိုနေမလားပဲ.. အို ပြင်ဆင်ဆိုလို့ ဘာမှမှမရှိဘဲ

ပြီး ယဉ်အေးအခုထိ သနပ်ခါးတောင်မလိမ်းရသေးဘူး.. သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ကို ဝယ်မှမဝယ်ထားရသေးတာ မျက်နှာပြောင်ကြီးနဲ့နေရတာ ခက်ပါတယ် ။

ဆန်တွေ့တာနဲ့ ထမင်းပေါင်းအိုးနဲ့ချက်ပြုတ်ထားလိုက်တယ်.. ယဉ်အေး မားတို့အိမ်မှာ ပြုံးပြုံးကိုကြိုတင်မေးထားမိလို့ တော်ပါသေးတယ်

ပြီး ယဉ်အေး ကြမ်းတိုက်ဖို့ရှာတော့ ကြမ်းတိုက်တုတ်လေး တွေ့တာနဲ့ သန့်ရှင်းရေးလုပ်နေလိုက်တယ်.. ဒီအတိုင်း သူနိုးတဲ့ထိမထိုင်ချင်နေတာနဲ့ ။

နောက်ဖေး တံခါးပေါက်ဖွင့်ပြီး အပြင်ထွက်ကြည့်တော့ ရေကူးကန် တောင် ရှိနေတာပဲ.. မနေ့က ယဉ်အေးအနောက်ဘက်ခြမ်း မရောက်ဖြစ်တော့ မသိလိုက်ဘူး

ယဉ်အေး ရေကူးကန် နားသွားကာ ဘောင်နားလေးမှာ ဒူးထောက်ထိုင်ပြီး ရေကန်ထဲလက်ထည့်ဆော့ကစားမိတယ်.. ။

အိမ်ရှေ့ထွက်ကြည့်တော့လည်း ခြံဝန်းကြီးက ကျယ်တော့ကျယ်သား..

" ချွီ.. ဂျိန်း "

ခြံဝန်း တံခါးက သူ့အလိုလို ပွင့်သွားတော့ ယဉ်အေး လန့်ရသည်.. ဘယ်ကဘယ်လို ပွင့်သွားတာပါလိမ့် ။

ယဉ်အေး ရပ်နေရာကနေခြံတံခါးကို ခေါင်းလေးငဲ့စောင်းပြီး ကြည့်နေမိသည်..

" ဟောတော့်.. "

အိမ်ထဲကို ကားအဖြူ ရောင်လေးတစ်စီး မောင်းဝင်လာသည်..

ခွင့်မရှိ (Unicode)Where stories live. Discover now