Part (20)

8.1K 237 0
                                    

ခွင့်မရှိ

🌸pann

Part (20)

" ကျစ်.. "

မရပါ မရပါ.. ဒီအောက်ခံလေးလိမ်းတာကို အရာကိုမပေးတတ်ဘူး ဖြစ်နေတယ် ။

မီးဖိုဝင်တဲ့ချိန်ကျရင် အပူအအေးတွေ အိုးကြီးအိုးသေးတွေကို ကိုင်တာ လက်မတုန်ပေမယ့် အခုဒီဘာမဟုတ်တဲ့ မိတ်ကပ်ရည်တံလေးကို ကိုင်ပြီးနေရာချနေတာက လက်တွေတုန်တက်ပြီးမငြိမ်..

အခုကျ အရက်မသောက်ရသေးတဲ့ အရက်သမားလိုပဲ လက်က တုန်ချိတုန်ချိနဲ့.. မပြောလိုက်ချင်ဘူး ။

တစ်ဖက်နေရာ များသွားလို့ နည်းတဲ့နေရာမှာ မိတ်ကပ်ရည်လေး ထပ်ဖြည့်လိုက်.. ပိုသွားလိုက်

ပိုသွားလို့တစ်ဖက်ကိုပြန်ညှိလိုက်နဲ့ လုပ်နေတာ.. မျက်နှာက ကွန်ကရစ်လမ်းတောင် ဖြစ်နေပြီ ကတ္တရာလမ်းတောင်မဟုတ်ဘဲ ။

သွားပြေးပြီး ရေဆေးချရအောင်လည်း ဒီမိတ်ကပ်တွေက တော်ရုံစျေးလည်းမဟုတ်.. ဟာချီဖြင့်တစ်ထောင်ဖိုး ဝယ်ရင် လေးငါးလလောက်ကတော့ အသာလေး အေးဆေးသုံးနေလို့ရတယ် အခုတော့များဖြင့် သိန်းချီသောင်းချီတယ် ဆိုတော့ကာ..

ယဉ်အေး ဒီအတိုင်လေးပဲ ဆက်ကျင့်နေရတာ ဘာတတ်နိုင်မည်လဲ.. ။

မျက်နှာတစ်ခုရဲ့ ဒုတိယအရေးကြီးဆုံးပိုင်းဖြစ်တဲ့ မျက်ခုံး မျက်လုံး တွေကို ပြင်ကြည့်ရမည်.. အဲ့ကစ ရှုပ်တာပဲ

မျက်ခုံးကို ယုယုလုပ်ပေးသလို ထောင့်နားလေးချိုးပြီး ဆွဲကြည့်တာပါ.. အဆုံးနေရာက ရှည်သွားလို့ မိတ်ကပ်သားနဲ့ ဖုံးအုပ်လိုက် ထပ်ဆွဲကြည့်လိုက် တိုသွားလိုက်နဲ့ မိတ်ကပ်ပြန်ထည့် လုပ်တာနဲ့ မျက်ခုံးတစ်ဝိုက်တောင် တောင်ပို့ဖြစ်သွားပြီလားတောင် မသိဘူး..  ကျစ် ဒီလောက် အရစ်ရှည်တဲ့အလုပ်ကို မလုပ်ချင်တော့ဘဲ လက်သာလျှော့ပစ်လိုက်ချင်တော့တယ် ။

တော်တော်ကို ကြိုးစားအရာပေးပြီး မျက်ခုံးမွှေးဆွဲတံလေးနဲ့ အရောင်ထည့်ခြယ်ရသည်.. အလယ်ကနေ စပြီးဆွဲခြယ်လိုက်တာ မဲနက်သွားလိုက်တာ ပိတုံးရောင်အတိုင်း ။

ခွင့်မရှိ (Unicode)Where stories live. Discover now