Part (28)

8.3K 215 0
                                    

ခွင့်မရှိ

🌸pann

Part (28)

" ငါလည်း မင်းကို ချစ်တယ် ယဉ်အေး.. "

" ဟင် "

ယဉ်အေး ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် လှုပ်ရှားနေတဲ့ ကိုယ်ခန္ဓာကြီးက ငြိမ်ကျသွားရသည်.. သို့သော် ရင်ခုန်သံတွေကတော့ ဗြောင်းဆန်နေအောင်ကို လှုပ်ရှားနေတာလေ ။

ကိုရှင်လေး ယဉ်အေးကို ဘာပြောလိုက်တာပါလိမ့်..

" ဟေ့.. ယဉ်အေး "

မျက်တောင်မခတ် အသက်မရှူ ဘဲ တောင့်တောင့်ကြီး ထိုင်နေကာ ရှင်လေးကို ကြည့်နေတာမို့ ယဉ်အေးမျက်နှာရှေ့မှာ ရှင်လေးလက်ကို ဘယ်ယိမ်း ညာယိမ်းပြနေလည်း မျက်လုံးအိမ်က လှုပ်ရှားမှု မရှိတဲ့ပြင် ရှင်လေးကိုပဲ ငေးစိုက်ကြည့်နေတာလေ.. ။

" ဟေ့ ယဉ်အေး ယဉ်အေး "

အနားကပ်ကာ အသံကျယ်ကျယ် လေး ခေါ်လိုက်မှ မျက်လုံးအိမ်က ရွှေ့လျားလာလို့ တော်ပါသေးတယ်.. ။

" မင်း ဘာဖြစ်သွားတာလဲ.. "

" ကိုရှင်..အဟမ်း ကိုရှင်လေး ဘာပြောလိုက်တာလဲ "

စကားပြောမလို့ကို အာခေါင်တွေက ခြောက်ကပ်နေတာမို့ ခံတွင်းပြန်ရှင်းကာ စကားပြန်ဆက်ရတဲ့ ယဉ်အေး အဖြစ်.. ။

" မင်း ကြားလိုက်တယ် မဟုတ်ဘူးလား.. "

" ....... "

ရီဝေဝေ အကြည့်လိုလို ရွှင်ပြနေတဲ့ အကြည့်လိုလို.. ဘယ်လိုအကြည့်မှန်း ယဉ်အေးအမျိုးစား ခွဲပြလို့ မတတ်ပေမယ့် ကိုရှင်လေး မျက်လုံးမှာ အရည်ကြည်တွေ က ရွှမ်းနေကာ ကြယ်လေးတွေလို တောက်နေတဲ့ အရာလေးကိုလည်း ယဉ်အေးမြင်နေရပါသည်.. ။

အို.. ဒီရှိန်းဖိန်းတိန်းတိန်းကြီးနဲ့ ခံစားချက် ကြီးက ဘာများပါလိမ့် နော်

ယဉ်အေး ရုတ်တရက်ကြီး ဖျားချင်သလိုလို နာချင်သလိုလို ဖြစ်လာရတာ ဘာကြောင့်များဖြစ်နေမလဲဟင်.. သေချာတာကတော့ အဓိက တရားခံက ကိုရှင်လေးပဲ ဖြစ်လိမ့်မည် ။

" ဟင်.. မင်းကြားလိုက်လို့ အခုလို ဖြစ်နေတာ မဟုတ်ဘူးလား "

" အို.. "

ခွင့်မရှိ (Unicode)Where stories live. Discover now