Part (9)

5.7K 210 1
                                    

ခွင့်မရှိ

🌸pann

Part (9)

" ဒါတွေက ဘာတွေလဲ.. "

ယဉ်အေး မြင်လိုက်ရတဲ့ ပစ္စည်းတွေကို အံ့သြကြည့် ကြည့်ရင်းမေးလိုက်ရသည်.. ။

နည်းတဲ့ပစ္စည်းတွေမှ မဟုတ်တာ.. ဘာတွေမှန်းလည်း မသိဘူး

" ဟိုဟာက မလေး အတွက် မိတ်ကပ် set သုံးလေးစုံ.. ပြင်ဆင်ဖို့ အသုံးဆောင် အကုန်အစုံပဲ "

" ဟင်.. "

နေရာကြီးတစ်နေရာလောက် ပေးရတယ်..မိတ်ကပ် ပစ္စည်းတွေကလည်း ။

" ဒါတွေက အဝတ်စားတွေ.. ဒါက အိတ်တွေ ဒီဘက်က ဖိနပ်တွေ ခေါင်းစခြေဆုံး အကုန်ပဲ မလေး..မလေး အတွက်ချည်းပဲ "

" ဒီလောက် အများကြီး ယဉ်အေးမလိုပါဘူး ယုယုရယ်.. ပြန်ယူသွားလိုက်ပါလား "

" မဖြစ်ဘူး မလေးရဲ့.. ဒါတွေအားလုံး ကိုလေးဝယ်ခိုင်းထားတာ "

" ဟင်.. ကိုရှင်လေး ဝယ်ခိုင်းထားတာလား "

" ဟုတ်တယ်.. ဒါတောင် မှာထားတာ ကျန်သေးတယ် "

ဘုရား.. ယဉ်အေးကိုများ ပစ္စည်းတွေ နဲ့ဖိသတ်တာတောင် ရလောက်တယ် ။

" အများကြီး ယဉ်အေးမလိုပါဘူး.. ပြီး ဒါတွေ ယဉ်အေး မသုံးတတ်ပါဘူး ဝတ်လည်းမဝတ်တတ်ဘူး "

" မသုံးတတ်လည်း သုံး.. မဝတ်တတ်လည်း ဝတ်တတ်အောင် မင်းကျင့်ရမယ် ယဉ်အေး "

" ဟင်.. "

အနောက်က ကိုရှင်လေးအသံကြောင့် ယဉ်အေးလှည့်ကြည့်လိုက်သည်.. လှေကားကနေ ဆင်းလာရင်း ယဉ်အေးကိုလှမ်းပြောနေတာ ။

ယဉ်အေးလည်း ကိုရှင်လေးကို လှည့်ကြည့်နေမိတာ..အနားရောက်မှ စကားပြောဖို့ လုပ်ရသည်

" ယဉ်အေး ဒါတွေပြင်ဆင်ဖို့ ဘာတစ်ခုမှ မလုပ်တတ်ဘူး ကိုရှင်လေး.. "

" ခုရေတွင်းတူး ခုရေကြည်သောက်မရမှန်း ငါလည်း သိပါတယ် ယဉ်အေး.. တဖြေးဖြေး ကျင့်ယူသွားဖို့ ပြောတာ "

" ယဉ်အေးက သနပ်ခါးပဲ လိမ်းတတ်တာ..မိတ်ကပ်တွေ မကြိုက်ဘူး ကိုရှင်လေးရဲ့ "

ခွင့်မရှိ (Unicode)Where stories live. Discover now