Part (11)

5.9K 214 7
                                    

ခွင့်မရှိ

🌸pann

Part (11)

" သောက်ပါဦးဗျ.. "

" သောက်ဖို့က အရေးမကြီးပါဘူး.. ကျွန်တော်တို့ လာရင်းကိစ္စ လေး ပြောလို့ ရမလား "

" အဟက်.. ရပါတယ်ဗျ "

" မန္တလေးမှာ ကျွန်တော်တို့ကုမ္ပဏီသစ် ဖွင့်လှစ်ပွဲရှိတယ်.. အဲ့ဒီ့ပွဲကို ကိုဘုန်းထက်ပြည့်ရှင် တက်ရောက်ပေးနိုင်မလား မသိဘူးဗျ "

" မန္တလေး မှာလားဗျ.. "

" ဟုတ်တယ်.. "

" ရပါတယ် ကျွန်တော် တက်ပေးပါ့မယ်.. အခုလို အိမ်ထိလာဖိတ်တာပဲ ကျွန်တော်ငြင်းလိုက်ရင် ရိုင်းသွားရာကျမယ် "

" ဟားဟား.. ဟုတ်ကဲ့ အခုလိုလက်ခံပေးတဲ့အတွက် ကျွန်တော်တို့ဘက်က ကျေးဇူးအများကြီးတင်ပါတယ် "

" ပွဲတက်ပေးဖို့ လာဖိတ်ပေးတာပဲ ကျေးဇူးတင်ပါတယ် ဗျာ..  ပွဲက ဘယ်နေ့လောက်လဲဗျ "

" နောက်အပတ် သောကြာနေ့ ပါ.. အဆင်ပြေရဲ့လားဗျ "

" စကယ်ဂျူ းကိုတော့ ကျွန်တော် မကြည့်ဖြစ်ဘူး.. ကျွန်တော့်မန်နေဂျာကို တစ်ချက်မေးကြည့်မှ ရမယ် ဝေလင်း တစ်ချက်လောက် ကြည့်ပေးဦး "

" ဟုတ်ကဲ့ ကိုလေး.. နောက်အပတ်သောကြာနေ့တော့ ဘာမှမရှိဘူး ကြာသပတေးနေ့ တော့အချိန်ပြည့်တယ်.. "

" သောကြာနေ့ အစောလောက် လုပ်မှာလား.. ပွဲက "

" ဆယ်နာရီ လောက်မှပါ.. "

" ကျွန်တော် အမှီလာတက်ပေးပါ့မယ်ဗျ.. "

" ဟာ.. ကျေးဇူးအရမ်းတင်ပါတယ် ကိုဘုန်းထက်ပြည့်ရှင် လာသာလာရတယ် အဆင်များပြေပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ဗျ "

" အခု အဆင်ပြေသွားပြီလို့မှတ်လိုက်ပါ.. "

" ဟုတ်ကဲ့.. အချိန်ညှိပေးတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ "

" ရပါတယ်ဗျာ.. ကဲပါ သုံးဆောင်ပါဦး "

" ဟုတ်ကဲ့ "

ဧည့်သည် နှစ်ယောက် ဧည့်ခံထားတဲ့ကော်ဖီခွက်ကို သောက်ပြီးတော့..

ခွင့်မရှိ (Unicode)Where stories live. Discover now