Part (16)

6.3K 223 1
                                    

ခွင့်မရှိ

🌸pann

Part (16)

" ဒီလောက်တန်ကြီး ဘာလို့ဝယ်လာတာလဲ.. ကိုရှင်လေး "

" မင်းလိုအပ်တယ်ဆိုလို့ ငါဝယ်ပေးတာလေ "

" ဒါပေမယ့် ဒီလောက်တန်ကြီး ဝယ်ပေးဖို့မှမလိုအပ်တာ.. "

" ဟုတ်လား.. ငါဘယ်သိမလဲ ဖုန်းဆိုတာနဲ့တွေ့ရာဝယ်ချလာတာပဲ "

ကြည့် ပြောနေပုံက မသိရင် ကိုရှင်လေး လုပ်ခဲ့တာ မှန်သလိုလို.. ။

" ဒါပေမယ့် စဉ်းစားချင့်ချိန်ပြီး ဝယ်ပေးဦးမှပေါ့ ကိုရှင်လေးရဲ့.. ဒီဆယ့်ခြောက်သိန်းလောက် ဆိုတာ ရွှေဆယ့်ငါးပဲရေ တစ်ကျပ်သား ကျော်ကျော်ရှိတယ်.. ရောင်းရင်တောင် အချိန်ခါကောင်းရင် ကောင်းသလိုအမြတ်လည်း ရဦးမှာ.. ဒီဖုန်းပြန်ရောင်းရင် အရှုံးချည်း.. "

" ဘာမှစဉ်းစားမနေဘူး.. ငါက အကောင်းကြိုက်တယ် ငါကောက်လိုက်တာနဲ့လက်ထဲ ပါလာနေပြီးသားပဲ  အကောင်းဆုံးရွေးလိုက်မှတော့ စျေးလည်းကောင်းနေတာ ဆန်းသလား..ဒါတောင် ငါချင့်ချိန်ဝယ်လာသေးတယ် ဖြစ်နိုင်ရင် နောက်ဆုံးပေါ်နေတဲ့ သိန်းနှစ်ဆယ် ကျော်တာလည်းငါကြိုက်နေတာ.. ငါ့လက်ထဲ အဲ့လောက်မပါသွားတော့ မနည်းချုပ်တည်းပြီး အဲ့ဒါပဲဝယ်ချလာတာ "

ဗုဒ္ဓေါ.. ဒီထက်များတဲ့ သိန်းနှစ်ဆယ် ကျော်ကိုလည်း မျက်စောင်းထိုးခဲ့တယ် ဆိုတဲ့သဘောပေါ့ ။

လက်ထဲအများကြီး မပါသွားတာကိုပဲ ဦးခိုက်ကျေးဇူးတင်ရမလိုလိုပဲ..

အဟက်.. အမှန်တော့ ရှင်လေး လိမ်လိုက်တာ ဘာသိန်းနှစ်ဆယ်ကျော်တန်မှ ကြည့်ခဲ့တာမှ မဟုတ်တာ ။

ဒေါ်ကန်သင်း ကြီးကို သပ်သပ်ညစ်ချင်တာနဲ့ ပြောချလိုက်တာ.. မျက်လုံးပြူ း မျက်ဆံပြူ းနဲ့ တကယ်ထင်နေတဲ့ပုံပဲ ဟားဟား ။

" ယဉ်အေး ဒီလောက်တန်ကြီး ဘယ်နားသွားသုံးရမှာလဲ.. "

" ဟ ဖုန်းပါဆိုမှ ဘယ်နားသွားသုံးချင်သေးလို့လဲ.. "

" ရွှေတို့ငွေတို့တောင် သော့ခတ်သိမ်းထားလို့ ရဦးမယ်.. ဒါကို သော့ခတ်သိမ်းထားလည်း မဖြစ်ဘူး မတော်လို့ပျောက်ပါပြီတဲ့ ငိုရခက် ရယ်ရခက် ရိုးရခက် တိုင်ရခက် ဖြစ်နေမှာပေါ့ "

ခွင့်မရှိ (Unicode)Where stories live. Discover now