Part (23)

8.6K 245 0
                                    

ခွင့်မရှိ

🌸pann

Part (23)

ယဉ်အေးမှာ ကိုယ်ဝန်ရှိတော့ မားဖြင့် ပျော်လွန်းနေတာ.. ရွာကအဘတို့ကိုလည်း မားကပဲ အကြောင်းကြားပြီး ဖုန်းဆက်သေးတာ.. ။

ပါးကိုလည်း ဖုန်းဆက်လှမ်းကြွားလို့.. ဒါတောင် ကိုရှင်လေးကို ဖုန်းဆက်မယ်ဆိုလို့ ယဉ်အေးမှာ မနည်းတားထားရတယ်.. ယဉ်အေးကိုယ်တိုင်ကိုယ်ကျပဲ ပြောပါမယ်လို့

မားကလည်း လက်ခံပေးသည်.. ။

အဲ့ထိက ကိစ္စ မဟုတ်.. ယဉ်အေး ကိုရှင်လေးကို ဘယ်လိုပြောပြရမလဲ ဆိုတာက ခက်နေတာ

နှစ်ယောက်သား က အခုမှ ရင်းနှီးသယောင်ယောင်ရှိသေးတာ.. မမျှော်လင့်ဘဲ ရောက်လာတဲ့ ရင်သွေးလေးက ယဉ်အေးတို့နှစ်ယောက်ကြား ဝင်ရောက်လာခဲ့တာလေ ။

ယဉ်အေးမှာ တနေကုန် တနေခမ်းတဲ့ထိ ကိုရှင်လေးကို ဘယ်လိုပြောပြရမလဲ ဆိုတာကို စဉ်းစားလို့မရ..

ကိုရှင်လေး စောစောပြန်လာခေါ်လို့ ဒီနေ့တော့ နှစ်ယောက်သား အစော အိမ်ပြန်ရောက်နှင့်နေပြီ.. ။

ထမင်းစားတုန်း ပြောရမလား လို့ တွေးနေရတဲ့အလုပ်တစ်လုပ်ကြောင့် အစားတောင် ကောင်းကောင်း မစားခဲ့ရဘူး.. ကောင်းကောင်းလည်း မြိုမကျနိုင်

အခုထိလည်း ဘာဆိုဘာတစ်ခုမှ မဟရသေးတာတော့ မဟုတ်သေးပါဘူး.. ပြောဦးမှပါလေ ။

" ယဉ်အေး ယဉ်အေး.. "

" ဟင် "

" မင်းဘာတွေ အတွေးလွန်နေတာလဲ.. ငါမေးနေတာ တောင်မကြားဘူး "

" ဟွန်.. ကိုရှင်လေးက ဘာမေးနေတာလဲ "

" မား တို့ ဘာဖြစ်နေတာလဲလို့ မေးတာ.. ညနေ မင်းကို လာခေါ်တော့ မျက်နှာက ပြုံးပျော်နေတာ ပြီး ငါ့ကို တိုးတိုးကြိတ်ကြိတ် လာပြောသွားသေးတယ်.. မင်းကို ဂရုစိုက် လိုက်ဦးတဲ့ မင်းနေမကောင်းလို့လား "

" ဟင် အဲ.. မဟုတ်ပါဘူး "

" မဟုတ်ပါဘူး.. မင်း ပုံမှန်ကို မဟုတ်ဘူး မှန်း "

ပြောရင်းဆိုရင်းနဲ့ကို ယဉ်အေးနဖူးကို ကိုရှင်လေးက လက်ဖမိုးနဲ့လာစမ်းသပ်နေပြီ.. အဲ့လိုနေမကောင်းတာ မဟုတ်ရပါဘူး ကိုရှင်လေးရယ် ။

ခွင့်မရှိ (Unicode)Where stories live. Discover now