Ep-11

4.6K 684 80
                                    

(Unicode)

ဒီနှစ် ဆောင်းက အရင်နှစ်တွေထက် ပိုအေးသည်။ ချမ်းစိမ့်မှုက အရိုးထဲထိ စိမ့်ပြီး နှင်းဖြူဖြူလေးတွေက စိတ်ကို ကြည်လင်စေသည်...။ ငွေ့ရည်ဖွဲ့ပြီး စိုစွတ်နေသော သစ်ရွက်လေး‌များက ပတ်ဝန်းကျင်၏ အလှတရားကို ပိုမို၍ ပြည့်စုံစေသည်။ မနက် ၉နာရီကျော်ကျော် ရှိနေပြီ ဖြစ်ပေမဲ့ အအေးဓာတ် မပြယ်သေးတာကြောင့် နေလို့ထိုင်လို့ ကောင်းလှသည်။ Sunshine cafe ထဲတွင် ပျံ့လွင့်နေသော John Legend ၏ All Of Meသီချင်းလေးက ဆောင်းရာသီနှင့် ပိုမိုလိုက်ဖက်နေသယောင်ယောင်။ အေးမြလှသည့် ဆောင်းရာသီမှာ ဆိုင်မှာကား ဧည့်သည်ကျနေသောကြောင့် အရင်ထက်ပို၍ လှုပ်ရှားနေရလေရဲ့.....။

"ဒီမှာ.....ဒီမှာ.....။"

စားပွဲနံပါတ် ၁၂မှ လှမ်းခေါ်သံကြောင့် Hoseok မဆိုင်းမတွ ‌စားပွဲဆီ သွားလိုက်သည်။ ထိုအချိန် အဝင်အထွက်တံခါးမှာ တပ်ထားသော ခေါင်းလောင်းလေးက ချွလွင်ဆိုပြီး အသံမြည်သွားသည်ကို သိလိုက်ပေမဲ့ သတိမထားမိလိုက်.....။

ထိုစားပွဲဝိုင်းမှာက သားအမိနှစ်ယောက်။ သားဖြစ်သူက အသက် ၂၀ကျော်ကျော်ရှိပြီဖြစ်ပြီး အမေဖြစ်သူကတော့ ၅၀ကျော်ကျော်ခန့်ရှိလောက်မည်။ အမေဖြစ်သူက ၅၀ကျော်ခန့်ဆိုသော်လည်း လန်ပျံနေသည်မှာ ဆယ်ကျော်သက်အမျိုးသမီးရှုံးရလောက်သည်...။

"ဘာများ အလိုရှိပါသလဲ ခင်ဗျာ။"

"မင်းရူးနေလား။"

ဘလိုင်းကြီး အပြောခံလိုက်ရတာကြောင့် Hoseok ကြောင်သွားသည်။

"Nae...??"

"နို့နဲ့ မတည့်လို့ ကော်ဖီသီးသန့်တောင်းတာကို အပေါ်က cream တွေ တင်ထားတာက ငါတို့ကို ရွဲ့တာလား။ မင်းရူးနေတာလား....။"

"ဟို...."

သူ kitchenကို မှာဖို့ မေ့သွားသည်။ အပေါ်က cream မထည့်ဖို့....။

"ဟို...‌တောင်းပန်ပါတယ်။ တကယ်တောင်းပန်ပါတယ်။ ကျွန်တော်တို့ orderများပြီး ရောသွားလို့ပါ။ တကယ်တောင်းပန်ပါတယ်ခင်ဗျာ...။ အသစ်ပြန်လဲပေးပါ့မယ်။"

"မလိုဘူး။ နောက်လည်း ဒီဆိုင်ကို ဘယ်တော့မှ လာမထိုင်ဘူး..။ တော်သေးတာပေါ့။ ငါ့သားက နည်းနည်းပဲ သောက်ရသေးလို့။ ဓာတ်မတည့်မှုက ဘယ်လောက်တောင်ဆိုးလဲ မင်းသိလား။ မတော်လို့ ပမာဏအများကြီးသောက်မိပြီး ဆေးရုံရောက်သွားရင် ဘယ်လိုလုပ်မလဲ။ မင်း အစားထိုးခံပေးမှာမို့လို့လား။"

PUPPET ||COMPLETED||Where stories live. Discover now