5.7K 599 434
(Unicode)
Annyeong......
Sun ပါ။
‌အမြဲတမ်းကျေးဇူးတင်လွှာမပါမဖြစ်ဆိုတော့ ကျေးဇူးတင်စကားလေးပြောချင်တာရယ်၊ နောက် ရှင်းလင်းချင်တာလေးရယ် ရှိလို့ ဒီစာကို ရေးလိုက်ရပါတယ်။
ရှင်းလင်းချက်ဆိုတာထက်....ဘယ်လိုပြောမလဲ။JJK sideကို နားလည်အောင်ပြောချင်တာဆိုရင် ပိုမှန်မယ်ထင်တယ်။
အရင်ကထက် ပိုပြီးလူကြိုက်များသွားခဲ့တဲ့ PUPPETဟာ feedbackတွေကို ‌မျှော်မှန်းထားတာထက် ပိုရခဲ့တယ်။ ကိုယ်က ဖန်တီးသူပဲ။ မပျော်ဘူးလားမေးရင် ဘယ်နေပါ့မလဲ။ ပျော်တာပေါ့..။ ဒါပေမဲ့...တစ်ချို့တစ်ချို့သော Feedback လေးတွေကြောင့် ဒီစာကို ရေးဖို့ ဖြစ်တည်လာခဲ့တယ်။
သေချာပေါက် Jeon Jung kook အတွက်ပါပဲ။
တော်တော်များများရဲ့အမြင်မှာ သိပ်ကိုနူးညံ့တဲ့ ချယ်ရီပွင့်တွေရဲ့ ဖြစ်တည်မှုမျိုးနဲ့ မြင်နေကြဖြစ်တဲ့ Park Ji Min ဟာ ဒီထဲမှာတော့ သံမဏိဒိုင်းကာတစ်ခုလို သိပ်ကို မာကျောခက်ထန်တဲ့ ဖြစ်တည်မှုမျိုးဖြစ်လာခဲ့တယ်။ အချစ်ခံချင်တယ်၊ ချစ်ရသူ အန္တရာယ်ကင်းဖို့ ဘာမဆို လုပ်ရဲတယ်၊ လူသတ်ဖို့ထိလည်း ဝန်မလေးဘူး။ သူ့ကို မာကျောတဲ့ ကျောက်ဆောင်တစ်ခုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူသိပ်ချစ်တဲ့ Jeon Jung kook ဆိုတဲ့ လူသားကတော့ သိပ်ကို အေးချမ်းတဲ့ စမ်းရေကြည်လိုမျိုး ဖြစ်တည်မှုတစ်ခု။
သိပ်ကိုအေးပြီး ဖြူစင်သလို ပရိယာယ်တွေ မာယာတွေ ဘာကိုမှ နားမလည်ဘဲ ပကတိအဖြူထည်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်အနေနဲ့ sun Jung Kookကို ရေးခဲ့ပါတယ်။ ဒီjeon jung kookဟာ လွန်ခဲ့သော နှစ်တွေက Jimin Hyungကိုဆို သိပ်ရှက်တတ်တဲ့ ဆယ်ကျော်သက်‌ကောင်လေးJeon လိုမျိုး ဖြစ်တည်မှုပါ။ ဖြူစင်ပြီး ကလေးဆန်သလို ဘာမှသိပ်နားမလည်တတ်ခဲ့တဲ့ ကောင်လေးတစ်ယောက်။ ရုတ်တရက်ကြီး အစ်ကိုတစ်‌ယောက်လို ‌လေးစားရတဲ့ သူက ကိုယ့်ကိုချစ်နေကြောင်း သိလိုက်ရတဲ့အခါမှာ သူ သိပ်ကို လန့်သွားခဲ့တယ်။ တစ်ခု သတိထားပေးဖို့က အဲ့အချိန်မှာ သူ့အသက်ဟာ ၂၀စွန်းစွန်းအရွယ်ပါ။ တက္ကသိုလ်ဒုတိယနှစ်လောက်ပဲ ရှိသေးတဲ့ကောင်လေးပါ။ မထင်ထားတဲ့ ချစ်ခြင်းနဲ့ သူ့ဘဝကြီးထဲကို ဝင်ရောက်လာတဲ့ တစ်စုံတစ်ယောက်ဟာ သူ့ကို လွှမ်းမိုးထားရင်းနဲ့ ချစ်ခဲ့တယ်။ သူ့ဆီ အန္တရာယ်တွေမရောက်လာအောင် ဒိုင်းတစ်ခုလို ကာကွယ်ပေးထားတဲ့ အဲ့ဒိလူသားရဲ့ချစ်ခြင်းတွေက ချစ်ခြင်းမေတ္တာကို ရိုးရိုးရှင်းရှင်းပဲ တွေးတတ်တဲ့ ကောင်လေးငယ်အဖို့တော့ အတ္တတွေလို့ပဲ မြင်ခဲ့တယ်။ အဆိုးဆုံးက နမ်ဟေးမီနဲ့ မာဆန်းဝူကို သတ်ပစ်ခဲ့တာပါပဲ။
PUPPET ||COMPLETED||Where stories live. Discover now