Ep-29

4.3K 637 255
                                    

(Unicode)

အိပ်ယာထက်မှာ လူးလိမ့်ရင်း Jung Kook လက်တွေက ဘေးကို ရောက်သွားသည်။ ဗလာဟင်းလင်းဖြစ်ကာ မွေ့ယာခင်းကိုပဲ ထိမိသည့် လက်တို့ကြောင့် မျက်လုံးတို့က အော်တိုမက်တစ်ပွင့်သွားပြီး ထ ထိုင်မိလိုက်သည်။ နာရီကြည့်တော့ မနက် ၃နာရီခွဲ...။ နေပါဦး။ သူ့ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားသည့် ထိုလူက ဘယ်ရောက်သွားပြန်ပြီတုန်း။ အခန်းကို ဝေ့ဝဲကြည့်လိုက်တော့ လေသာဆောင်ဝရန်တာပြတင်းတံခါးက ပွင့်နေသည်။ လပြည့်ညမို့ လရောင်၏ အလင်းက ပွင့်နေသော ပြတင်းတံခါးမှတစ်ဆင့် အခန်းထဲသို့ လွှမ်းခြုံကျလာသည်။ ဝရန်တာမှာတော့ သူ ရှာနေသည့် လူသားက ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေလေရဲ့။ ကျစ်....ဆောင်းတွင်းရောက်နေပြီကို pajamasအပါးလေးဖြင့် နေနိုင်သည်တဲ့လား။ လူကြည့်တော့ဖြင့် ယိုင်နဲ့နဲ့ကို။ သွားသင့်မသွားသင့် စဉ်းစားမိပေမဲ့ ခြေထောက်တို့က သစ္စာဖောက်စွာ ဗီရိုဘက်ရောက်သွားပြီး လက်တို့က တံခါးကို ဆွဲဖွင့်လျက် အနွေးထည် အင်္ကျီကို ဆွဲထုတ်မိလိုက်သည်။

"အင်း.....။ ဘာပဲပြောပြော တော်သေးတာပေါ့။ တော်တယ်။ မင်းတို့တော်တယ်။ ငါလည်း တော်တော်ရင်မောနေတာ...။ အခုတော့ အပူတစ်လုံးကျသွားပြီ။ မင်းတို့ဘက်ကရော ဘာအခက်အခဲများရှိ‌သေးလဲ...။"

Brazilကိစ္စပဲ ဖြစ်ပါလိမ့်မည်။ ဒီလူက အလုပ်နှင့် ပတ်သက်လာလျှင် ဘာမှသတိမရတော့။ ထိုမျှထိလည်း PUPPET ၏ ဆွဲငင်အားက သူ့အပေါ်တွင် ကြီးသည်။ အနွေးထည်ကို သူ့ကိုယ်ပေါ်မှာ ခြုံပေးပြီး အေးစက်နေသည့် ထိုကိုယ်ခန္ဓာကို Jung Kookရင်ခွင်ထဲ ဆွဲသိမ်းလိုက်တော့ သူက ‌ကြောင်အစွာ လှည့်ကြည့်လာသည်။

စကားဆက်ပြောဟု အဓိပ္ပာယ်ဖြင့် မေးဆတ်ပြလိုက်‌တော့ ပြန်လှည့်သွားပြီး သူ့ အလုပ်ကိုသာ ဆက်ပြောနေသည်။

"အင်း....အင်း...။ ဟုတ်ပြီလေ....။ ဒါဆို ငါ စိတ်ချလိုက်မယ်နော်....။ အဆင်ပြေ‌ပြေ လုပ်လာခဲ့...။ ဟုတ်ပြီလား။ အဲ့တာဆို ဒါပဲနော်...။"

"အင်း...အင်း....."

ဖုန်းလေးကျသွားတော့မှ....

"ကဲ......အဆင်ပြေပြီမဟုတ်လား။ မောင် ပြောပါတယ်။ အားလုံး အဆင်ပြေသွားမှာပါလို့...။ Hyung ကသာ စိတ်ပူလွန်နေတာ။"

PUPPET ||COMPLETED||Where stories live. Discover now