Ep-34 {Final}

12.2K 933 367
                                    

(Unicode)

၇နှစ်ခန့် ကြာပြီးနောက်........

စတုရန်းပုံသဏ္ဌာန် အုတ်ပိတ်တိုက်ခန်းလေးထဲဝယ် အလင်းရောင်ဆိုလို့ အုတ်ချပ်သုံးချပ်စာ လွတ်၍ မှန်ကပ်ထားသော နေရာမှ တိုးဝင်လာသော နေရောင်ခြည်နှင့် အခန်း မျက်နှာကြက်၏ အလယ်တွင် ချိတ်ဆွဲထားသော မီးချောင်းရှည်တစ်ခုမှ အလင်းရောင် မှုန်ပျပျသာရှိနေသည်။

အခန်းထဲဝယ်တော့ အ‌ပြာရင့်ရောင်ကို တူညီစွာ ဝတ်ဆင်ထား‌ကြသော လူသုံးယောက်သည် ကိုယ်စီ အာရုံဖြင့် ငြိမ်သက်နေကြသည်။ တစ်ယောက်ကား နာမည်ကြီး စာရေးဆရာမ Jane Austen၏ နာမည်ကျော် "Pride and Prejudice"ဟူသော စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ တစ်ယောက်ကတော့ သူ့နေရာလေးဝယ် အိပ်နေသည်။ သူတို့ထဲဝယ် အငယ်ဆုံးဟု ထင်ရသော လူတစ်ယောက်ကတော့ အလွန်ထူးခြားလှသည်။ ထိုသူကား သစ်သားစားပွဲခုံပုလေး၏ ရှေ့ဝယ် တင်ပုလ္လင်ခွေထိုင်ကာ ‌ပေါင်ပေါ်သို့ဘယ်ဘက်လာက်ပေါ် ယာလက် ထပ်၍ လက်မထိပ်လေးနှစ်ခုကို ထိရုံလေး ထိထားသည်။ သူ့မျက်ဝန်းများသည် ပကတိ မှိတ်
ထားပြီး မျက်ခွံများသည် လှုပ်ရှားမှုမရှိ ပကတိငြိမ်သက်နေလေသည်။ ရင်ဘတ်သည် အတက်အကျမှန်မှန်ဖြင့် မြင့်ချည်နိမ့်ချည် ခုန်လှုပ်နေသည်။ သူ့အသားအရည်သည် အနည်းငယ် ဖြူဖျော့နေသော်လည်း မျက်နှာသွင်ပြင်ကား ပကတိတည်ငြိမ်‌နေသည်။ သို့တည်းမဟုတ်.....ပကတိ ငြိမ်းချမ်းနေခြင်း။

ထိုနေရာကား....လူတကာတို့ မလာချင်ကြသော၊ သို့တည်းမဟုတ် မစည်ကားသင့်သော နေရာတစ်ခု။ တစ်နည်းအားဖြင့် အကျဉ်းထောင်။

*ဂျိန်း...*

သံတံခါးသည် ဂျိန်းခနဲ ဆွဲဖွင့်ခြင်းခံလိုက်ရပြီး လူတစ်ယောက်သည် ခေါင်းလေးငုံ့ဝင်လာ၏။ ထိုလူကား ထောင်မှူး။

"ထောင်သားအမှတ် ၅၈၁၃။ ထောင်ဝင်စာ လာတွေ့တယ်။"

ဤစကားသံအဆုံးဝယ် ခုံပုလေးရှေ့၌ တည်ငြိမ်စွာမျက်လွှာချရင်း ငြိမ်သက်နေသော လူငယ်၏ မျက်ဝန်းများသည် ဖြည်းညင်းစွာ ပွင့်ဟလာခဲ့သည်။ ခန္ဓာကိုယ်ကို ငြင်သာစွာ ပြင်လိုက်ပြီး ထိုင်နေရာမှ သတိထား၍ ထသည်။ ထို့နောက် ထောင်မှူးကို ဘာတစ်ခွန်းမှ ‌မပြောဘဲ ထောင်မှူးခေါ်ရာ နောက်သို့သာ အသာတကြည် တည်ငြိမ်စွာလိုက်လာတော့သည်။

PUPPET ||COMPLETED||Where stories live. Discover now