Ep-32

5.5K 787 578
                                    

(Unicode)

Jung Kook ကို Bam Bamအိမ်ပို့လိုက်ပြီး စာထိုင်ဖတ်နေတုန်း...

*Ring...Ring.....*(Ph Ringtone)

"Hello....."

ဖုန်းက ဦးလေးLee Jung Hook ဆီမှ....။

"Jiminလား။"

"ဟုတ်ကဲ့။ ပြောပါ ဦးလေး။"

"ကိုယ် မင်းအိမ်ရှေ့ရောက်နေတယ်။ ထွက်လာလို့ရမလား။"

သူ ဘယ်လိုလို့ အိမ်ကိုသိသွားရတာလဲ။

"ဘယ်လိုလို့ အိမ်ကိုသိလဲလို့မေးမလို့မဟုတ်လား။ မင်းအဖေဆီက သိလာတာ။"

အဖေနဲ့ ဦးလေးJung Hookနဲ့က အဆင်မပြေဘူးမဟုတ်လား။

"အော်....ဟုတ်ကဲ့။ ကျွန်တော် ထွက်လာခဲ့မယ်လေ...။"

ခပ်မြန်မြန်ပင် ကားပေါ်တက်ကာ ထွက်လာခဲ့သည်။ ခြေကျင်သာ ထွက်ရလျှင်ပင် နေစောင်းလျှင်တောင် အပြင်ရောက်မည်မဟုတ်။ အပြင်ထွက်လာတော့ လမ်းဘေးမှာ ဦ‌းလေး Jung Hookက ကားကိုရပ်ပြီး ကား‌ပေါ်မှ ဆင်း၍ ‌ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။ သူ့ပုံစံက တစ်စုံတစ်ခုကို စိတ်ပူနေသည့်ဟန်.....

"ဦးလေး....."

သူ ခေါ်လိုက်တော့ ဦးလေး လှည့်ကြည့်လာသည်။ ထို့နောက် မဆိုင်းမတွပင် သူ့ဆီလျှောက်လာကာ ဆွဲဖက်လိုက်သည်။

"ဦး....ဦးလေး...."

အခုအခြေအနေက ဦးလေး Lee Jung Hookက သူ့ကိုဖက်ထားပြီး သူက ဦးလေး ရင်ခွင်ထဲမှာ တောင့်တောင့်လေး ရပ်လျက်သား....။

"ရူးနေလား....။ မင်း ရူးနေလား!!!! ဟမ်....ဘေးမှာရှိတဲ့ လူတွေကို အကုန် တွန်းပို့ပြီး မင်းတစ်ယောက်တည်း အစိုးရကို ရင်ဆိုင်ရအောင် အစိုးရက မင်း အဖေမို့လို့လား!!!! ဘာလို့ ကိုယ့်ကို...ကိုယ့်ကိုလည်း တစ်ခုမှမပြောဘဲ စိတ်ထင်ရာတွေ လုပ်နေတာလဲ။ ဒီအကြောင်းတွေ စ,စကြားတဲ့ အချိန်တုန်းက  ကိုယ် ဘယ်လောက် ရင်တွေပူခဲ့ရလဲသိလား။ မင်းအဖေသာ ကိုယ့်ကို ဖုန်းဆက်ပြီး အကူအညီမတောင်းခဲ့ရင် အဲ့နေရာမှာတင် ကိုယ့်ရင်တွေ ပူပြီး ရူးသွားနိုင်တယ်။ မင်း ရူးနေလား။!!! အရမ်းတွေ သတ္တိ‌ရှိနေလား Park Ji Minရဲ့...."

PUPPET ||COMPLETED||Where stories live. Discover now