Ep-25

4.2K 641 279
                                    

(Unicode)

"သွေးနည်းနည်းတက်နေ‌တယ်နော်‌ ဖေဖေ။ အငန် လျှော့စားဦး။ တကယ်ပဲ...။ သားသမီးတွေဘေးနားမရှိဘူးဆိုတိုင်း ထင်တိုင်းကြဲနေတာ။"

သမီးဖြစ်သူက Pressure Cuff ကိုချွတ်ကာ သူ့ကို ဆူလာတော့ Park Min Soo တစ်ယောက် ရယ်မိပါသည်။

"ငါ့သမီးကတော့ကွာ....။ ဆရာဝန်မကြီးဖြစ်နေတော့ ‌ဖအေကို ပြန်ပြီး ဆရာလုပ်နေပြီပေါ့။"

"တကယ်သိလား။ ပြောရခက်လွန်းတယ်။ ‌ဖေဖေရော ဖေဖေ့သားရော...။ ဖေဖေ့သားခေါင်းမာတာကလေ ဖေဖေနဲ့ တူတာနေမှာသိလား"

ပစ္စည်းတွေကို နေရာတကျ ပြန်သိမ်းရင်း ‌ပြောလာသော သမီးဖြစ်သူကြောင့် သားငယ်ကိုတောင် သူ သတိရမိသွားသည်။

"သားငယ်ဆိုလို့ သူရော အဆင်ပြေရဲ့လား ဆူးယောင်း။"

"ပြေပါတယ်။ အခုတော့ Jung Kookလည်းလိမ္မာနေတော့ ကြည်ကြည်လင်လင်ပဲ။ အရင်ကထက်လည်း နူးညံ့လာတယ်။ Jeon Jung Kookကြောင့်ပဲပေ့ါ။"

ဟိုတစ်ခါ Ma Sung Woo ကိစ္စနှင့် Jimin နှင့် ‌အဖေတို့ ပြဿနာတက်ပြီးကတည်းက အဖေက Jiminကို စကားသိပ်မပြောတော့။ မချစ်လို့တော့မဟုတ်။ စိတ်ဆိုးခြင်းသတ်သတ်။ ဒါကို မာနခဲ ကိုယ်တော်ကလည်း သိလျက်သားနှင့် မချော့။ သုံးရက်တစ်ခါလောက်နေကောင်းလား ဘာညာသာ လှမ်းမေးပြီး အဖေဖြစ်သူ စိတ်ဆိုးနေသည်ကိုလည်း ချော့ရကောင်းမှန်းသူမသိ။

"ဘာပဲပြောပြော Jeon Jung Kookကို ကျေးဇူးတင်တာမှန်ပေမဲ့ Jimin အကြောင်း တွေးလိုက်တိုင်း သူ့ကို ‌ဒေါသထွက်မိတုန်းပဲ။"

စောင်ခေါက်ပေးနေသော သမီးကြီး၏ လက်တို့က ရပ်တန့်သွားသည်။

"အဖေတောင် ဒေါသထွက်တယ်ဆို အနီးကပ်နေခဲ့ရတဲ့ သမီးတို့၊ Yoon Gi တို့ ‌Taehyungတို့က ပိုဆိုးတာပေါ့ ဖေဖေ။ Yoon Gi နဲ့ Taehyungဆို ဟိုတစ်ခါဖြစ်ပြီးကတည်းက သတ်ချင်နေကြတာ။ Taehyungဆို သူ့သူငယ်ချင်းကို ဒီလိုဖြစ်စေရပါ့မလားဆိုပြီး အခုထိ Jung Kookနဲ့ပြေလည်တာမဟုတ်ဘူး။ နောက်တစ်ခေါက်အသံကြားလို့ကတော့ Jimin ကို ဆွဲထုတ်သွားမယ်ချည်းပဲလုပ်နေတာ။..."

"ဘာပဲပြောပြော Jiminကို ဂရုစိုက်ပေးကြတဲ့လူတွေရှိတာတော့ အဖေ တကယ်ဝမ်းသာပါတယ်။"

PUPPET ||COMPLETED||Where stories live. Discover now