Far From You _ Chapter (1)_ အကိုႀကီးကို တဖက္သတ္ခ်စ္ေနေသာ သူ (Z+U)

10.4K 1.1K 19
                                    

Far From You _ Chapter (1)_ အကိုႀကီးကို တဖက္သတ္ခ်စ္ေနေသာ သူ  (Z+U)

ဝမ္ယာ သည္ သူ႔အစ္ကို ဝမ္ရွင္း လဲေလ်ာင္းေနသည့္ ေဆး႐ုံထက္က ကုတင္ေရွ႕မွာ ေဟာ္ယြမ္တုန္း ႏွင့္ ပထမဆုံးေတြ႕ဆုံခဲ့သည္။

အစ္ကိုႀကီး ဝမ္ရွင္းက မစ္ရွင္တစ္ခုတြင္ အႀကီးအက်ယ္ ဒဏ္ရာရ ၿပီးေနာက္  သတိလစ္ေမ့ေျမာေနၿပီး  ကိုမာဝင္ကာ သုံးလတိတိ ႏိုးမလာခဲ့ေပ။ ဒီအေၾကာင္းကို အိမ္က ဝမ္ယာမသိေအာင္ ဖုံးကြယ္ထားၿပီး ဝမ္ယာက ပါရဂူ ေဒါက္တာ ဘြဲ႕အတြက္ ဘြဲ႕ယူစာတမ္းတင္ၿပီးခ်ိန္မွ အေၾကာင္းၾကားခဲ့သည္။ ဝမ္ယာက ထိုသတင္းကိုသိသိခ်င္း စိတ္ပူစြာျဖင့္ အျမန္ေျပးလာ ခဲ့သည္။

 ဝမ္ယာက အစ္ကိုအတြက္ ပန္းမ်ားကိုယူေဆာင္လာၿပီး ေဆး႐ုံ အေပၚထပ္ရွိ အထူးၾကပ္မတ္ကုသေဆာင္သို႔ ထြက္လာခဲ့သည္။  
သူ႔အစ္ကိုႀကီးတစ္ေယာက္ကိုသာ ဒီအထပ္တြင္ ထားရွိၿပီး မိသားစုဆရာဝန္မ်ား၊ ကိုယ္ရံေတာ္မ်ား၊ လူနာျပဳစုမည့္လူမ်ားကို ေစလႊတ္ထားသည္။ ဒီလူေတြက လိုအပ္ခ်ိန္မွ ေပၚလာေသာေၾကာင့္ တစ္ထပ္လုံး တိတ္ဆိတ္လ်က္ရွိသည္။

အကိုႀကီးဝမ္ရွင္း ရွိသည့္ အခန္းတံခါးကို မဖြင့္ရေသးခင္  ဝမ္ယာက အေဝးကတည္းကပင္ အကိုႀကီး၏ ခုတင္ထက္ကို အုပ္မိုးကာ ကုန္းၾကည့္ေနသည့္ လူတစ္ေယာက္ကို ျမင္လိုက္သည္။  ထိုလူ၏ အျပဳမႈတိုင္းက ႏူးညံ့သိမ္ေမြ႕ၿပီး သူ႔လႈပ္ရွားမႈတိုင္းက အိပ္ေနေသာအစ္ကိုႀကီးကို ႏိုးသြားမိမွာကို ေၾကာက္႐ြံ႕ေနပုံရသည္။

ေဘးတိုက္ျမင္ရသည့္ ထိုအမ်ိဳးသား၏မ်က္ႏွာက အေတာ္ေလးကို ၾကည့္လို႔လွသည္၊ သူ႔ရဲ႕ႏွေခါင္းက ေျဖာင့္စင္းကာ ေပၚလြင္လွပ္ၿပီး ႏူတ္ခမ္းပါးပါးႏွင့္ အရမ္းကို  sexy ျဖစ္သည္။ အခန္းဝမွာ ရပ္ေနရာကပင္ ထိုလူဆီက ပူေဆြးၿပီး နာက်င္သည့္ စကားသံကို ၾကားေနရသလို ခံစားလိုက္ရသည္။ အကိုႀကီးကို သူၾကည့္ေနပုံက သူတို႔ႏွစ္ေယာက္ၾကား စကားလုံးျဖင့္ပင္ ေျပာလို႔မရႏိုင္ေလာက္သည့္  နာက်င္မႈႏွင့္ေရာေႏွာေန ပုံရသည္။

ဝမ္ယာသည္ ေျခလွမ္းကိုေရွ႕ဆက္ တိုးသင့္လား မတိုးသင့္လား ေတြေဝသြားခဲ့သည္။  အဲဒီလူရဲ႕ပုံပန္းသဏၭာန္ကိုၾကည့္ရတာ အရမ္း ဝမ္းနည္းစရာေကာင္းၿပီး ဝမ္ယာ့ကိုပင္ ဝမ္းနည္းစိတ္ေပၚလာေစခဲ့တယ္။  သူ႔ေၾကာင့္ ဒီလူကိုေႏွာင့္ယွက္မိမွာကို ဝမ္ယာ အနည္းငယ္ေၾကာက္ ေနမိသည္။

သူ တြန႔္ဆုတ္သြားခ်ိန္မွာ ထိုလူက ႐ုတ္တရက္ ကိုယ္ကို မတ္လိုက္ၿပီး သူ႔ဘက္ကို လွမ္းၾကည့္လိုက္သည္။

ထိုသူ၏မ်က္ႏွာေပၚက အမူယာက ခ်က္ခ်င္း ေအးခဲသြားခဲ့သည္။ ေဆာင္းရာသီညတြင္ တိုက္ခတ္ေသာ ေလေအး ကဲ့သို႔ လ်စ္လ်ဴရႈျခင္းႏွင့္  ဓါးကဲ့သို႔ ထက္ျမက္သည့္ အၾကည့္စူးစူးမ်ားျဖင့္ ဝမ္ယာကို သူ စိုက္ၾကည့္ေနခဲ့သည္။

ဝမ္ယာ အံ့ၾသသြားခဲ့သည္။ ဒီလူရဲ႕ မ်က္ႏွာက ဒီေလာက္ ျမန္ျမန္ႀကီး ေျပာင္းလဲသြားမည္ဟု သူ ထင္မထားမိေပ။ သူ႔အစ္ကိုႀကီးကို စိုက္ၾကည့္ေနခ်ိန္မွာ ႏူးညံ့ေနသေလာက ္သူ႔ကိုၾကည့္ေနခ်ိန္မွာ ေအးစက္လို႔ေနသည္။
 
ဒီလူက သူ႔ရင္ထဲက လွ်ိဳ႕ဝွက္ခ်က္ကို အမွတ္မထင္ ဝမ္ယာ သိျမင္သြားလို႔ အခုလို သူ႔ကို  ရန္လိုေနသည္ဟု ထင္ခဲ့သည္။  

ဘာလို႔လဲ ဆိုေတာ့ ဒီလူက သူ႔အစ္ကိုကို အရမ္းကို ခ်စ္ေနလို႔ပဲေပါ့။

သူ႔အစ္ကိုႀကီး၏ခ်စ္သူပုံကို ဝမ္ယာ ျမင္ဖူးခဲ့သည္။ ထိုလူက အသားျဖဴကာ ၾကည့္ေကာင္းေပမယ့္ ေနမေကာင္းသလို ျဖဴဖတ္ေနတာျဖစ္ၿပီး အခု ေတြ႕သည့္ လူလို ခန႔္ညားေခ်ာေမာျခင္း မရွိလွေပ။  

အခုလူက အကိုႀကီးကို လာေတြ႕ခဲေသာ လူတစ္ေယာက္ျဖစ္သျဖင့္ ဝမ္ယာ သူ႔ကို မျမင္ဖူးခဲ့ေပ။

------------------------------------

အခုခ်ိန္က ဝမ္ယာက ေဟာ္ယြမ္တုန္းကို   ဒုတိယအႀကိမ္ေျမာက္ ေတြ႕ခဲ့ျခင္းျဖစ္သည္။ ဖိုးဖိုးေဟာ္က ေဟာ္ယြမ္တုန္းႏွင့္ ဝမ္ယာကို လက္ထပ္ေပးဖို႔ ေတာင္းဆိုလာခဲ့သည္။

ဝမ္ယာ ေမြးမလာခင္က ဝမ္ႏွင့္ ေဟာ္မိသားစု ႏွစ္စုမွ အႀကီးကဲမ်ားက သူတို႔ေျမးမ်ားကို လက္ထပ္ေပးဖို႔ အစီစဥ္လုပ္ခဲ့ဖူးသည္။ သူတို႔က ဖိုးဖိုးေဟာ္၏ေျမး အသက္ငါးႏွစ္အ႐ြယ္ ေဟာ္ယြမ္တုန္းကို မေမြးလာေသးသည့္ ဝမ္ယာႏွင့္ လက္ထပ္ေပးဖို႔သေဘာတူခဲ့သည္။ ဒါေၾကာင့္ ကေလးဘဝကတည္းက ဝမ္ယာႏွင့္ ေဟာ္ယြမ္တုန္းက လက္ထပ္ေပးဖို႔သေဘာတူထားၿပီးသား စုံတြဲျဖစ္ခဲ့သည္။

ေဟာ္မိသားစုသည္ က်ဳံးမင္ဒင္းရွီ လုပ္ငန္းစုႀကီး၏ ပိုင္ရွင္ျဖစ္ၿပီး လြန္ခဲ့ေသာ ႏွစ္ေပါင္း  ၁၀၀ ကတည္းက အထက္တန္းလႊာ လူ႔အဖြဲ႕စည္း၏  ထိပ္ဆုံးတြင္ရွိေနခဲ့သည္။ မိသားစုႏွစ္စုသည္ စီးပြားေရးအရ ဆက္စပ္ၿပီး တစ္ ဦး ႏွင့္တစ္ ဦး ရင္းႏွီးကြၽမ္းဝင္ၿပီးသား ျဖစ္သည္။

လူတိုင္းက ဝမ္ယာက မိန္းကေလးျဖစ္မည္ဟု ထင္ထားေပမယ့္ ေကာင္ေလး အျဖစ္ ေမြးလာမည္ဟု ဘယ္သူမွ ထင္မထားမိေပ။  ဒါေၾကာင့္ ဒီလက္ထပ္ဖို သေဘာတူထားျခင္းက လက္ေတြ႕ အေကာင္ထည္ မေဖာ္ႏိုင္လိုက္ေတာ့ပဲ ဒီလိုပဲ ၿပီးသြားရသည္။  မိသားစုႏွစ္စုအၾကားတြင္ေတာ့ တစ္ခါတစ္ရံ ဟာသအျဖစ္သာ ေျပာေလ့ရွိၾကေတာ့သည္။

ဝမ္ယာႏွင့္ ေဟာ္ယြမ္တုန္းတို႔ႏွစ္ေယာက္က ပိုလို႔ပင္ စိမ္းသက္ေနၾက သည္။ ဝမ္ယာက ငယ္စဥ္ကတည္းက က်န္းမာေရးမေကာင္း သျဖင့္   ၾသစေၾတးလ်ကို ေဆးကုသဖို႔ ပို႔ထားရသည္။  သူ အထက္တန္းေက်ာင္း တက္ရန္ အေမရိကားသို႔ သြားခဲ့ရၿပီး ယခုႏွစ္တိုင္ေအာင္ တ႐ုတ္ျပည္ကို မျပန္ခဲ့ဖူးေပ။ ဒါ့အျပင္ University တက္ေတာ့လည္း အေမရိကားတြင္ တက္ရသျဖင့္ ဝမ္ယာႏွင့္ ေဟာ္ယြမ္တုန္းတို႔ ေတြ႕ဖို႔ အခြင့္ေရး တစ္ခါမွ မရခဲ့ေပ။

 မေမွ်ာ္လင့္ဘဲ ေဟာ္မိသားစုထဲရွိ ဖိုးဖိုးေဟာ္က အသည္းသန္ျဖစ္ၿပီး သူ မေသခ်င္ သူ႔ေျမးကို အိမ္ေထာင္က်သြားတာကို ျမင္ခ်င္ခဲ့သျဖင့္ ဝမ္ယာ ျပသနာတက္ေတာ့သည္။ သူ႔မိဘမ်ားလည္း ဖိုးဖိုးေဟာ္ကို ငဲ့ညာသျဖင့္   တိုက္႐ိုက္ျငင္းဆန္ျခင္း မျပဳခဲ့ပဲ  သူတို႔ကေဆြးေႏြးမႈအခ်ိဳ႕ျပဳလုပ္စဥ္ ေဟာ္ယြမ္တုန္းကို ဥယ်ာဥ္ကိုလမ္းေလွ်ာက္ေခၚသြားရန္ ဝမ္ယာကို ေျပာခဲ့သည္။

ဝမ္ယာက အၿမဲတမ္းေကာင္းမြန္စြာျပဳမူေဆာင္႐ြက္တတ္ေသာ လိမ္မာေသာ သားတစ္ေယာက္ျဖစ္ခဲ့သည္။ သူက ေဟာ္ယြမ္တုန္းႏွင့္ ႏွစ္ေယာက္တည္း မသြားခ်င္သလို ေဟာ္ယြမ္တုန္းႏွင့္လည္း လက္မထပ္ခ်င္ေပ။ ဒါေပမယ့္ လူႀကီးေတြရဲ႕စကားကို ဧည့္သည္မ်ား ေရွ႕တြင္ မျငင္းဆန္ႏိုင္ခဲ့ေပ။   

 ဒီအခ်ိန္က ပူျပင္းတဲ့ေႏြရာသီျဖစ္လို႔ ဝမ္ယာက အပူဒဏ္ကိုေၾကာက္ သျဖင့္ အျပင္မထြက္ခ်င္ေပ။ သူကစႀကႍလမ္းကေန႔ပဲ လမ္းေလွ်ာက္ သြား႐ုံႏွင့္ပင္ သူ၏နဖူးတြင္ေခြၽးထြက္လာခဲ့သည္။

ကံေကာင္းေထာက္မစြာ  ၿခံထဲမွာ အႏွစ္တရာ သက္တမ္းရွိေသာ သစ္ပင္မ်ားႏွင့္ျပည့္ေနသည္။  ဒါေၾကာင့္ သူတို႔ ေအးေအး ေဆးေဆး လမ္းေလွ်ာက္ႏိုင္ၿပီး အပူတခ်ိဳ႕ကို ကာဆီးထားႏိုင္သည္။

ေရကန္ငယ္ေလး ႏွင့္ မနီးမေဝးတြင့္အနားယူရန္ ေဆာက္ထားေသာ အေဆာင္ငယ္ေလးတစ္ခုရွိသည္။ ဝမ္ယာက အမ်ားႀကီး မစဥ္းစားပဲ အဲဒီကိုဦးတည္းကာ ေလွ်ာက္လာခဲ့သည္။ သူ၏အေနာက္တြင္ ေဟာ္ယြမ္တုန္း ပါလာခဲ့သည္။ ဝမ္ယာက အေအးႏွင့္ အသီးမ်ား၊ စားစရာမ်ားယူလာရန္ အိမ္ေဖာ္ကိုေျပာၿပီးေနာက္ ေဟာ္ယြမ္တုန္းကို လ်စ္လ်ဴရႈကာ ကန္ထဲရွိၾကာပန္းမ်ားကို တိတ္တဆိတ္ၾကည့္ေနခဲ့သည္။

ခဏၾကာသည္အထိ ဘယ္သူမွ စကားမေျပာပဲ တိတ္ဆိတ္ေနခဲ့သည္။ ေဟာ္ယြမ္တုန္းက ေဘးဘက္မွာ ေျခခ်ိတ္ထိုင္ေနၿပီး ဝမ္ယာကို စိုက္ၾကည့္ကာ ေျပာလိုက္သည္။

  "အရမ္း ႐ုပ္ဆိုးတယ္"  

 ဝမ္ယာက သူ႔ကို စိတ္ရႈပ္ေထြးစြာၾကည့္လိုက္သည္။ ေဟာ္ယြမ္တုန္း၏ လွပေသာ မ်က္ခုံးမ်ားက ပင့္လိုက္ၿပီး ေမးလိုက္သည္။

  "ဘာလဲ။ မင္းက ႐ုပ္မဆိုးလို႔လား "

ထိုအခါမွ ေဟာ္ယြမ္တုန္းက သူ႔အေၾကာင္းေျပာေနတာျဖစ္ေၾကာင္း ဝမ္ယာ သိလိုက္သည္။

သူက ေဟာ္ယြမ္တုန္းကိုၾကည့္လိုက္သည္။ ဒီလူက သူ႔အကိုႀကီး ဝမ္ရွင္းလိုပဲ အရမ္းကို ဆြဲေဆာင္မႈရွိၿပီး ၾကာၾကာၾကည့္ေလ အသက္ရႈဖို႔ေမ့ေလာက္ေအာင္ ဆြဲေဆာင္ခံရေလျဖစ္သည္။ ေဟာ္ယြမ္တုန္းက အရပ္ျမင့္ျမင့္ႏွင့္ ႐ုပ္တည္ႀကီးျဖစ္ေသာေၾကာင့္ လူအေတာ္မ်ားမ်ားက သူ႔ကို အၾကာႀကီး စိုက္မၾကည့္ရဲၾကေပ။

ဝမ္ယာက ေခါင္းငုံ႔လိုက္ၿပီး ေဟာ္ယြမ္တုန္းႏွင့္ ုျငင္းခုံရန္အစီအစဥ္ မရွိေပ။

ေဟာ္ယြမ္တုန္းက သူ႔ေမးေစ့ကို လက္ႏွင့္ ပြတ္ကာ ေမးလိုက္သည္။

 " မင္း ႐ုပ္ဆိုးဘဲေလး ပုံျပင္ကို ၾကားဖူးတယ္မဟုတ္လား"

ဝမ္ယာက တိတ္ဆိတ္ေနဆဲျဖစ္သည္။ သူ ႐ုပ္ဆိုးဘဲေလး ပုံျပင္ကို ၾကားဖူးတာေပါ့။ ဒါက လြန္ခဲ့တဲ့ ရာစုႏွစ္မ်ားစြာကတည္းက နာမည္ႀကီးတဲ့ ကေလးအိပ္ယာဝင္ပုံျပင္ျဖစ္သည္။ လွပေသာ ေမာင္ႏွမမ်ားအလယ္တြင္ ႐ုပ္ဆိုးေသာ ဘဲေလးတစ္ေကာင္ရွိခဲ့ဖူးသည္။ ထိုဘဲ႐ုပ္ဆိုးေလးက သူတစ္ေကာင္တည္း ကြက္ၿပီး ႐ုပ္ဆိုးလွသျဖင့္ သိမ္ငယ္စိတ္ဝင္ၿပီး အိမ္က တိတ္တိတ္ေလး ထြက္သြားခဲ့ေသာ ပုံျပင္ျဖစ္သည္။

 ေဟာ္ယြမ္တုန္း ဘာကိုဆိုလိုသလဲဆိုတာ သူ သိတာေပါ့။ ဝမ္မိသားစုထဲမွ လူအားလုံးက ႐ုပ္ဆင္းသြင္ျပင္လွပခန႔္ညားၾကၿပီး သူတစ္ေယာက္ တည္းက သာမန္႐ုပ္ရည္ရွိသူျဖစ္သည္။ အထူးသျဖင့္ သူ႔အကိုႀကီး ဝမ္ရွင္းက ပန္းခ်ီကားထဲက ခုန္ထြက္လာတဲ့လူလို ရင္သပ္ရႈေမာဖြယ္ လွပၿပီး ထက္ေကာင္းကင္မွ လွပသည့္ လမင္းကဲ့သို႔ လူတိုင္း၏ ခ်စ္ျခင္းေမတၱာကို ရရွိခဲ့သည္။

မိသားစုထဲတြင္ သူ႔အကိုဝမ္ရွင္းက အထင္ရွားဆုံးျဖစ္သည္။

တကယ္ေတာ့ ဝမ္ယာက ႐ုပ္မဆိုးေပ။  သူ႔မ်က္ႏွာအသြင္အျပင္မ်ားက အလြန္ႏူးညံ့သိမ္ေမြ႕ၿပီး သူဟာ ငယ္ငယ္ကတည္းကေဘာင္းဘီရွည္နဲ႔ သားေရဖိနပ္ေတြကိုသာ ဝတ္ေလ့ရွိသည္။  သူ၏ မ်က္ေတာင္ ရွည္ရွည္မ်ားႏွင့္ အနက္ေရာင္မ်က္လုံးလွလွမ်ားကို ဖုံးအုပ္ေစမည့္ ေခတ္မမွီေတာ့သည့္ မ်က္မွန္ကိုလည္း တပ္ထားသည္။ သူသည္ ဝမ္မိသားစုထဲမွ ေယာက္်ားမ်ား၏ထူးျခားထင္ရွားေသာ ႐ုပ္ဆင္းသြင္ျပင္ႏွင့္ ကြဲထြက္ကာ ေခတ္ေနာက္က်ေသာ အဖိုးအိုေလး ပုံေပါက္ေနသည္။

" မင္းက ဘဲ႐ုပ္ဆိုးေလးပဲ "

ေသခ်ာတာေပါ့၊  ေဟာ္ယြမ္တုန္း ေျပာတဲ့ ဘဲ႐ုပ္ဆိုးဆိုတာ သူပဲျဖစ္သည္။

ဝမ္ယာက ဘာမွ မၾကားလိုက္သလို သူ႔ကို ေငးၾကည့္ေနလိုက္သည္။  
ဝမ္ယာရဲ႕တုန႔္ျပန္မႈေၾကာင့္ ေဟာ္ယြမ္တုန္း၏အမူယာက ေတြေဝသြား ခဲ့သည္။  သူက ဝမ္ယာ ကိုခဏေလာက္စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။

" က်စ္.... အခုမွ အသက္ဘယ္ေလာက္ရွိေသးလို႔လဲ၊ မ်က္မွန္တပ္ထားတုန္းပဲလား ?"

မ်က္စိမႈန္တာ အခုေခတ္မွာ စာမဖြဲ႕ေလာက္ေတာ့ေပ။ အခုေခတ္က သိပၸံႏွင့္နည္းပညာဖြံ႕ၿဖိဳးၿပီး ႏွလုံးအစားထိုးကုသမႈပင္လွ်င္ ၁၀၀ % နီးပါး ေအာင္ျမင္ေနၿပီ။ ဒါ့အျပင္ အေသးစား မ်က္လုံးခြဲစိတ္မႈ တစ္ခုျဖင့္ မ်က္စိမႈန္တာကို ေျဖရွင္းလိုက္ႏိုင္ေလၿပီ။ ဒါေပမယ့္ လူတိုင္းက  ဖက္ရွင္အတြက္သာမ်က္မွန္မ်ား တပ္ၾကျခင္းျဖစ္သည္။

သို႔ေသာ္ ဝမ္ယာ၏မ်က္မွန္သည္ အလြန္စိတ္ပ်က္ဖို႔ေကာင္းၿပီး လြန္ခဲ့ေသာ ရာစုႏွစ္က ဒီဇိုင္းႏွင့္တူၿပီး့သူ၏မ်က္ႏွာတစ္ခုလုံးနီးပါးကို ဖုံးအုပ္ထားသည္။

ဝမ္ယာ ဘာမွမလုပ္လိုက္ႏိုင္ခင္မွာ ေဟာ္ယြမ္တုန္းက လက္ကိုဆန႔္ၿပီး ဝမ္ယာ၏ မ်က္မွန္ကို ခြၽတ္ယူလိုက္သည္။ သူက ခဏၾကည့္ၿပီး ေက်နပ္စြာျဖင့္ေျပာလိုက္သည္။

  " အခု  စိတ္ခ်မ္းသာဖို႔ ေကာင္းေတာ့တယ္"

ဝမ္ယာသည္ သူ၏မ်က္မွန္ကိုတိတ္တိတ္ေလးၾကည့္ကာ မလိုအပ္ဘဲ မ်က္ေတာင္ခတ္လိုက္သည္။ သူ၏မ်က္ႏွာထက္တြင္ ေဒါသရိပ္ လုံးဝမရွိေပ။  

ေဟာ္ယြမ္တုန္းက ခံစားခ်က္မရွိသည့္ အ႐ုပ္ကဲ့သို႔ ဘာမွမတုန႔္ျပန္ေသာ ဝမ္ယာ၏ အမူယာကိုေတြ႕ေတာ့ ေဒါသထြက္လာေတာ့သည္။

 သူ၏အသံက ႐ုတ္တရက္ ဆိုး႐ြားလာၿပီး ေျပာလိုက္သည္။

 "တိတ္ေနတုန္းပဲ ဟုတ္လား။ မင္းသာ ငါ နဲ႔ လက္ထပ္လိုက္ရင္ မင္းကို ငါ အိပ္ရာေပၚမွာ ငိုေအာင္ လုပ္ပစ္မွာ ေသခ်ာတယ္"  

ဝမ္ယာက ေဟာ္ယြမ္တုန္းက သူ႔ကို အခုလို ေျပာမယ္လို႔ မထင္ထား ေသာေၾကာင့္  သူ၏ပါးျပင္မ်ား နီရဲလာၿပီး မ်က္လုံးျပဴးသြားကာ အံ့အားသင့္သြားခဲ့သည္။

ေဟာ္ယြမ္တုန္းက ဝမ္ယာ ၏တုန႔္ျပန္မႈကိုေက်နပ္ၿပီး ေမးလိုက္သည္။

" ကေလးလို လုပ္ေနတုန္းပဲလား....ဟမ္?"  

ဝမ္ယာက မတ္တပ္ရပ္လိုက္ကာ သူ႔ကို တည္ၿငိမ္စြာေျပာလိုက္သည္။

" ကြၽန္ေတာ့္ မ်က္မွန္ကို ျပန္ေပးပါ။ "

ေဟာ္ယြမ္တုန္း က သူ႔မ်က္ခုံးကို ပင့္လိုက္ၿပီး ေဒါသလည္းထြက္ လာ သည္။ သူက လုပ္ခ်င္တာကို ျဖစ္ေအာင္ လုပ္ေလ့ရွိၿပီး သူေျပာလိုက္တိုင္း ဘယ္သူမွ ခုလို လ်စ္လ်ဴရႈတာမ်ိဳး မရွိခဲ့ေပ။ ဒါေပမယ့္ အခု သူ႔ေရွ႕က ေကာင္ေလးက အေတာ္ကို ရယ္စရာေကာင္းသည္။ သူက ႐ုပ္ဆိုးသည့္ ဘဲေလးႏွင့္ တူေပမယ့္ သူ႔ကို ဂ႐ုမစိုက္ပဲ ခုလို ဆက္ဆံခဲ့သည္။
 
ေဟာ္ယြမ္တုန္းက  ႏူတ္ခမ္းကို ေကာ့ၫြတ္လိုက္ၿပီး ေကာင္ေလးရဲ႕ မ်က္ႏွာကို ေစ့ေစ့စပ္စပ္ၾကည့္ကာ ေမးလိုက္သည္။

" ေဒါသထြက္ေနတာလား။ နီရဲေနတဲ့ မ်က္ႏွာေလးက အရသာရွိမယ့္ပုံ ေပၚေပမယ့္ မင္းက မင္းအကိုလို မဟုတ္ဘူး။ "

ဝမ္ယာက ေဟာ္ယြမ္တုန္းဆီက သူ႔အကိုႀကီးအေၾကာင္းကို ၾကားလိုက္ ေတာ့  မ်က္လုံးေတြက်ယ္လာသည္။ ေဆး႐ုံတြင္ေနာက္ဆုံးအႀကိမ္ ေတြ႕စဥ္ကဲ့သို႔ ဝမ္ယာက ေဟာ္ယြမ္တုန္းကို အၾကာႀကီး စိုက္ၾကည့္ လိုက္သည္။  သို႔ေသာ္ေနာက္ဆုံးတြင္ သူက ဘာမွ ျပန္မေျပာခဲ့ပဲ ေဟာ္ယြမ္တုန္း ေျပာသမွ်ကို မၾကားသလို လ်စ္လ်ဴရႈလိုက္သည္။

ေဟာ္ယြမ္တုန္း ရဲ႕ႏွလုံးသားက ေမွ်ာ္လင့္ခ်က္ကင္းမဲ့တယ္လို႔ ဝမ္ယာ ထင္လိုက္သည္။  ထို႔ေၾကာင့္  သူ႔အစ္ကိုႀကီး ဝမ္ရွင္းအေၾကာင္းကို အစေဖာ္ၿပီး ထုတ္မေျပာခဲ့တာျဖစ္ေပမယ့္ အခုလို ေျပာလာမယ္လို႔   သူ မေမွ်ာ္လင့္ခဲ့ေပ ....

" ခင္ဗ်ား ကြၽန္ေတာ့္ အစ္ကိုႀကီးကို သေဘာက်တယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ လက္မထပ္ခ်င္ဘူး။ "

ဝမ္ယာထံတြင္ ေျပာစရာစကားမ်ားစြာရွိေပမယ့္ ေနာက္ဆုံး လက္ထပ္မထပ္ခ်င္သည့္ အေၾကာင္းကိုသာ ေျပာလိုက္သည္။

ဒီစကားကိုၾကားေတာ့ ေဟာ္ယြမ္တုန္း၏ မ်က္လုံးက ေမွးမွိတ္သြားၿပီး လွပေသာ ႏူတ္ခမ္းကို တြန႔္ကာ ေျပာလိုက္သည္။

 " ငါ မင္းကို လက္ထပ္ျဖစ္ေအာင္ လက္ထပ္မယ္။ မင္းအကိုႀကီး အစားထိုးအေနနဲ႔ မင္းကို လက္ထပ္လိုက္တာ ပိုေကာင္းတယ္ မဟုတ္လား"

ဝမ္ယာသည္  လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။  

ငယ္စဥ္ကေလးဘဝ မွစ၍ ယခုအခ်ိန္အထိ ဝမ္ယာ လူအမ်ားႀကီးႏွင့္ မပတ္သတ္ဖူးေပမယ့္ ေဟာ္ယြမ္တုန္းလို အရွက္ကင္းမဲ့သူမ်ိဳးကို သူ မျမင္ခဲ့ဖူးေပ။

ေဟာ္ယြမ္တုန္းက မာနႀကီးၿပီး ခက္ထန္တဲ့လူျဖစ္လို႔ ေသခ်ာေပါက္ သူ႔ကို နာက်င္ေအာင္ လုပ္မွာေသခ်ာသည္။  ဝမ္ယာက မ်က္လုံးလႊဲလိုက္ၿပီး အ႐ူးလိုလူကို လ်စ္လ်ဴရႈလိုက္ေတာ့သည္။

----------------------------

လူႀကီးေတြအၾကားေဆြးေႏြးမႈ၏ေနာက္ဆုံးရလဒ္မွာ ေနာက္တစ္လအၾကာတြင္ ဝမ္ယာသည္ ေဟာ္ယြမ္တုန္းႏွင့္ လက္ထပ္လိုက္ဖို႔ျဖစ္လာသည္။  

အဖိုးေဟာ္ႏွင့္ ေဟာ္ယြမ္တုန္းတို႔ ျပန္သြားၾကေတာ့ အဖိုးဝမ္က ဝမ္ယာ၏လက္ကိုဆုပ္ကိုင္ကာ ေတာင္းပန္လိုက္သည္။

 "ေရွာင္ယာ  အဘိုးကိုခြင့္လႊတ္ပါ"

သူက သူ႔ေျမးကို အျခားသူတစ္ ဦး ၏ေနအိမ္သို႔ ဒီနည္းျဖင့္မပို႔ခ်င္ ေပမယ့္လည္း အဖိုးေဟာ္က အျပင္းထန္  ဖ်ားနာခဲ့ေသာေၾကာင့္ သူ႔မိတ္ေဆြႀကီး၏ ေနာက္ဆုံးဆႏၵျဖစ္သည့္ ေဟာ္ယြမ္တုန္း ကို  သူ႔မ်က္စိေရွ႕ လက္ထပ္တာ ျမင္ခ်င္သျဖင့္ အားတင္းကာ ဝမ္အိမ္ေတာ္ကို ကိုယ္တိုင္လာကာ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။   အဖိုးေဟာ္၏ သေဘာထားက အလြန္႐ိုးရွင္းသည္။ သူက လြန္ခဲ့ေသာအႏွစ္ ၂၀ ေက်ာ္က ထိမ္းျမားလက္ထပ္ျခင္းကိုျငင္းပယ္ရန္ မလြယ္ကူေၾကာင္း ေျပာၾကားခဲ့သည္။

ဘယ္လို  လုပ္ၿပီး ဝမ္ယာက ျငင္းဆန္ႏိုင္ေတာ့မွာလဲ။ သူ ဘယ္ေလာက္ပဲ လက္ထပ္ဖို႔ ဆႏၵ မရွိေပမယ့္ သူ  ဘာလုပ္ႏိုင္ေတာ့ မွာလဲ။ အဘိုးေဟာ္၏ေနာက္ဆုံးဆႏၵကို သူလ်စ္လ်ဳမရႈရက္ေတာ့ေပ။

ဝမ္ယာ၏မိဘမ်ားလည္း ဒီလက္ထပ္ပြဲကို သေဘာမတူေၾကာင္း ထင္ရွားေပမယ့္ အဖိုးဝမ္က ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီ၊ သူတို႔ကျငင္းခုံ ဖို႔ မဝံ့ရဲၾကေတာ့ေပ။

ထို႔ေၾကာင့္ ဝမ္ယာက ေဟာ္ယြမ္တုန္းႏွင့္ လက္ထပ္ရေတာ့မည္ ျဖစ္သည္။

*****


ထိုလတစ္လလုံး မိသားစုႏွစ္စုလုံးက မဂၤလာေဆာင္အတြက္ျပင္ဆင္ အလုပ္မ်ားေနခ်ိန္တြင္ ဝမ္ယာသည္ အေတာ္ေလး တိတ္ဆိတ္ေနခဲ့သည္။

သူက အလုပ္လုပ္ဖို႔ သုေတသနဌာနတစ္ခုကိုေတြ႕ခဲ့သည္။

ကံေကာင္းေထာက္မစြာ  ေဟာ္မိသားစုသည္ သူ၏ အိမ္ေထာင္သည္ ဘဝႏွင့္  ပတ္သတ္ၿပီး ကန႔္သတ္မႈ မလုပ္ခဲ့ေပ။ ေဟာ္အိမ္ေတာ္က အႀကီးကဲမ်ားက သူ႔ အလုပ္အတြက္ ဝိုင္းဝန္းကူညီေပးခဲ့သည္။

ဝမ္ယာက ငယ္ငယ္ကတည္းက ေက်ာင္းတြင္ အဆင့္ေကာင္းေကာင္းေတြ ရခဲ့သည္။ သူက အသက္ ၂၄ ႏွစ္မတိုင္မီ Ph.D ဘြဲ႕ကို ရရွိထားၿပီး ျဖစ္သည္။   ကမာၻေပၚရွိထိပ္တန္းတကၠသိုလ္မ်ားတြင္ ႐ူပေဗဒ ဘာသာရပ္ ကို ဆည္းပူးခဲ့သည္။

သူမွာ ထူးျခားေသာ IQ ရွိတာ မဟုတ္ေပမယ့္ႏွ စ္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္မွာ သူ လုပ္ႏိုင္တဲ့တျခားအရာေတြကို  မေတြ႕ႏိုင္ခဲ့ေပ။

အလုပ္ဝင္ၿပီးေနာက္ တစ္လအၾကာ ဝမ္ယာ၏ ဘဝက ပုံမွန္အတိုင္း ေအးေဆးတည္ၿငိမ္ၿပီး သူ ႏိုင္ငံျခားတိုင္းျပည္မ်ားတြင္ ေနထိုင္ေသာန ႏွစ္မ်ားႏွင့္ လုံးဝမတူေပ။  ဒါဟာ ပညာရပ္ဆိုင္ရာ အလုပ္လုပ္သည့္ အတြက္ ပတ္ဝန္းက်င္အေျပာင္းအလဲတစ္ခုသာျဖစ္သည္။

အလုပ္ၿပီးေနာက္ ဝမ္ယာက မ်ားေသာအားျဖင့္ သူ႔အစ္ကိုႏွင့္ ေတြ႕ဖို႔  ေဆး႐ုံသို႔သြားေလ့ရွိသည္။ သူ႔အစ္ကိုႀကီးက သက္သာလာပုံရၿပီး တည္ၿငိမ္စြာ အိပ္ေပ်ာ္ေနသလိုပင္။ ဒါေပမယ့္ ကိုယ္အေလးခ်ိန္က နည္းနည္းေလ်ာ့သြားၿပီး ခုထိ မႏိုးလာေသးေပ။

  သူ႔အစ္ကိုခ်စ္သူျဖစ္သည့္ ခ်ဴဝမ့္ခ်ဳံးက အကိုႀကီးကို လာေတြ႕တာကို တစ္ခါမွ မျမင္ခဲ့ဖူးေပ။  ခ်ဴဝမ့္ခ်ဳံးက ကမာၻႀကီးကိုအုပ္စိုးႏိုင္ေသာသူ ျဖစ္ကာ ၾသဇာအာဏာႀကီးမား သူျဖစ္သည္။ သူက အကိုႀကီးအတြက္ အရာရာကို စြန႔္လႊတ္ရဲသည္ဟု ေျပာသံၾကားဖူးေပမယ့္ မစ္ရွင္ၿပီးဆုံးသြား ကတည္းက သူ႔သတင္းကို လုံးဝမရေတာ့တာျဖစ္သည္။

 အစ္ကိုႀကီးက သူ႔ခ်စ္သူကို အရမ္းခ်စ္တာေသခ်ာသည္။ ခ်ဴဝမ့္ခ်ဳံး၏ သတင္းကို မၾကားရသျဖင့္ အကိုႀကီး အခုလို ကိုမာဝင္သြားတာ ျဖစ္ႏိုင္သည္။

ဝမ္ယာသည္ အကိုႀကီး၏ သူ႔ခ်စ္သူအေပၚထားသည့္ သေဘာထားကို ေတြးမိၿပီး စိတ္ထဲ လႈပ္ရွားသြားစဥ္ သူက ေဟာ္ယြမ္တုန္းအေၾကာင္းကို ေတြးလိုက္မိသည္။
 
ထိုလတစ္လလုံး ဝမ္ယာက ေဟာ္ယြမ္တုန္းကို မေတြ႕ခဲ့ေပ။ ထိုေန႔မွာ သူေျပာခဲ့တာက တမင္သက္သက္ ဟာသလုပ္တာ ျဖစ္သည္ဟု ဝမ္ယာ ထင္ခဲ့သည္။ ေဟာ္ယြမ္တုန္းသာ သူ႔အကိုႀကီးကို တကယ္ခ်စ္လွ်င္ သူႏွင့္လက္ထပ္ဖို႔ သေဘာတူမည္မဟုတ္ေပ။   ၿပီးေတာ့ ေဟာ္ယြမ္တုန္းဘက္က ဘာလုပ္ရွားမႈမ်ိဳးကိုမွ ဝမ္ယာ မလုပ္ေစခ်င္ခဲ့ေပ။  

============================

Far From You _ Chapter (1)_ အကိုကြီးကို တဖက်သတ်ချစ်နေသော သူ  (Z+U)

ဝမ်ယာ သည် သူ့အစ်ကို ဝမ်ရှင်း လဲလျောင်းနေသည့် ဆေးရုံထက်က ကုတင်ရှေ့မှာ ဟော်ယွမ်တုန်း နှင့် ပထမဆုံးတွေ့ဆုံခဲ့သည်။

အစ်ကိုကြီး ဝမ်ရှင်းက မစ်ရှင်တစ်ခုတွင် အကြီးအကျယ် ဒဏ်ရာရ ပြီးနောက်  သတိလစ်မေ့မြောနေပြီး  ကိုမာဝင်ကာ သုံးလတိတိ နိုးမလာခဲ့ပေ။ ဒီအကြောင်းကို အိမ်က ဝမ်ယာမသိအောင် ဖုံးကွယ်ထားပြီး ဝမ်ယာက ပါရဂူ ဒေါက်တာ ဘွဲ့အတွက် ဘွဲ့ယူစာတမ်းတင်ပြီးချိန်မှ အကြောင်းကြားခဲ့သည်။ ဝမ်ယာက ထိုသတင်းကိုသိသိချင်း စိတ်ပူစွာဖြင့် အမြန်ပြေးလာ ခဲ့သည်။

 ဝမ်ယာက အစ်ကိုအတွက် ပန်းများကိုယူဆောင်လာပြီး ဆေးရုံ အပေါ်ထပ်ရှိ အထူးကြပ်မတ်ကုသဆောင်သို့ ထွက်လာခဲ့သည်။  
သူ့အစ်ကိုကြီးတစ်ယောက်ကိုသာ ဒီအထပ်တွင် ထားရှိပြီး မိသားစုဆရာဝန်များ၊ ကိုယ်ရံတော်များ၊ လူနာပြုစုမည့်လူများကို စေလွှတ်ထားသည်။ ဒီလူတွေက လိုအပ်ချိန်မှ ပေါ်လာသောကြောင့် တစ်ထပ်လုံး တိတ်ဆိတ်လျက်ရှိသည်။

အကိုကြီးဝမ်ရှင်း ရှိသည့် အခန်းတံခါးကို မဖွင့်ရသေးခင်  ဝမ်ယာက အဝေးကတည်းကပင် အကိုကြီး၏ ခုတင်ထက်ကို အုပ်မိုးကာ ကုန်းကြည့်နေသည့် လူတစ်ယောက်ကို မြင်လိုက်သည်။  ထိုလူ၏ အပြုမှုတိုင်းက နူးညံ့သိမ်မွေ့ပြီး သူ့လှုပ်ရှားမှုတိုင်းက အိပ်နေသောအစ်ကိုကြီးကို နိုးသွားမိမှာကို ကြောက်ရွံ့နေပုံရသည်။

ဘေးတိုက်မြင်ရသည့် ထိုအမျိုးသား၏မျက်နှာက အတော်လေးကို ကြည့်လို့လှသည်၊ သူ့ရဲ့နှခေါင်းက ဖြောင့်စင်းကာ ပေါ်လွင်လှပ်ပြီး နူတ်ခမ်းပါးပါးနှင့် အရမ်းကို  sexy ဖြစ်သည်။ အခန်းဝမှာ ရပ်နေရာကပင် ထိုလူဆီက ပူဆွေးပြီး နာကျင်သည့် စကားသံကို ကြားနေရသလို ခံစားလိုက်ရသည်။ အကိုကြီးကို သူကြည့်နေပုံက သူတို့နှစ်ယောက်ကြား စကားလုံးဖြင့်ပင် ပြောလို့မရနိုင်လောက်သည့်  နာကျင်မှုနှင့်ရောနှောနေ ပုံရသည်။

ဝမ်ယာသည် ခြေလှမ်းကိုရှေ့ဆက် တိုးသင့်လား မတိုးသင့်လား တွေဝေသွားခဲ့သည်။  အဲဒီလူရဲ့ပုံပန်းသဏ္ဌာန်ကိုကြည့်ရတာ အရမ်း ဝမ်းနည်းစရာကောင်းပြီး ဝမ်ယာ့ကိုပင် ဝမ်းနည်းစိတ်ပေါ်လာစေခဲ့တယ်။  သူ့ကြောင့် ဒီလူကိုနှောင့်ယှက်မိမှာကို ဝမ်ယာ အနည်းငယ်ကြောက် နေမိသည်။

သူ တွန့်ဆုတ်သွားချိန်မှာ ထိုလူက ရုတ်တရက် ကိုယ်ကို မတ်လိုက်ပြီး သူ့ဘက်ကို လှမ်းကြည့်လိုက်သည်။

ထိုသူ၏မျက်နှာပေါ်က အမူယာက ချက်ချင်း အေးခဲသွားခဲ့သည်။ ဆောင်းရာသီညတွင် တိုက်ခတ်သော လေအေး ကဲ့သို့ လျစ်လျူရှုခြင်းနှင့်  ဓါးကဲ့သို့ ထက်မြက်သည့် အကြည့်စူးစူးများဖြင့် ဝမ်ယာကို သူ စိုက်ကြည့်နေခဲ့သည်။

ဝမ်ယာ အံ့သြသွားခဲ့သည်။ ဒီလူရဲ့ မျက်နှာက ဒီလောက် မြန်မြန်ကြီး ပြောင်းလဲသွားမည်ဟု သူ ထင်မထားမိပေ။ သူ့အစ်ကိုကြီးကို စိုက်ကြည့်နေချိန်မှာ နူးညံ့နေသလောက ်သူ့ကိုကြည့်နေချိန်မှာ အေးစက်လို့နေသည်။
 
ဒီလူက သူ့ရင်ထဲက လျှို့ဝှက်ချက်ကို အမှတ်မထင် ဝမ်ယာ သိမြင်သွားလို့ အခုလို သူ့ကို  ရန်လိုနေသည်ဟု ထင်ခဲ့သည်။  

ဘာလို့လဲ ဆိုတော့ ဒီလူက သူ့အစ်ကိုကို အရမ်းကို ချစ်နေလို့ပဲပေါ့။

သူ့အစ်ကိုကြီး၏ချစ်သူပုံကို ဝမ်ယာ မြင်ဖူးခဲ့သည်။ ထိုလူက အသားဖြူကာ ကြည့်ကောင်းပေမယ့် နေမကောင်းသလို ဖြူဖတ်နေတာဖြစ်ပြီး အခု တွေ့သည့် လူလို ခန့်ညားချောမောခြင်း မရှိလှပေ။  

အခုလူက အကိုကြီးကို လာတွေ့ခဲသော လူတစ်ယောက်ဖြစ်သဖြင့် ဝမ်ယာ သူ့ကို မမြင်ဖူးခဲ့ပေ။

------------------------------------

အခုချိန်က ဝမ်ယာက ဟော်ယွမ်တုန်းကို   ဒုတိယအကြိမ်မြောက် တွေ့ခဲ့ခြင်းဖြစ်သည်။ ဖိုးဖိုးဟော်က ဟော်ယွမ်တုန်းနှင့် ဝမ်ယာကို လက်ထပ်ပေးဖို့ တောင်းဆိုလာခဲ့သည်။

ဝမ်ယာ မွေးမလာခင်က ဝမ်နှင့် ဟော်မိသားစု နှစ်စုမှ အကြီးကဲများက သူတို့မြေးများကို လက်ထပ်ပေးဖို့ အစီစဉ်လုပ်ခဲ့ဖူးသည်။ သူတို့က ဖိုးဖိုးဟော်၏မြေး အသက်ငါးနှစ်အရွယ် ဟော်ယွမ်တုန်းကို မမွေးလာသေးသည့် ဝမ်ယာနှင့် လက်ထပ်ပေးဖို့သဘောတူခဲ့သည်။ ဒါကြောင့် ကလေးဘဝကတည်းက ဝမ်ယာနှင့် ဟော်ယွမ်တုန်းက လက်ထပ်ပေးဖို့သဘောတူထားပြီးသား စုံတွဲဖြစ်ခဲ့သည်။

ဟော်မိသားစုသည် ကျုံးမင်ဒင်းရှီ လုပ်ငန်းစုကြီး၏ ပိုင်ရှင်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း  ၁၀၀ ကတည်းက အထက်တန်းလွှာ လူ့အဖွဲ့စည်း၏  ထိပ်ဆုံးတွင်ရှိနေခဲ့သည်။ မိသားစုနှစ်စုသည် စီးပွားရေးအရ ဆက်စပ်ပြီး တစ် ဦး နှင့်တစ် ဦး ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။

လူတိုင်းက ဝမ်ယာက မိန်းကလေးဖြစ်မည်ဟု ထင်ထားပေမယ့် ကောင်လေး အဖြစ် မွေးလာမည်ဟု ဘယ်သူမှ ထင်မထားမိပေ။  ဒါကြောင့် ဒီလက်ထပ်ဖို သဘောတူထားခြင်းက လက်တွေ့ အကောင်ထည် မဖော်နိုင်လိုက်တော့ပဲ ဒီလိုပဲ ပြီးသွားရသည်။  မိသားစုနှစ်စုအကြားတွင်တော့ တစ်ခါတစ်ရံ ဟာသအဖြစ်သာ ပြောလေ့ရှိကြတော့သည်။

ဝမ်ယာနှင့် ဟော်ယွမ်တုန်းတို့နှစ်ယောက်က ပိုလို့ပင် စိမ်းသက်နေကြ သည်။ ဝမ်ယာက ငယ်စဉ်ကတည်းက ကျန်းမာရေးမကောင်း သဖြင့်   သြစတြေးလျကို ဆေးကုသဖို့ ပို့ထားရသည်။  သူ အထက်တန်းကျောင်း တက်ရန် အမေရိကားသို့ သွားခဲ့ရပြီး ယခုနှစ်တိုင်အောင် တရုတ်ပြည်ကို မပြန်ခဲ့ဖူးပေ။ ဒါ့အပြင် University တက်တော့လည်း အမေရိကားတွင် တက်ရသဖြင့် ဝမ်ယာနှင့် ဟော်ယွမ်တုန်းတို့ တွေ့ဖို့ အခွင့်ရေး တစ်ခါမှ မရခဲ့ပေ။

 မမျှော်လင့်ဘဲ ဟော်မိသားစုထဲရှိ ဖိုးဖိုးဟော်က အသည်းသန်ဖြစ်ပြီး သူ မသေချင် သူ့မြေးကို အိမ်ထောင်ကျသွားတာကို မြင်ချင်ခဲ့သဖြင့် ဝမ်ယာ ပြသနာတက်တော့သည်။ သူ့မိဘများလည်း ဖိုးဖိုးဟော်ကို ငဲ့ညာသဖြင့်   တိုက်ရိုက်ငြင်းဆန်ခြင်း မပြုခဲ့ပဲ  သူတို့ကဆွေးနွေးမှုအချို့ပြုလုပ်စဉ် ဟော်ယွမ်တုန်းကို ဥယျာဉ်ကိုလမ်းလျှောက်ခေါ်သွားရန် ဝမ်ယာကို ပြောခဲ့သည်။

ဝမ်ယာက အမြဲတမ်းကောင်းမွန်စွာပြုမူဆောင်ရွက်တတ်သော လိမ်မာသော သားတစ်ယောက်ဖြစ်ခဲ့သည်။ သူက ဟော်ယွမ်တုန်းနှင့် နှစ်ယောက်တည်း မသွားချင်သလို ဟော်ယွမ်တုန်းနှင့်လည်း လက်မထပ်ချင်ပေ။ ဒါပေမယ့် လူကြီးတွေရဲ့စကားကို ဧည့်သည်များ ရှေ့တွင် မငြင်းဆန်နိုင်ခဲ့ပေ။   

 ဒီအချိန်က ပူပြင်းတဲ့နွေရာသီဖြစ်လို့ ဝမ်ယာက အပူဒဏ်ကိုကြောက် သဖြင့် အပြင်မထွက်ချင်ပေ။ သူကစင်္ကြံလမ်းကနေ့ပဲ လမ်းလျှောက် သွားရုံနှင့်ပင် သူ၏နဖူးတွင်ချွေးထွက်လာခဲ့သည်။

ကံကောင်းထောက်မစွာ  ခြံထဲမှာ အနှစ်တရာ သက်တမ်းရှိသော သစ်ပင်များနှင့်ပြည့်နေသည်။  ဒါကြောင့် သူတို့ အေးအေး ဆေးဆေး လမ်းလျှောက်နိုင်ပြီး အပူတချို့ကို ကာဆီးထားနိုင်သည်။

ရေကန်ငယ်လေး နှင့် မနီးမဝေးတွင့်အနားယူရန် ဆောက်ထားသော အဆောင်ငယ်လေးတစ်ခုရှိသည်။ ဝမ်ယာက အများကြီး မစဉ်းစားပဲ အဲဒီကိုဦးတည်းကာ လျှောက်လာခဲ့သည်။ သူ၏အနောက်တွင် ဟော်ယွမ်တုန်း ပါလာခဲ့သည်။ ဝမ်ယာက အအေးနှင့် အသီးများ၊ စားစရာများယူလာရန် အိမ်ဖော်ကိုပြောပြီးနောက် ဟော်ယွမ်တုန်းကို လျစ်လျူရှုကာ ကန်ထဲရှိကြာပန်းများကို တိတ်တဆိတ်ကြည့်နေခဲ့သည်။

ခဏကြာသည်အထိ ဘယ်သူမှ စကားမပြောပဲ တိတ်ဆိတ်နေခဲ့သည်။ ဟော်ယွမ်တုန်းက ဘေးဘက်မှာ ခြေချိတ်ထိုင်နေပြီး ဝမ်ယာကို စိုက်ကြည့်ကာ ပြောလိုက်သည်။

  "အရမ်း ရုပ်ဆိုးတယ်"  

 ဝမ်ယာက သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ဟော်ယွမ်တုန်း၏ လှပသော မျက်ခုံးများက ပင့်လိုက်ပြီး မေးလိုက်သည်။

  "ဘာလဲ။ မင်းက ရုပ်မဆိုးလို့လား "

ထိုအခါမှ ဟော်ယွမ်တုန်းက သူ့အကြောင်းပြောနေတာဖြစ်ကြောင်း ဝမ်ယာ သိလိုက်သည်။

သူက ဟော်ယွမ်တုန်းကိုကြည့်လိုက်သည်။ ဒီလူက သူ့အကိုကြီး ဝမ်ရှင်းလိုပဲ အရမ်းကို ဆွဲဆောင်မှုရှိပြီး ကြာကြာကြည့်လေ အသက်ရှုဖို့မေ့လောက်အောင် ဆွဲဆောင်ခံရလေဖြစ်သည်။ ဟော်ယွမ်တုန်းက အရပ်မြင့်မြင့်နှင့် ရုပ်တည်ကြီးဖြစ်သောကြောင့် လူအတော်များများက သူ့ကို အကြာကြီး စိုက်မကြည့်ရဲကြပေ။

ဝမ်ယာက ခေါင်းငုံ့လိုက်ပြီး ဟော်ယွမ်တုန်းနှင့် ုငြင်းခုံရန်အစီအစဉ် မရှိပေ။

ဟော်ယွမ်တုန်းက သူ့မေးစေ့ကို လက်နှင့် ပွတ်ကာ မေးလိုက်သည်။

 " မင်း ရုပ်ဆိုးဘဲလေး ပုံပြင်ကို ကြားဖူးတယ်မဟုတ်လား"

ဝမ်ယာက တိတ်ဆိတ်နေဆဲဖြစ်သည်။ သူ ရုပ်ဆိုးဘဲလေး ပုံပြင်ကို ကြားဖူးတာပေါ့။ ဒါက လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက နာမည်ကြီးတဲ့ ကလေးအိပ်ယာဝင်ပုံပြင်ဖြစ်သည်။ လှပသော မောင်နှမများအလယ်တွင် ရုပ်ဆိုးသော ဘဲလေးတစ်ကောင်ရှိခဲ့ဖူးသည်။ ထိုဘဲရုပ်ဆိုးလေးက သူတစ်ကောင်တည်း ကွက်ပြီး ရုပ်ဆိုးလှသဖြင့် သိမ်ငယ်စိတ်ဝင်ပြီး အိမ်က တိတ်တိတ်လေး ထွက်သွားခဲ့သော ပုံပြင်ဖြစ်သည်။

 ဟော်ယွမ်တုန်း ဘာကိုဆိုလိုသလဲဆိုတာ သူ သိတာပေါ့။ ဝမ်မိသားစုထဲမှ လူအားလုံးက ရုပ်ဆင်းသွင်ပြင်လှပခန့်ညားကြပြီး သူတစ်ယောက် တည်းက သာမန်ရုပ်ရည်ရှိသူဖြစ်သည်။ အထူးသဖြင့် သူ့အကိုကြီး ဝမ်ရှင်းက ပန်းချီကားထဲက ခုန်ထွက်လာတဲ့လူလို ရင်သပ်ရှုမောဖွယ် လှပပြီး ထက်ကောင်းကင်မှ လှပသည့် လမင်းကဲ့သို့ လူတိုင်း၏ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သည်။

မိသားစုထဲတွင် သူ့အကိုဝမ်ရှင်းက အထင်ရှားဆုံးဖြစ်သည်။

တကယ်တော့ ဝမ်ယာက ရုပ်မဆိုးပေ။  သူ့မျက်နှာအသွင်အပြင်များက အလွန်နူးညံ့သိမ်မွေ့ပြီး သူဟာ ငယ်ငယ်ကတည်းကဘောင်းဘီရှည်နဲ့ သားရေဖိနပ်တွေကိုသာ ဝတ်လေ့ရှိသည်။  သူ၏ မျက်တောင် ရှည်ရှည်များနှင့် အနက်ရောင်မျက်လုံးလှလှများကို ဖုံးအုပ်စေမည့် ခေတ်မမှီတော့သည့် မျက်မှန်ကိုလည်း တပ်ထားသည်။ သူသည် ဝမ်မိသားစုထဲမှ ယောက်ျားများ၏ထူးခြားထင်ရှားသော ရုပ်ဆင်းသွင်ပြင်နှင့် ကွဲထွက်ကာ ခေတ်နောက်ကျသော အဖိုးအိုလေး ပုံပေါက်နေသည်။

" မင်းက ဘဲရုပ်ဆိုးလေးပဲ "

သေချာတာပေါ့၊  ဟော်ယွမ်တုန်း ပြောတဲ့ ဘဲရုပ်ဆိုးဆိုတာ သူပဲဖြစ်သည်။

ဝမ်ယာက ဘာမှ မကြားလိုက်သလို သူ့ကို ငေးကြည့်နေလိုက်သည်။  
ဝမ်ယာရဲ့တုန့်ပြန်မှုကြောင့် ဟော်ယွမ်တုန်း၏အမူယာက တွေဝေသွား ခဲ့သည်။  သူက ဝမ်ယာ ကိုခဏလောက်စိုက်ကြည့်ပြီး ပြောလိုက်သည်။

" ကျစ်.... အခုမှ အသက်ဘယ်လောက်ရှိသေးလို့လဲ၊ မျက်မှန်တပ်ထားတုန်းပဲလား ?"

မျက်စိမှုန်တာ အခုခေတ်မှာ စာမဖွဲ့လောက်တော့ပေ။ အခုခေတ်က သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးပြီး နှလုံးအစားထိုးကုသမှုပင်လျှင် ၁၀၀ % နီးပါး အောင်မြင်နေပြီ။ ဒါ့အပြင် အသေးစား မျက်လုံးခွဲစိတ်မှု တစ်ခုဖြင့် မျက်စိမှုန်တာကို ဖြေရှင်းလိုက်နိုင်လေပြီ။ ဒါပေမယ့် လူတိုင်းက  ဖက်ရှင်အတွက်သာမျက်မှန်များ တပ်ကြခြင်းဖြစ်သည်။

သို့သော် ဝမ်ယာ၏မျက်မှန်သည် အလွန်စိတ်ပျက်ဖို့ကောင်းပြီး လွန်ခဲ့သော ရာစုနှစ်က ဒီဇိုင်းနှင့်တူပြီး့သူ၏မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးအုပ်ထားသည်။

ဝမ်ယာ ဘာမှမလုပ်လိုက်နိုင်ခင်မှာ ဟော်ယွမ်တုန်းက လက်ကိုဆန့်ပြီး ဝမ်ယာ၏ မျက်မှန်ကို ချွတ်ယူလိုက်သည်။ သူက ခဏကြည့်ပြီး ကျေနပ်စွာဖြင့်ပြောလိုက်သည်။

  " အခု  စိတ်ချမ်းသာဖို့ ကောင်းတော့တယ်"

ဝမ်ယာသည် သူ၏မျက်မှန်ကိုတိတ်တိတ်လေးကြည့်ကာ မလိုအပ်ဘဲ မျက်တောင်ခတ်လိုက်သည်။ သူ၏မျက်နှာထက်တွင် ဒေါသရိပ် လုံးဝမရှိပေ။  

ဟော်ယွမ်တုန်းက ခံစားချက်မရှိသည့် အရုပ်ကဲ့သို့ ဘာမှမတုန့်ပြန်သော ဝမ်ယာ၏ အမူယာကိုတွေ့တော့ ဒေါသထွက်လာတော့သည်။

 သူ၏အသံက ရုတ်တရက် ဆိုးရွားလာပြီး ပြောလိုက်သည်။

 "တိတ်နေတုန်းပဲ ဟုတ်လား။ မင်းသာ ငါ နဲ့ လက်ထပ်လိုက်ရင် မင်းကို ငါ အိပ်ရာပေါ်မှာ ငိုအောင် လုပ်ပစ်မှာ သေချာတယ်"  

ဝမ်ယာက ဟော်ယွမ်တုန်းက သူ့ကို အခုလို ပြောမယ်လို့ မထင်ထား သောကြောင့်  သူ၏ပါးပြင်များ နီရဲလာပြီး မျက်လုံးပြူးသွားကာ အံ့အားသင့်သွားခဲ့သည်။

ဟော်ယွမ်တုန်းက ဝမ်ယာ ၏တုန့်ပြန်မှုကိုကျေနပ်ပြီး မေးလိုက်သည်။

" ကလေးလို လုပ်နေတုန်းပဲလား....ဟမ်?"  

ဝမ်ယာက မတ်တပ်ရပ်လိုက်ကာ သူ့ကို တည်ငြိမ်စွာပြောလိုက်သည်။

" ကျွန်တော့် မျက်မှန်ကို ပြန်ပေးပါ။ "

ဟော်ယွမ်တုန်း က သူ့မျက်ခုံးကို ပင့်လိုက်ပြီး ဒေါသလည်းထွက် လာ သည်။ သူက လုပ်ချင်တာကို ဖြစ်အောင် လုပ်လေ့ရှိပြီး သူပြောလိုက်တိုင်း ဘယ်သူမှ ခုလို လျစ်လျူရှုတာမျိုး မရှိခဲ့ပေ။ ဒါပေမယ့် အခု သူ့ရှေ့က ကောင်လေးက အတော်ကို ရယ်စရာကောင်းသည်။ သူက ရုပ်ဆိုးသည့် ဘဲလေးနှင့် တူပေမယ့် သူ့ကို ဂရုမစိုက်ပဲ ခုလို ဆက်ဆံခဲ့သည်။
 
ဟော်ယွမ်တုန်းက  နူတ်ခမ်းကို ကော့ညွတ်လိုက်ပြီး ကောင်လေးရဲ့ မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ မေးလိုက်သည်။

" ဒေါသထွက်နေတာလား။ နီရဲနေတဲ့ မျက်နှာလေးက အရသာရှိမယ့်ပုံ ပေါ်ပေမယ့် မင်းက မင်းအကိုလို မဟုတ်ဘူး။ "

ဝမ်ယာက ဟော်ယွမ်တုန်းဆီက သူ့အကိုကြီးအကြောင်းကို ကြားလိုက် တော့  မျက်လုံးတွေကျယ်လာသည်။ ဆေးရုံတွင်နောက်ဆုံးအကြိမ် တွေ့စဉ်ကဲ့သို့ ဝမ်ယာက ဟော်ယွမ်တုန်းကို အကြာကြီး စိုက်ကြည့် လိုက်သည်။  သို့သော်နောက်ဆုံးတွင် သူက ဘာမှ ပြန်မပြောခဲ့ပဲ ဟော်ယွမ်တုန်း ပြောသမျှကို မကြားသလို လျစ်လျူရှုလိုက်သည်။

ဟော်ယွမ်တုန်း ရဲ့နှလုံးသားက မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ဝမ်ယာ ထင်လိုက်သည်။  ထို့ကြောင့်  သူ့အစ်ကိုကြီး ဝမ်ရှင်းအကြောင်းကို အစဖော်ပြီး ထုတ်မပြောခဲ့တာဖြစ်ပေမယ့် အခုလို ပြောလာမယ်လို့   သူ မမျှော်လင့်ခဲ့ပေ ....

" ခင်ဗျား ကျွန်တော့် အစ်ကိုကြီးကို သဘောကျတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါကြောင့် ကျွန်တော် ခင်ဗျားနဲ့ လက်မထပ်ချင်ဘူး။ "

ဝမ်ယာထံတွင် ပြောစရာစကားများစွာရှိပေမယ့် နောက်ဆုံး လက်ထပ်မထပ်ချင်သည့် အကြောင်းကိုသာ ပြောလိုက်သည်။

ဒီစကားကိုကြားတော့ ဟော်ယွမ်တုန်း၏ မျက်လုံးက မှေးမှိတ်သွားပြီး လှပသော နူတ်ခမ်းကို တွန့်ကာ ပြောလိုက်သည်။

 " ငါ မင်းကို လက်ထပ်ဖြစ်အောင် လက်ထပ်မယ်။ မင်းအကိုကြီး အစားထိုးအနေနဲ့ မင်းကို လက်ထပ်လိုက်တာ ပိုကောင်းတယ် မဟုတ်လား"

ဝမ်ယာသည်  လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။  

ငယ်စဉ်ကလေးဘဝ မှစ၍ ယခုအချိန်အထိ ဝမ်ယာ လူအများကြီးနှင့် မပတ်သတ်ဖူးပေမယ့် ဟော်ယွမ်တုန်းလို အရှက်ကင်းမဲ့သူမျိုးကို သူ မမြင်ခဲ့ဖူးပေ။

ဟော်ယွမ်တုန်းက မာနကြီးပြီး ခက်ထန်တဲ့လူဖြစ်လို့ သေချာပေါက် သူ့ကို နာကျင်အောင် လုပ်မှာသေချာသည်။  ဝမ်ယာက မျက်လုံးလွှဲလိုက်ပြီး အရူးလိုလူကို လျစ်လျူရှုလိုက်တော့သည်။

----------------------------

လူကြီးတွေအကြားဆွေးနွေးမှု၏နောက်ဆုံးရလဒ်မှာ နောက်တစ်လအကြာတွင် ဝမ်ယာသည် ဟော်ယွမ်တုန်းနှင့် လက်ထပ်လိုက်ဖို့ဖြစ်လာသည်။  

အဖိုးဟော်နှင့် ဟော်ယွမ်တုန်းတို့ ပြန်သွားကြတော့ အဖိုးဝမ်က ဝမ်ယာ၏လက်ကိုဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။

 "ရှောင်ယာ  အဘိုးကိုခွင့်လွှတ်ပါ"

သူက သူ့မြေးကို အခြားသူတစ် ဦး ၏နေအိမ်သို့ ဒီနည်းဖြင့်မပို့ချင် ပေမယ့်လည်း အဖိုးဟော်က အပြင်းထန်  ဖျားနာခဲ့သောကြောင့် သူ့မိတ်ဆွေကြီး၏ နောက်ဆုံးဆန္ဒဖြစ်သည့် ဟော်ယွမ်တုန်း ကို  သူ့မျက်စိရှေ့ လက်ထပ်တာ မြင်ချင်သဖြင့် အားတင်းကာ ဝမ်အိမ်တော်ကို ကိုယ်တိုင်လာကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။   အဖိုးဟော်၏ သဘောထားက အလွန်ရိုးရှင်းသည်။ သူက လွန်ခဲ့သောအနှစ် ၂၀ ကျော်က ထိမ်းမြားလက်ထပ်ခြင်းကိုငြင်းပယ်ရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။

ဘယ်လို  လုပ်ပြီး ဝမ်ယာက ငြင်းဆန်နိုင်တော့မှာလဲ။ သူ ဘယ်လောက်ပဲ လက်ထပ်ဖို့ ဆန္ဒ မရှိပေမယ့် သူ  ဘာလုပ်နိုင်တော့ မှာလဲ။ အဘိုးဟော်၏နောက်ဆုံးဆန္ဒကို သူလျစ်လျုမရှုရက်တော့ပေ။

ဝမ်ယာ၏မိဘများလည်း ဒီလက်ထပ်ပွဲကို သဘောမတူကြောင်း ထင်ရှားပေမယ့် အဖိုးဝမ်က ဆုံးဖြတ်ချက်ချပြီးပြီ၊ သူတို့ကငြင်းခုံ ဖို့ မဝံ့ရဲကြတော့ပေ။

ထို့ကြောင့် ဝမ်ယာက ဟော်ယွမ်တုန်းနှင့် လက်ထပ်ရတော့မည် ဖြစ်သည်။

*****


ထိုလတစ်လလုံး မိသားစုနှစ်စုလုံးက မင်္ဂလာဆောင်အတွက်ပြင်ဆင် အလုပ်များနေချိန်တွင် ဝမ်ယာသည် အတော်လေး တိတ်ဆိတ်နေခဲ့သည်။

သူက အလုပ်လုပ်ဖို့ သုတေသနဌာနတစ်ခုကိုတွေ့ခဲ့သည်။

ကံကောင်းထောက်မစွာ  ဟော်မိသားစုသည် သူ၏ အိမ်ထောင်သည် ဘဝနှင့်  ပတ်သတ်ပြီး ကန့်သတ်မှု မလုပ်ခဲ့ပေ။ ဟော်အိမ်တော်က အကြီးကဲများက သူ့ အလုပ်အတွက် ဝိုင်းဝန်းကူညီပေးခဲ့သည်။

ဝမ်ယာက ငယ်ငယ်ကတည်းက ကျောင်းတွင် အဆင့်ကောင်းကောင်းတွေ ရခဲ့သည်။ သူက အသက် ၂၄ နှစ်မတိုင်မီ Ph.D ဘွဲ့ကို ရရှိထားပြီး ဖြစ်သည်။   ကမ္ဘာပေါ်ရှိထိပ်တန်းတက္ကသိုလ်များတွင် ရူပဗေဒ ဘာသာရပ် ကို ဆည်းပူးခဲ့သည်။

သူမှာ ထူးခြားသော IQ ရှိတာ မဟုတ်ပေမယ့်နှ စ်ပေါင်းများစွာ ကြာပြီးနောက်မှာ သူ လုပ်နိုင်တဲ့တခြားအရာတွေကို  မတွေ့နိုင်ခဲ့ပေ။

အလုပ်ဝင်ပြီးနောက် တစ်လအကြာ ဝမ်ယာ၏ ဘဝက ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်ပြီး သူ နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်သောန နှစ်များနှင့် လုံးဝမတူပေ။  ဒါဟာ ပညာရပ်ဆိုင်ရာ အလုပ်လုပ်သည့် အတွက် ပတ်ဝန်းကျင်အပြောင်းအလဲတစ်ခုသာဖြစ်သည်။

အလုပ်ပြီးနောက် ဝမ်ယာက များသောအားဖြင့် သူ့အစ်ကိုနှင့် တွေ့ဖို့  ဆေးရုံသို့သွားလေ့ရှိသည်။ သူ့အစ်ကိုကြီးက သက်သာလာပုံရပြီး တည်ငြိမ်စွာ အိပ်ပျော်နေသလိုပင်။ ဒါပေမယ့် ကိုယ်အလေးချိန်က နည်းနည်းလျော့သွားပြီး ခုထိ မနိုးလာသေးပေ။

  သူ့အစ်ကိုချစ်သူဖြစ်သည့် ချူဝမ့်ချုံးက အကိုကြီးကို လာတွေ့တာကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။  ချူဝမ့်ချုံးက ကမ္ဘာကြီးကိုအုပ်စိုးနိုင်သောသူ ဖြစ်ကာ သြဇာအာဏာကြီးမား သူဖြစ်သည်။ သူက အကိုကြီးအတွက် အရာရာကို စွန့်လွှတ်ရဲသည်ဟု ပြောသံကြားဖူးပေမယ့် မစ်ရှင်ပြီးဆုံးသွား ကတည်းက သူ့သတင်းကို လုံးဝမရတော့တာဖြစ်သည်။

 အစ်ကိုကြီးက သူ့ချစ်သူကို အရမ်းချစ်တာသေချာသည်။ ချူဝမ့်ချုံး၏ သတင်းကို မကြားရသဖြင့် အကိုကြီး အခုလို ကိုမာဝင်သွားတာ ဖြစ်နိုင်သည်။

ဝမ်ယာသည် အကိုကြီး၏ သူ့ချစ်သူအပေါ်ထားသည့် သဘောထားကို တွေးမိပြီး စိတ်ထဲ လှုပ်ရှားသွားစဉ် သူက ဟော်ယွမ်တုန်းအကြောင်းကို တွေးလိုက်မိသည်။
 
ထိုလတစ်လလုံး ဝမ်ယာက ဟော်ယွမ်တုန်းကို မတွေ့ခဲ့ပေ။ ထိုနေ့မှာ သူပြောခဲ့တာက တမင်သက်သက် ဟာသလုပ်တာ ဖြစ်သည်ဟု ဝမ်ယာ ထင်ခဲ့သည်။ ဟော်ယွမ်တုန်းသာ သူ့အကိုကြီးကို တကယ်ချစ်လျှင် သူနှင့်လက်ထပ်ဖို့ သဘောတူမည်မဟုတ်ပေ။   ပြီးတော့ ဟော်ယွမ်တုန်းဘက်က ဘာလုပ်ရှားမှုမျိုးကိုမှ ဝမ်ယာ မလုပ်စေချင်ခဲ့ပေ။  

============================


ဖော်ကွာဝေးသည့် ချစ်သူ /ေဖာ္ကြာေဝးသည့္ ခ်စ္သူWhere stories live. Discover now