Chapter (8) End_ဝမ်ယာ၏ ငယ်ချစ်ဦးနှင့် ပြန်လည်ပေါင်းဖက်ခြင်း (Z+U)
5.7K 1K 41
ရောက် ရှိခဲ့သည်။
ရွီရန်: "အကိုယွမ်... "
"ဒါက အမိန့်ပဲ။ "
----------------
"အဲ့တော့ ဘာဖြစ်လဲ?"
 ဟော်ယွမ်တုန်း: "... "
"ဒီကိုလာခဲ့ "
 '' ငါ့ ဇနီးလေး..... '
" ခင်ဗျား...ခင်ဗျား..."
- ပြီးပါပြီ -
========================
Chapter (8)_ဝမ်ယာ၏ ငယ်ချစ်ဦးနှင့် ပြန်လည်ပေါင်းဖက်ခြင်း  (Z+U)
ဟော်ယွမ်တုန်းသည် ပစိဖိတ်သမုဒ္ဒရာရှိ  လူသူကင်းမဲ့သောကျွန်းပေါ်သို့
ရောက် ရှိခဲ့သည်။
ထိုကျွန်းသည်နှစ်ပေါင်းများစွာကတည်းက နေရှိန်ပြင်းပြီး မိုးများကာ စိုစွတ်သည့် ဒေသဖြစ်ပြီး  အီကွေတာနှင့်နီးသော မိုးသစ်တော ူထူထပ်သော အရပ်သည်။ မိုးသစ်တောဒေသ၏ လူနေသည့်အရပ်များ တွင် လူဦး ရေ ထူထပ်ပြီး အချို့သောနေရာတွင်  အန္တရာယ်ရှိသော တိရစ္ဆာန်များစွာ ပျံ့နှံ့နေထိုင်သောကြောင့် ဒီပတ်၀ န်းကျင်ဟာ လူသား တွေနေထိုင်ရန် ဘေးကင်းလုံခြုံစွာ နေသင့်သော အရပ်မဟုတ်ပေ။ ဒါကြောင့် အန္တရာယ်ရှိသော ဒေသများကို ကမ္ဘာပေါ်ရှိနောက်ဆုံးပေါ် ဂြိုဟ်တု စောင့်ကြည့်လေ့လာခြင်းကိရိယာ ဖြင့်သာ အမြဲစောင့်ကြည့် နေကြပြီး  လူမနေထိုင်ကြပေ။
သို့သော် အမေရိကန်စစ်တပ် ဦး စီးဌာနသည် မီတာရာပေါင်းများစွာ မြေအောက် သိပ္ပံဆိုင်ရာသုတေသနအခြေစိုက်စခန်းတစ်ခုကို ထားရှိကြောင်း တရုတ်အစိုးရက ရှာဖွေတွေ့ရှိခဲ့သည်။ အဲဒီမှာ ဘာတွေကို အထူးလေ့လာနေတယ်ဆိုတာ မသိရသေးပေ။
ဟော်ယွမ်တုန်း၏ရမစ်ရှင်က ထိုနေရာ၏ အတွင်းအပြင် အကုန် ဘာလုပ်နေတယ်ဆိုတာ ထောက်လှမ်းရမှာဖြစ်သည်။ ဒါကြောင့် ဟော်ယွမ်တုန်းနဲ့အဖွဲ့က ထိုကျွန်းပေါ်ကို တိတ်တဆိတ် ခိုးဝင်ခဲ့သည်။ သူ့အဖွဲ့ဝင်တွေက နှစ်ပေါင်းများစွာ အတူပူးပေါင်းပြီး မစ်ရှင်များစွာကို တိုင်းပြည်အသီးသီးမှာ အောင်မြင်စွာ လုပ်ဆောင်ခဲ့သောသူများဖြစ်သော ကြောင့် တစ်ယောက်အထာကို တစ်ယောက်သိကာ ပါးစပ်က ပြောစရာ မလိုပဲ အကြည့်တချက်နှင့်ပင် နားလည်အောင် ပူးပေါင်းဆောင် ရွက်နိုင် သူများဖြစ်သည်။ ဒါပေမယ့် ဒီတစ်ခါတော့ အခက်ခဲတချို့ကိုရင်ဆိုင် နေရသည်။
သူတို့က ဒီအပူပိုင်းသစ်တော တွင်းတွင် လေးလခန့်ထိုင်နေကြသော်လည်း အခြေနေ တိုးတက်မှုများစွာ မရရှိခဲ့ပေ။
 လက်ထောက် ရွှီရန်က ပတ်ဝန်းကျင်တိုင်းတာသည့် ကရိယာကို စစ်ဆေး လိုက်သည်။ ပတ်ဝန်းကျင်အခြေအနေကိုစစ်ဆေးပြီး ဟော်ယွမ်တုန်း အနီးတွင် ထိုင်ကာ ပြောလိုက်သည်။
 "အကိုယွမ် ဒီအတိုင်းနေလို့မဖြစ်တော့ဘူး။ ဒီမှာပတ်ဝန်းကျင်က အရမ်းဆိုးတယ်။ အဆိပ် ပိုးကောင်တွေလည်း အများကြီးရှိတယ်။ ရာသီဥတုကပူပြင်းပြီး စိုစွတ်တယ်။ ကျွန်တော့်ကိုယ်က ဒါကို အချိန်အကြာကြီး မခံနိုင်ဘူး။ "
 ပူပိုင်းဒေသမှာ သူတို့ဘယ်တော့မှမစ်ရှင် မလုပ်ဖူးသောကြောင့် ဒီလို ပူအိုက်စွတ်စိုးသည့်ဒဏ်ကြောင့် သူတို့ခန္ဓာကိုယ်လည်း သက်တောင့် သက်သာမရှိပေ။  ဒါပေမဲ့ ဒီအချိန်ဟာ သူတို့အတွက် အခက်ခဲဆုံးပဲ။ သူ စကားပြောလိုက်တာနဲ့ နည်းလည်းလှုပ်ရှားတာနဲ့ ချွေးတွေ ထွက်လာပြီး မောဟိုက်ကာ စကားပြောဖို့ခက်နေသည်။ တကယ်လို့  ယခုအချိန်တွင် ပြသနာများမရှိသေးလျှင်ပင် ဒီအတိုင်း ဆက်လက်နေထိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ခံစားရတော့မှာသေချာသည်။
ဟော်ယွမ်တုန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
 " ငါ ဒီည နောက်တစ်ခေါက်ထပ်ကြိုးစားလိုက်မယ်။"
ရွှီယန် : "အကိုယွမ် စွန့်စားဖို့ မလုပ်သင့်ဘူး"
ဟော်ယွမ်တုန်းက လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
" ငါပြန်မလာရင် မင်း ဘာခွင့်ပြုချက်မှ မရှိဘဲ မလှုပ်ရှားရဘူး။ ငါအောင်မြင်ခဲ့ရင် ချက်ချင်း ဒီနေရာကနေ ထွက်သွားလို့ရမယ်"  
နောက်ဆုံးတွင် ရွီရန် ကသဘောတူလိုက်တော့သည်။
သူက အကိုယွမ်ရဲ့ စွမ်းရည်ကိုရှင်းရှင်းလင်းလင်းသိထားသူဖြစ်သည်။  သူ့ကို သူတို့ မမိသမျှကာလပတ်လုံး အကိုယွမ်အတွက် လုံးဝ အန္တရာယ်မရှိပေ။
အဖွဲ့နှင့်သဘောတူမှုရပြီးနောက် လူအားလုံး ညရောက်ရန် တိတ်ဆိတ်စွာစောင့်နေကြသည်။
ည ၈ နာရီထိုးတော့ ဟော်ယွမ်တုန်းက တိတ်တဆိတ်ထကာ ၂ စက္ကန့်အတွင်းမှာပဲ သူရဲ့ပုံရိပ်က မြူတွေထဲသို့ တိုးဝင်ပျောက်ကွယ် သွားပြီဖြစ်သည်။
ထိုကဲ့သို့သော  အရှိန်အဟုန်ဖြင့် ဟော်ယွမ်တုန်း ၏ လှုပ်ရှားမှုများကို ပြင်ပလူများ တွေ့မြင်ရဖို့မလွယ်ပေ။ မျက်နှာချင်းဆိုင်တွေ့လျှင်လည်း သူတို့ တုန်လှုပ်သွားနိုင်သည်။ အဖွဲ့ ၀ င်များသည် ပုံမှန်အတိုင်း စောင့်ကြည့် ခဲ့ကြပြီး ဒါကို မြင်ရဖန်များသောကြောင့် ဟော်ယွမ်တုန်း၏ လှုပ်ရှားပုံက သူတို့အတွက် ထူးဆန်းသောအရာ မဟုတ်တော့ပေ။
အမှန်မှာ သူတို့အဖွဲ့ဝင်အားလုံးက သာမန်လူများနှင့် အနည်းငယ် ကွဲပြားကာ သန်မာကြသော်လည်း သူတို့၏ ခေါင်းဆောင်သည် အင်အား အကြီးဆုံးဖြစ်သည်။
နာရီဝက်အကြာမှာတော့ ဟော်ယွမ်တုန်းပြန်လာပြီး လူအားလုံးကိုစုရုံးခဲ့သည်။
"ကမ်းရိုးတန်းနားက အနောက်ဘက်ခြမ်းက ငါတို့ ဖောက်ဝင်ဖို့ အလွယ်ဆုံးဖြစ်တယ်။ ငါအခြေအနေကို အရင်စစ်ဆေးပြီး မင်းဆီကို အချက်ပြလိုက်မယ်။ ရွီရန် မင်းက လူတွေအားလုံးကို စုစည်းပြီး ိုစောင့်ဆိုင်းနေလိုက် ။ ငါ့ဆီက ပေးပို့တဲ့ သတင်းကို ရပြီးတာနဲ့  ချက်ချင်းထွက်သွားပါ။ "
သူတို့ရဲ့ရည်ရွယ်ချက်က သတင်းအချက်အလက်တွေရဖို့ဖြစ်သည်။ ဒါကြောင့်သူတို့ကအချက်အလက်တွေရရင် သူတို့ တိုက်ရိုက် ထွက်သွားနိုင်သည်။
်ရွှီယန်က " ကျွန်တော် နားလည်ပါပြီ" ဟုပြန်ဖြေခဲ့သည်။
ဟော်ယွမ်တုန်း က ပုံမှန်လိုပဲ မှာလိုက်သည်။
" ဘာပဲဖြစ်ဖြစ်  အားလုံး လုံခြုံမှုက ပထမ ဦးစားပေးအလုပ်ပဲ"
ရွီရန်: "အကိုယွမ်... "
"ဒါက အမိန့်ပဲ။ "
ဟော်ယွမ်တုန်းက သူ့ကိုကြားဖြတ်ပြောလိုက်သောကြောင့် ရွှီရန်က ပါးစပ်ပိတ်ထားရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပေ။
 ခါတိုင်းလည်း ဒီလိုမစ်ရှင်တိုင်းမှာ အကိုယွမ်က နောက်ဆုံးမှ ထွက်ခွာသော သူဖြစ်သည်။ အခုမစ်ရှင်လည်း အရင်လို ရှောရှောရှုရှုဖြစ်ပါစေလို့ ဆုတောင်းနေမိသည်။
 လူတိုင်း ကိုယ့်တာဝန်ကိုယ် လုပ်ဆောင်နေကြပြီးနောက်   နှစ်နာရီကြာတော့ ရွှီရန်နှင့်သူ့အဖွဲ့သည် သူတို့၏ လက်ကောက်ဝတ် ပေါ်ပတ်ထားသော စက်လေးပေါ်တွင် မှုန်ဝါးသောပုံများ ရရှိခဲ့သည်။
အကိုယွမ် အောင်မြင်စွာ သတင်းအချက်လက်များရယူပြီး လွှဲပြောင်းပေးပို့နိုင်ခဲ့လေပြီ။
အမေရိကန်သည်အခြားဂြိုလ်များပေါ်သို့မည်သို့ပြောင်းရွှေ့နေထိုင်ရမည်ကိုလေ့လာနေခြင်းဖြစ်သည်။
ဒီအချက်အလက်သည် အရေးကြီးသောရှာဖွေတွေ့ရှိမှု တစ်ခုဖြစ်သည်။ လူတိုင်း၏မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့်တောက်ပနေသည်။ ရွှီရန်က အကိုယွမ်၏ အမိန့်အတိုင်း အဖွဲ့သားများအားပြန်လည်  အမိန့်ပေးကာ ဆုတ်ခွာခဲ့သည်။
သို့သော်ရေငုပ်သင်္ဘောများမှ ထွက်ခွာသွားသည့်အခါ သူတို့လက်ကောက်ဝတ်ပေါ်က နာရီလို အရာက ရုတ်တရက်တောက်ပ လာပြီး ဟော်ယွမ်တုန်းက သူ့ခေါင်းကို လက်နှင့် ကိုင်ထားပြီး မထိန်းချုပ်ဘဲ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
ရွှွှွှီရန်၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။ အကိုယွမ်က ထူးဆန်းသော လက်နက်နှင့် တိုက်ခိုက်မှုကို ခံလိုက်ရလေပြီ။
ဟော်ယွမ်တုန်းက သေနတ်နှင့် ခေတ်မှီလက်နက်များကိုမကြောက်ပါ။ နောက်ဆုံးပေါ် နျူကလီးယားလက်နက်များတောင်မှ သူ့ကို မထိခိုက် စေပါ။ ဘာကြောင့်လဲဆိုတော့ အခြားတိုင်းပြည်များက တရုတ်ပြည်ကို လန့်သောကြောင့် လွန်ကဲသော လက်နက်များကို သုံးပြီး မတိုက်ခိုက် ရဲကြပေ။ တကယ်လို့တိုက်ခိုက်လာမယ်ဆိုရင်လည်း တရုတ်အစိုးရထံတွင် ထိုသို့သောလက်နက်မျိုးကိုလည်း ပိုင်ဆိုင်သောကြောင့် လက်တုံ့ပြန်မည်ကို  စိုးရွံ့နေကြသည်။   နောက်ဆုံး သူတို့က  ဇီဝဓါတုလက်နက်တွေ သုံးရင်တောင်မှ တရုတ်အစိုးရက သူတို့ကို လွယ်လွယ်နဲ့ လွတ်ပေးမည်မဟုတ်ပေ။
ဟော်ယွမ်တုန်းက တခါတရံ စိတ်လွတ်ပြီး ရိုင်းစိုင်းကြမ်းတမ်းလေ့ ရှိသည်။ သူ အသိစိတ်လွတ်သွားလျှင် သူ့ဘေးက လူတွေအားလုံးကို တိုက်ခိုက် တတ်သည်။ တခါက မစ်ရှင်လုပ်ဆောင်နေစဉ် ဟော်ယွမ်တုန်း စိတ်လွတ်ပြီး ရန်သူစစ်သားများစွာကို လည်ပင်းညစ်သတ်ဖြတ် ခဲ့ရုံသာမက သူတို့ အဖွဲ့ဝင်တချို့ကိုလည်း ဒဏ်ရာရစေခဲ့သည်။
ဒီကိစ္စကိုဖြေရှင်းဖို့ပြည်နယ်က သုတေသနဌာနတစ်ခုကို တည်ထောင် ခဲ့သည်။ ထို့ကြောင့်လွန်ခဲ့သောဆယ်နှစ်အတွင်းတွင် ဟော်ယွမ်တုန်း ၏အခြေအနေကို သေချာစွာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် အချို့နိုင်ငံ များက ဟော်ယွမ်တုန်း၏လျှို့ဝှက်ချက်ကို လေ့လာခဲ့ပြီး သူ့ကို မူးယစ်ဆေးဝါးများဖြင့် ထိန်းချုပ်ရန်ကြိုးစား ခဲ့ကြသည်။
ယခုအချိန်တွင်အမေရိကန်သည် ဟော်ယွမ်တုန်းကို နောက်ဆုံးပေါ်ဆေးဝါးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
----------------
ဟော်ယွမ်တုန်းနိုးလာသောအခါအိပ်ရာထဲလဲနေသည်ကိုတွေ့လိုက်ရသည်။
ရွီရန်သည်အလွန်ပျော်ရွှင်သွားပြီး သက်ဆိုင်ရာခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များကို ချက်ချင်းအကြောင်းကြားခဲ့သည်။ နောက်ပိုင်းတွင်ဟော်ယွမ်တုန်းအား အာဏာပိုင်များက သူ့ကို ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျွန်းငယ်လေးတွင်ရှိနေသေးသော်လည်း  တရုတ်နယ်မြေအတွင်း ရောက်ရှိနှင့်ပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်။
"အကိုယွမ်၊ မင်းဟာမေ့မြောနေတာရက်ပေါင်းများစွာရှိခဲ့ပြီ။ ဒီအချက်တွေက အရမ်းစိုးရိမ်ရတယ်။  ဒီကို အစိုးရက အထူးကုတွေပို့ပေးလိုက်တယ်။ အကို့ကို ကုပေးမယ့် အထူးကုနဲ့ ပတ်သတ်တဲ့ သတင်းကို စုံစမ်းရရှိခဲ့တယ်"
ရွီရန် ကပြုံးပြီးပြောလိုက်သည်။
သူစကားပြောနေစဉ် တံခါးကို တွန်းဖွင့်လိုက်ပြီး လူတစ်ယောက်ဝင်လာ သည်။
ွရွှီရန်က ထိုလူငယ်ကို ဟော်ယွမ်တုန်းနှင့် စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခဲ့သည် -
 "အကိုယွမ်....ဒါက ဆရာ HW ပါ။ ဒီနာမည်ကို လွန်ခဲ့တဲ့ဆယ်နှစ် ကတည်းက သိခဲ့ပေမယ့် အခုမှ အရမ်းနာမည်ကြီးတဲ့ လူကို ကိုယ်တိုင် ပထမဆုံး တွေ့ဖူးတာဖြစ်တယ် ။ ဆရာ HWက ဒီလောက်ငယ်မယ်လို့ ကျွန်တေ်ာ လုံးဝမထင်ထားဘူး"
ဟော်ယွမ်တုန်းက မျက်တောင်ခတ်သွားပြီး ရွှီရန်ကို ဆက်ကြည့်နေသည်။
ဝမ်ယာ ကပြုံးပြီး ဟော်ယွမ်တုန်း ကို ဦး ညွှတ်လိုက်ပြီး လိုအပ်သည့်အရာကို စစ်ဆေးပြီးနောက်အခန်းထဲရှိအခြားသူများအား နှင်ထုတ်လိုက်သည်။
" အားလုံး အရင်ထွက်သွားပေးပါ"
လက်ထောက် ရှောင်ယောင်းက   ဟော်ယွမ်တုန်း ကို နူတ်ဆက်ပြီးမှ ပြောလိုက်သည်။
"ဆရာ ဒါဆို ကျွန်တော်တို့ အရင်သွားလိုက်ပါဦးမယ် "
တရုတ်လူမျိုးတွေရဲ့သူရဲကောင်း  ဟော်ယွမ်တုန်း သည် သူမ ဆရာ ၀ မ် ၏ ခင်ပွန်းဖြစ်ကြောင်းသိပြီးနောက် ရှောင်ယောင်းသည် ယခုအချိန်အထိ ထိတ်လန့်တုန်လှုပ် မပြေသေးပေ။
အခန်းထဲတွင် သူတို့ထဲမှနှစ်ယောက်သာကျန်တော့သည်ကို စောင့်နေစဉ် ဝမ်ယာက ပြောလိုက်သည်။
 " အဆင်ပြေပါတယ်။ ခင်ဗျားကို ကူညီမယ့်ဆေးတစ်မျိုးကို ကျွန်တော်တို့ တီထွင်နိုင်ခဲ့တယ်။ "
 ဟော်ယွမ်တုန်းက ဘာမှ မပြောပဲ သူ့ကိုငေးကြည့်နေသည်။
ဝမ်ယာက အကြာကြီးတိတ်နေပြီးမှ သူ့ကို ပြောလိုက်သည်။
  " အကိုကြီး လုံးဝ နိုးလာခဲ့ပြီ"
နောက်ဆုံးမှာ  ဟော်ယွမ်တုန်း က ပြန်တုန့်ပြန်လာခဲ့သည်။
"အဲ့တော့ ဘာဖြစ်လဲ?"
ဝမ်ယာ ဘာမှမပြောလိုက်ပေ။
"HW ဟုတ်လား။ ငါ့ကို ဆယ်စုနှစ်တခုလုံး  ရူပဗေဒကျောင်းသား တစ်ယောက်က ကုပေးနေတာပေါ့"
ဟော်ယွမ်တုန်းသည် ဝမ်ယာ၏မျက်နှာကို ကြည့်လိုက်ပြီး သရော်လှောင်ပြောင်ဟန်ပြော လိုက်သည်။  
သူ့အသံထဲတွင် မှောင်မိုက်နေသောခံစားချက်များ ပါဝင်နေပြီး တဖက်သားကို အသက်ရှူကျပ်လာစေသည်။ သူ၏အကြည့်သည် ဝမ်ယာ၏ရင်ဘတ်ထဲသို့ထိုးဖောက် ၀ င်ရောက်သော ဓါးထက်ထက်နှင့် တူနေသည်။
ဝမ်ယာသည်  ဟော်ယွမ်တုန်း၏နှုတ်ခမ်းများကိုငေးကြည့်နေပြီး  ဘာမျှမပြောဘဲနေနေခဲ့သည်။
နောက်ပိုင်းတွင် သူတို့နှစ် ဦး ဘာစကားမှ ထပ် မပြောခဲ့သဖြင့် တခုခု မှားနေပြီဆိုတာ  လူတိုင်းတွေ့မြင်ခဲ့ရသည်။
ရွှီရန် သည်ထူးဆန်းသည်ဟု ခံစားခဲ့ရပြီး  ဟော်ယွမ်တုန်းကို တိတ်တိတ်လေး မေးခဲ့သည် -
"အကိုယွမ်က ဆရာဝမ်ကို တမင်သက်သက် စော်ကားနေတာလား  "
 ဟော်ယွမ်တုန်း: "... "
သူ လက်ထပ်သည့်အချိန်တွင် ရွှီရန်က  သည် တာဝန်ထမ်းဆောင်နေရ သောကြောင့် ဝမ်ယာနဲ့သူ့ကြားက ပတ်သတ်မှုကို မသိတာ  အံ့သြစရာ မဟုတ်ပေ။
ဒါပေမယ့် သူက တစ်ယောက်ယောက်ကို စော်ကားနေတာလို့ ထင်လိုက်တာလား။
ရွှီရန် ကသူ့ကိုဆွဲဆောင်ရန်ကြိုးစားခဲ့သည်
- "ဆရာ ဝမ်ရဲ့ ပင်ကိုစရိုက် ကနူးညံ့သိမ်မွေ့ပြီး လွယ်လွယ်ကူကူနဲ့အဆင်ပြေပြေ ပြောဆိုနိုင်ပါတယ်။  အစ်ကို၊ လူတွေကို ကန့်လန့်မတိုက်ပါနဲ့ဗျာ။ ဆရာဝမ်ကို အကိုကျေးဇူးတင်သင့်တယ် "
 ဟော်ယွမ်တုန်း က သူ့ကို မျက်တောင်ခတ်ကာ ကြည့်လိုက်ပြီး မေးလိုက်သည်။
 " ငါ့ဇနီးကို ငါ စော်ကားတော့ ဘာဖြစ်လဲ။ "
ရွှီရန် ပါးစပ်အဟောင်းသားပွင့်သွားတော့သည်။ : "... "
ထိုသို့ပြောသော်လည်း တရုတ်ပြည်သို့မပြန်မီအထိ သူတို့နှစ် ဦး မှာ အဆင်မပြေသေးကြောင်း အပြင်လူများ၏အမြင်တွင် သိသာနေသည်။
 ဟော်ယွမ်တုန်းဒဏ်ရာရရှိခဲ့ပြီး ခွင့်ရက်ရှည်လျှောက်ထားခဲ့ပြီး သူက နေ့တိုင်းအိမ်မှာ ထိုင်နားနေခဲ့သည်။  အဘိုးဟော်၏ခန္ဓာကိုယ်ဖြည်းဖြည်း ပြန်လည်ကျန်းမာလာသည်နှင့်အမျှ သူတို့နှစ်ယောက်စလုံးသည် မနက်တိုင်း ထသည်နှင့် လက်ဝှေ့ထိုးကြသည်။ တစ်ခါတစ်ရံ သူတို့မြေးအဖိုးနှစ်ဦး စစ်တုရင်ကစားခြင်း၊ ပန်းချီဆွဲခြင်းကို အတူတူလုပ်ကြသည်။ ဝမ်ယာကတော့ သုတေသနာဌာန အင်စတီကျူးရှင်းသို့ မသွားဘဲ သူတို့နှင့်အတူ အိမ်တွင်နေကာ အဖော်ပြုပေးခဲ့သည်။  ဟော်ယွမ်တုန်း က ဝမ်ယာက သူ့ကို ဂရုစိုက်ချင်ပေးချင်လို့ ခု လိုလုပ်တာဖြစ်မည်ဟု ခန့်မှန်းမိသည်။ သို့သော် သူက  အဘိုးရှေ့တွင် ဘာမှမဖြစ်သလို အေးဆေးတည်ငြိမ်စွာ ပဲနေခဲ့သည်။ သူက အဖိုးရှေ့တွင် ဝမ်ယာနှင့်အဆင်ပြေစွာနေပြီး ဘာပြသနာမှ မရှိသလိုပဲ နေခဲ့သည်။
ဝမ်ယာ လည်းသူနှင့်အတူပူးပေါင်းကာ သူပြုံးလိုက်တဲ့အခါ ဝမ် ယာပြုံးနေသည်။  ရံဖန်ရံခါ သူက  အဘိုးဟော်ကို သူကိုယ်တိုင် ဟင်းချိုတွေ ပို့ပေးတတ်သည်။  
တနေ့ ဝမ်မိသားစုမှ သူ၏အစ်ကိုကြီး ဝမ်ရှင်း ပြန်လည်နိုးထလာသည့် အထိမ်းအမှတ်ဖြင့် အောင်ပွဲခံ  စားသောက်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားစာ ပေးပို့ခဲ့သည်။
 ဟော်ယွမ်တုန်းက ဖိတ်ကြားချက်ကိုလက်ခံလိုက်ပြီး သူတို့သွားသင့်တယ်လို့ ပြောခဲ့ပြီး  ဟော်ယွမ်တုန်း အပေါ်ထပ်သို့ တက်သွားသည်။
ညနေနှောင်းပိုင်းအထိ ဝမ်ယာ အိမ်သို့ မပြန်လာခဲ့ပေ။ သူက  အဘိုးဟော်ရှေ့မှောက်တွင် စိတ်မသက်မသာခံစားခဲ့ရသည်။ သူတို့ဟာ အခန်းတစ်ခန်းတည်းမှာပဲ အိပ်နေတုန်းဖြစ်ပေမယ့်  တစ်ယောက်နဲ့ တစ်ယောက် စကားပြောခဲသည်။
သို့သော် ဒီတစ်ကြိမ်တွင်  ဟော်ယွမ်တုန်းက ရုတ်တရက်ပြောခဲ့သည်။
"ဒီကိုလာခဲ့ "
ဝမ်ယာ ချီတုံချတုံဖြစ်နေပြီး အိပ်ရာနားကို တိုးကပ်သွားသည်။
 ဟော်ယွမ်တုန်းက သူ့ကို မေးခဲ့သည်။
 "မင်း ငါနဲ့ ကွာရှင်းချင်လား"
ဝမ်ယာ ဘာမှပြန် မဖြေပဲ တိတ်နေသည်။  ဟော်ယွမ်တုန်းက ဝမ်ယာ၏လက်ကို ဆုပ်ကိုင်ပြီး အိပ်ယာပေါ် ရုတ်တရက်
 ပစ်ချကာ အပေါ်က ဖိထားပြီး မေးလိုက်သည်။
 " ငါ မင်း အကိုကြီးကို ကြိုက်နေတဲ့အတွက်လား။  "
ဝမ်ယာ၏မျက်နှာသည် ဖြူယော်လာပြီး နူတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်သည်။  ဟော်ယွမ်တုန်းက ပန်းရောင်သမ်းသော ဝမ်ယာ၏ နူတ်ခမ်းလေးကို လက်နှင့် ပွတ်သပ်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။
 " ငါ့ကိုတစ်လလောက်တောင် လျစ်လျူရှုထားတယ်၊ မင်း အရမ်းရက်စက်တာပဲ"
ဝမ်ယာ အေးခဲသွားပြီး  ဟော်ယွမ်တုန်း ဘာကို ဆိုလိုသလဲဆိုတာ သိချင်ခဲ့တသည်။ သူက ဒေါသထွက်နေတာ သေချာတယ်ဟု တွေးနေမိသည်။
 ဟော်ယွမ်တုန်းက သူ့ကိုခဏလောက်ငေးကြည့်ရင်း ဖက်ကာ ပြောလိုက်သည်။
 '' ငါ့ ဇနီးလေး..... '
ဝမ်ယာသည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်မယုံကြည်နိုင်ခြင်းများစွာဖြင့်  ဟော်ယွမ်တုန်းကို ကြည့်ရှုနေမိသည်။
 ဟော်ယွမ်တုန်း က သူ့ခေါင်းကို ဝမ်ယာရဲ့ရင်ဘတ်တွင် အပ်ကာ သူ့အမူယာကို မမြင်စေရန် ဝမ်ယာကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ပြောလိုက်သည်။
 "ငါ့ဇနီးလေး....ငါ့ ငန်းကလေး... ငါ့ဖားကလေး ... "
ဝမ်ယာက ဘယ်လိုမှ တောင့်မခံနိုင်ပဲ  အပြင်းအထန်ရုန်းကန်နေခဲ့သည်။
 ဟော်ယွမ်တုန်းက   သူ့ကိုလွှတ်လိုက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိတော့ပေ။
ဝမ်ယာက ထထိုင်လိုက်ပြီး သူ့ကိုငေးကြည့်ရင်း သူ၏မျက်နှာကိုတို့ထိ လိုက်သည်။
" ခင်ဗျား...ခင်ဗျား..."
 ဟော်ယွမ်တုန်း ခေါင်းကိုငုံ့ကာ ဝမ်ယာ၏လက်ချောင်းများကို နမ်းပြီး တီးတိုး တောင်းပန်လိုက်သည်။
: "တောင်းပန်ပါတယ် ကိုယ့်ဇနီးလေး။ "
ဝမ်ယာသည်မျက်ရည်မကျပဲ မနေနိုင်တော့ပေ။  ဟော်ယွမ်တုန်းက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ ဝမ်ယာ၏ နဖူးကို နမ်းရင်း ထပ်တလဲလဲတောင်းပန်လိုက်သည်။
 "ကိုယ့်ဇနီးလေး။ တောင်းပန်ပါတယ်၊ ကိုယ် တကယ် စိတ်မကောင်းပါဘူး .. မင်းကို စိတ်ဆင်းရဲအောင် လုပ်ခဲ့မိတယ်. "
ဝမ်ယာ မျက်ရည်သာ ကျနေခဲ့သည်။
ဒီငိုကြွေးခြင်းတွင်ထောင်နှင့်ချီသော မကျေနပ်မှုများ၊ ထောင်နှင့်ချီသော ဆင်းရဲဒုက္ခများနှင့် နာကျင်မှုများစွာ ပါဝင်နေသည်။ ထိုငိုသံကို နားထောင်ရင်း  ဟော်ယွမ်တုန်း ၏နှလုံးထဲတွင် ထက်ရှသော ဓါးနှင့် ထိုးစိုက်ခံနေရသကဲ့သို့ ခံစားခဲ့ရသည်။
"အဲ့ဒီနှစ်က ကိုယ်က အဘိုးနဲ့အတူသူ့သူငယ်ချင်းဟောင်းဆီ သွားလည် ခဲ့တယ်။ အဖိုးက ကိုယ့်ရဲ့ ဇနီးလေးကိုပြမယ်လို့ ပြောခဲ့တယ်။ ကိုယ့်ဇနီးလေးကို ပထမဆုံးအကြိမ်တွေ့တော့ ကိုယ့် သူ့ကို အရမ်း သဘောကျ သွားခဲ့တယ်။ ကိုယ့်ဇနီးလေးက အရမ်းချစ်စရာကောင်းပြီး လှတယ်။ သူ့မျက်လုံးတွေက တောက်ပနေတယ်။ ကိုယ်သူ့ကို တောင်းတဲ့အခါ သူက သူ့လက်ထဲက အရသာရှိတဲ့ စားစရာကို ကိုယ့်ကို ကျွေးခဲ့တယ်။  "
"နောက်ပိုင်းမှာ ကိုယ်က ကိုယ့်ဇနီးလေးရဲ့ အိမ်ကိုမကြာခဏသွားလည် တတ်တယ်။ ကိုယ့်ဇနီးလေးက ိကိုယ့်ကို အမြဲတွယ်ကပ်နေတတ်ပြီး ကိုယ့်ရဲ့ကွယ်ရာမှာ ကိုယ့်ကို အစ်ကိုကြီးကိုခေါ်ခဲ့တယ်။ ကိုယ်လေ သူ့ကို ကိုယ့်အိတ်ကပ်ထဲထည့်ပြီး တခါတည်း အိမ်ကိုခေါ်သွားချင်ခဲ့တယ်။ ကိုယ် သူ့ကို ခေါ်လိုက်တဲ့အခါတိုင်း ကိုယ့်ရဲ့ ဇနီးလေးက လှပတဲ့ မျက်ဝန်းတွေနဲ့  စိုက်ကြည့်ပြီး  အမြန်ဆုံပန်ထူးတတ်တယ်။ ကိုယ့် ဇနီးလေးကို အမြန်ဆုံး ကြီးပြင်းလာစေချင်ပြီ။ သူ ကြီးလာမှ ကိုယ့်အိမ်ကို ဇနီးလေးအဖြစ် ရောက်လာမယ်လို့ အဖိုးက ပြောခဲ့တယ်။ "
 "သူ အသက်  ဆယ့်နှစ်နှစ်အရွယ်မှာ  ကိုယ့်ဇနီးလေးကိုေ ကျောင်းကနေ အပြင်ကို ခေါ်သွားတယ်။ ဒါပေမယ့် ကိုယ် ရုတ်တရက် နေမကောင်း ထဖြစ်ပြီး ကိုယ့်ဇနီးလေးကို နာကျင်အောင် လုပ်ခဲ့မိတယ်။ ကိုယ့်ဇနီးလေးက ကိုယ့်ကို ......ကြောက်သွားခဲ့တယ်။."
"ဒါကြောင့် ကိုယ်က ခုနစ်နှစ်လောက်ပြည်ပကိုသွားပြီး တစ်ယောက်တည်း နေခဲ့ပြီး အထီးကျန်နေခဲ့တာ ဆယ်စုနှစ်တစ်ခုလောက် ရှိခဲ့တယ်။ ကိုယ်က အရိုင်းစိုင်းကောင်ပါ....ကိုယ်က မကောင်းတဲ့ ကောင်ဖြစ်လို့  ...  သူ့ကို တခုခု ထပ်ပြီး ထိခိုက်စေမိမှာစိုးလို့....ကိုယ်....ကိုယ်...သူ့ကို မေ့ပစ်လိုက် မိတယ်။  "  
 ဟော်ယွမ်တုန်းက ဝမ်ယာရဲ့ရင်ဘတ်ပေါ်မှာ လှဲချလိုက် ပြီးဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
ဝမ်ယာက  ဟော်ယွမ်တုန်းရဲ့ လက်မောင်းတွေကြားလဲလျှောင်းကာ သူ့ အင်္ကျီလက်ကို တင်းနေအောင် ဆုပ်ကိုင်ထားလို့ လက်ဆစ်တွေတောင် ဖြူလို့နေသည်။
"ဟင့်အင်း၊ မငိုပါနဲ့ ကိုယ့်ဇနီးလေး...မငိုပါနဲ့ကွယ်။ ဒါက ကိုယ့်အမှားတွေပါ။ ကိုယ်က အသုံးမကျတဲ့ ခွေးသားတစ်ကောင်ပါ"
 ဟော်ယွမ်တုန်းက ဝမ်ယာ၏နဖူးကိုနမ်းကာ ပြောလိုက်သည်။  
ဝမ်ယာကသူ့ခေါင်းကို ခါလိုက်သည်။
 ဟော်ယွမ်တုန်း က သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။
" မင်းရဲ့အစ်ကိုကို ရင်းနှီးနေတယ်လို့ ကိုယ် အမြဲခံစားခဲ့ရပေမယ့်  ငါ သူနဲ့ မရင်းနှီးချင်ဘူး"
သူ့စိတ်နှလုံးထဲတွင် လူတစ်ယောက်နေရှိကြောင်း  ဟော်ယွမ်တုန်း အမြဲသိသည်။ ထိုလူကို အစဉ်မပြတ်  ဟော်ယွမ်တုန်း  လိုက်ရှာဖွေနေခဲ့မိသည်။ သူက ဝမ်ယာနဲ့ မတွေ့ခင်အချိန်အထိ ဘယ်သူ့ကိုမှ ပိုင်ဆိုင်လိုစိတ်မရှိခဲ့ပေ။
 သူနိုးပြီးနောက်အရာအားလုံးကို သတိရ သွားခဲ့သည်။  ဒါပေမယ့် သူက ဝမ်ယာ အကြောင်းကို ၁၀ နှစ်ကျော်တောင် မေ့သွားလိမ့်မယ်လို့ လုံးဝ မယုံနိုင်ဖြစ်နေသည်။
ဝမ်ယာက သူ့ကြောင့် ထိခိုက်နာကျင်ခဲ့ရတာက အတော်ဆိုးသည်။ ဒါပေမယ့် အသက် ၁၄ နှစ်အရွယ် မှစ၍ ဝမ်ယာက ဆေးဝါးများကိုလေ့လာခဲ့ပြီး သူ၏အခြေအနေကိုထိန်းချုပ်ရန် ကူညီပေးခဲ့သည်။
HW က သူ့ရဲ့ဇနီးလေး ဝမ်ယာတဲ့လား။  သူ၏ဇနီးလေးက သူ့ကို အမြဲတမ်းသတိရနေပြီး သူ့အတွက်ကြိုးစားအားထုတ်ပေးခဲ့သည် ။
 ဟော်ယွမ်တုန်း က သူ၏ဇနီး ကောင်လေးကို ပွေ့ဖက်ကာ ကတိပေးလိုက်သည်။
" ကလေးလေး စိတ်မကောင်းပါဘူး၊ ကိုယ် မင်းကို အကြာကြီး မမှတ်မိခဲ့ဘူး။ ဒါပေမယ့် ခုကစပြီး ဒီလိုအဖြစ်မျိုး  ဘယ်တော့မှ ထပ်ဖြစ်မှာ မဟုတ်တော့ဘူး"
သူ့ကိုတုံ့ပြန်သည့်အနေဖြင့် ဝမ်ယာက သူ့ခါးကို သိုင်းဖက်ကာ တီးတိုးလေး ရှိုက်ကာ ပြန်ထူးလိုက်သည်။
- ပြီးပါပြီ -
(သနားစရာဝမ်ယာလေး.... တသက်လုံး သူ့ကို မေ့သွားတဲ့ သူ့ ချစ်သူ အကိုကြီးကို စောင့်ဆိုင်းနေပြီး နာကျင်ခံစားနေခဲ့ရတယ်။ နောက်ဆုံးတော့ အချစ်စစ်ကြောင့် သူ့ချစ်သူကို ပြန်လည်ရရှိခဲ့တယ်။
ဒါက တကယ်ကို ကောင်းတဲ့ ဇာတ်လမ်းလေးပါ။ လာတောင်းဆိုတဲ့ စာဖတ်သူကိုလည်း ကျေးဇူးတင်ပါတယ်။ သည်းခံမြိုသိပ်ပြီး ချစ်တတ်တဲ့ လူတစ်ယောက် အကြောင်းကို ဘာသာပြန်ခွင့်ရလိုက်တဲ့အတွက် တကယ်ကို ကျေနပ်မိပါတယ်။ ဖတ်ရှုသူများကိုလည်း ကျေးဇူးတင်ပါတယ်
========================
ဖော်ကွာဝေးသည့် ချစ်သူ /ဖော်ကွာဝေးသည့် ချစ်သူWhere stories live. Discover now