4.1K 962 12
" မင်းက သူ့ညီငယ်လေးလား "
 "ဘာဖြစ်လို့လဲ"
---------------------
  "ကောင်းပါပြီ အဖိုး"
  "မင်း ဘာလို့ငိုနေတာလဲ"
 " ကောင်းသောညပါ ဖားကလေး "
=======================
Chapter (5)_အကိုကြီး ပြန်ကောင်းလာတော့မယ်.... (Z+U)
ဟော်မိသားစုက သူနှင့် လက်မထပ်မှီက အပြင်ထွက် အလုပ်လုပ်ဖို့ သဘောတူခဲ့ပြီး အခု ဟော်ယွမ်တုန်းက အခု အိမ်တွင်နေဖို့ပြောတော့ ဝမ်ယာ ဘယ်လို ပြန်ဖြေရမှန်း မသိဖြစ်သွားသည်။ ဝမ်ယာ မျက်မှောင်ကြုတ်နေတာ မြင်တော့ ဟော်ယွမ်တုန်းက ခိုင်မာစွာပဲ ထပ်ပြောလိုက်သည်။
  "ဒီအကြောင်းကို စဉ်းစားထားပါ"  
မနက်စာစားပြီးနောက် ဖိုးဖိုးဟော် နှင့်အတူ ဆေးရုံသို့သွားခဲ့ကြသည်။  ဆရာဝန်တွေက အသင့်စောင့်နေကြပြီး ဖိုးဖိုးဟော်ရောက်လာသည်နှင့် ချက်ချင်း စမ်းသပ်မှုများစွာလုပ်ကြသည်။ ဖိုးဖိုးဟော်က ပြန်ကောင်းနိုင်ချေက 50% သာရှိပေမယ့် ဟော်ယွမ်တုန်းက ပြန်ကောင်းမည်ဟု လုံးဝယုံကြည်သည်။ တကယ်လို့ ခွဲစိတ်မှုအောင်မြင်လျှင် ဖိုးဖိုးဟော်က နောက်ထပ် နှစ်အနည်းငယ် ထပ်နေနိုင်မှာဖြစ်သည်။ ဒါကြောင့် ဟော်ယွမ်တုန်းက ရသည့် အခွင့်ရေးကို လက်မလွှတ်ပဲ ဆုပ်ကိုင်ထားရခြင်းဖြစ်သည်။
စမ်းသပ်မှုရလဒ်က နေ့လည်မွန်းတည့်ချိန်တွင်ထွက်လာပြီး ဆရာဝန်က ဖိုးဖိုးဟော် ခွဲစိတ်ကုသရန် အဆင်ပြေသည်ဟုပြောခဲ့သည်။ ထိုရလဒ်ကိုကြားပေမယ့် ဟော်ယွမ်တုန်း၏ မျက်နှာက ပြောင်းလဲမှုမရှိပေ။ ဒါကို သူကြိုသိထားပြီး ဖြစ်ဟန်တူသည်။ သူက ဆရာဝန်ကိုဖြစ်နိုင်သမျှမြန်မြန် ခွဲစိတ်နိုင်ဖို့ စီစဉ်ပေးဖို့ပြောခဲ့သည်။ ဆရာဝန်များက အချင်းချင်း ဆွေးနွေးပြီး နောက် တစ်ပတ်အကြာတွင် ခွဲစိတ်ကုသရန် အချိန်သတ်မှတ်လိုက်ကြသည်။
ထို့နောက် ဟော်ယွမ်တုန်းသည် အလုပ်ထွက်သွားမှ ဆေးရုံမှ ထွက်ခွာ သွားသည်။ ဝမ်ယာက အဖိုးဟော်နှင့် အတူတူ နေ့လည်စာစားပြီးနောက် အဖိုးကို တရေးအိပ်ခိုင်းလိုက်သည်။
အဘိုးဟော် အိပ်ပျော်သွားသောအခါ ဝမ်ယာက အစ်ကိုကြီးကိုတွေ့ရန် အနောက်ဘက် အဆောက်အအုံသို့သွားခဲ့သည်။
 အဘိုးဟော်နှင့် သူ့အစ်ကိုကြီးတို့ တက်နေသည့် ဆေးရုံက အတူတူဖြစ်ပြီး ဒီဆေးရုံက အထူးလူနာများအတွက် လူနာစောင့် တချို့ကိုပါ နေထိုင်ခွင့်ပြုထားသည်။  ဆေးရုံ၏ပတ်ဝန်းကျင်က တော်တော်လေးကောင်းပြီး တိတ်ဆိတ်ငြိမ်သက်ကာ  အပြင်ဘက်မှာ အစောင့်တွေလည်းရှိသည်။
ဝမ်ယာက ဟော်ယွမ်တုန်း မရှိသည့်အချိန်ကို တမင်လာခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက်တချို့ကြောင့် သူက ဟော်ယွမ်တုန်းနှင့် သူ့အကိုကြီးကို အတူတွေ့စေဖို့  အနည်းငယ်ကြောက်ရွံ့နေခဲ့သည်။
တံခါးဝသို့ ဝမ်ယာရောက်သွားချိန်မှာ သူ့အကိုကြီး၏  ၏အိပ်ရာရှေ့မှာ ရပ်နေသော လူလတ်ပိုင်း အရွယ် လူတစ်ယောက်ကို သူ တွေ့လိုက်ရသည်။  တစ်ဖက်လူက အသံကိုကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ပြီး ဝမ်ယာကို ပြုံးပြလိုက်သည်။  
" မင်းက သူ့ညီငယ်လေးလား "
ဝမ်ယာ အံ့အားသင့်သွားသည်။ သူ့အကိုကြီးရဲ့ချစ်သူက ဖျားနာနေပုံရသော လူငယ်တစ်ဦးဖြစ်ပြီး ခုလို သက်လတ်ပိုင်းလူမဟုတ်ပေ။ ထိုလူက ဝမ်ယာ၏ အတွေးကို ရိပ်မိဟန်ဖြင့် ပြုံးကာ ရှင်းပြလိုက်သည်။
 -" ကျွန်တော့်နာမည်က ဦး လေးဝမ်ပါ။ ကျွန်တော်က BJ ရဲ့ အိမ်တော်ထိန်းပါ။ "
ဝမ်ယာ အံ့အားသင့်သွားသည်။ သူ့အစ်ကို၏ချစ်သူက ချူဝမ့်ချုံးဖြစ်ပြီး  ကမ္ဘာ့အကြီးဆုံးအဖွဲ့အစည်းဖြစ်သော BJ ၏အဖွဲ့ ၀ င်ဖြစ်သည်စု သူကြားဖူးခဲ့သည်။ BJ သည်နို င်ငံအားလုံးတွင် အဖွဲ့ခွဲများ ဖြန့်ကျက်ထားသော အဖွဲ့အစည်းကြီးဖြစ်သည်။ ဦး လေးဝမ်သည် ချူဝမ့်ချုံးကို ကလေးဘဝကတည်းက ကြည့်ရှုစောင့်ရှောက်ခဲ့သောကြောင့် အိမ်တော်ထိန်း ဆိုတာထက်  မိသားစုဝင်တစ်ဦးလို ဖြစ်နေသည်။
 " ဒါဆို ခင်ဗျား.... အစ်ကိုကြီးချူ ... "
ဘာကြောင့် အကိုကြီးချု ကိုယ်စား ဦးလေးဝမ်က ဒီကိုရောက်နေသလဲဆိုတာ ဝမ်ယာ မေးချင်နေမိသည်။
နောက်ဆုံး တာ ၀ န်အပြီးတွင် သူ၏အစ်ကိုကြီးသည် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အစ်ကိုကြီးချူပျောက်ဆုံးသွားသည်။ သူတို့နှင့် အတူ တာဝန် ထမ်းဆောင်သည့် ဟော်ယွမ်တုန်း  သာ လုံခြုံစွာပြန်ရောက် လာခဲ့သည်။
 အစ်ကိုကြီးချူ လိုလူက ဘယ်လို အဖြစ်ကိုပဲကြုံကြုံ သူ့ချစ်သူကို ဘယ်တော့မှ စွန့်ခွာမည့်သူ မဟုတ်ဘူးလို့ ဝမ်ယာ ယုံကြည်သည်။ ဖြစ်နိုင်တာက အကိုကြီးချူက သူ့အသက်ဘေးကို ထိခိုက်သည့် အဖြစ်ကို ကြုံခဲ့လို့သာ ခုလို ထားရစ်ခဲ့တာဖြစ်နိုင်သည်။
ဦး လေးဝမ်က ဝမ်ယာကို ငြင်သာစွာပြောခဲ့သည်။
"ဒီတစ်ခါမှာတော့ သခင်လေးက တရုတ်ပြည်ကို မကြာခင်ပြန်လာနိုင်တော့မယ်ဆိုတာ လူတိုင်းကိုပြောချင်ပါတယ်"  
ဝမ်ယာ၏မျက်လုံးများ ပြူးကျယ်လာသည်။ ဦး လေးဝမ်ကပြုံးပြီး ပြောလိုက်သည်။
 " မင်းရဲ့မိသားစုကို ကျွန်တော် ပြောပြပြီးပါပြီ။ သူတို့အားလုံးလည်း ဝမ်းသာနေကြတယ်။ "
ဝမ်ယာပြုံးလိုက်မိသည်။ အကိုကြီးချူပြန်လာရင် သူ့အကိုကြီးလည်း မကြာခင် ပြန်နိုးလာနိုင်တော့မည်ထင်ပါသည်။ ဒီဟာထက် ပိုပြီး ဝမ်းသာစရာ မရှိတော့ပေ။
ဦး လေးဝမ်က ဝမ်ယာကိုကြည့်လိုက်ပြီး မစ္စရှုံး၏အငယ်ဆုံးသားသည် ကျန်းမာရေးမကောင်းသဖြင့် နိုင်ငံခြားတွင် ငယ်စဉ်ကတည်းက ဆေးကုသွားနေရသည်ဟု ကောလဟာလများထွက်ပေါ်ခဲ့သည်။ ထိုကလေးကတိတ်ဆိတ်ပြီး အထီးကျန်စိတ်ဝေဒနာရှိတယ်လို့ သူကြားခဲ့ပေမယ့် အခုလိုမျိုး တောက်ပပြီး ချစ်စရာကောင်းအောင် ပြုံးတတ်လိမ့်မည်ဟု သူလုံးဝထင်မထားမိပေ။  
ဦး လေးဝမ်ထွက်ခွာသွားပြီးနောက် ဝမ်ယာက အကိုကြီး၏ ခုတင်ဘေးတွင် အသာထိုင်ကာ အကိုကြီး၏ လက်ကို ငြင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။
အစ်ကိုကြီးက ဦး လေးဝမ်၏စကားများကို ကြားမှာ သေချာသည်။ ဒါကြောင့် မကြာခင် သူ သေချာပေါက် နိုးလာလိမ့်မည်ဟု တွေးနေသည်။ ဝမ်ယာက အကြာကြီးထိုင်နေပြီးမှ မနက်က ဟော်ယွမ်တုန်း ပြောခဲ့သည့် အကြောင်းရာကို သတိရသွားပြီး အကိုကြီးကို ပြောလိုက်သည်။
"အစ်ကိုကြီး  ကျွန်တော် အကိုကြီး ပြန်နေကောင်းလာဖို့ အခွင့်အရေးကို လုံးဝ လက်မလျှော့နိုင်ဘူး။ "
ဖိုးဖိုးဟော်၏ အဆောင်ကိုပြန်ရောက်လာတော့ ဟော်ယွမ်တုန်း ပြန်ရောက်လို့နေပြီ။ ဖိုးဖိုးဟော်က အိမ်တော်ထိန်းတိုက်သည့် ဟင်းရည်ကို သောက်နေသည်။
ဟော်ယွမ်တုန်းက ဝမ်ယာကိုကြည့်ကာ မေးလိုက်သည်။
 "ဘာဖြစ်လို့လဲ"
တကယ်တော့ ဝမ်ယာ၏ မျက်နှာက ဘာအမူယာမှ ပေါ်ပဲ မျက်နှာသေဖြစ်နေပေမယ့် မျက်မှန်တပ်မထားသော သူ့မျက်လုံးများက တောက်ပကာ ပျော်ရွှင်ရိပ်ဖြင့် ပြည့်နေသည်ကို သူ သတိထား လိုက်မိ သည်။ ဒါကြောင့် ဝမ်ယာ ဘယ်ကိုသွားခဲ့သလဲဆိုတာ သူ တန်းသိလိုက်ပြီး ဘာဖြစ်ခဲ့သလဲဆိုတာကိုပဲ တိုက်ရိုက်မေးလိုက်တာဖြစ်သည်။
ဝမ်ယာက ခေါင်းခါလိုက်သည်။ သူက ဦး လေးဝမ်အကြောင်းပြောဖို့ အချိန်မတန်သေးဘူးလို့ ထင်သည်။  
ဟော်ယွမ်တုန်းက ဝမ်ယာ ူတိတ်ဆိတ်နေသည်ကိုမြင်တော့ ဘာမှ ထပ် မပြောတော့ပေ။
---------------------
ညအချိန်တွင် သူတို့နှစ် ဦး ပြန်လာပြီး မော်တော်ကား အနောက်ပိုင်းက ထိုင်ခုံတွင် ထိုင်နေကြသည်။ ဟော်ယွမ်တုန်းက သူ့ကို ဖက်ပြီး ဆံပင်များကို ထိုးဖွကစားနေသည်။ ဝမ်ယာက သူ့ကို မှီနေရင်း ရုတ်တရက်ပြောလိုက်သည်။
  "ဒီနေ့ ကျွန်တော်  ဦး လေးဝမ်ကိုတွေ့ခဲ့တယ်"
ဟော်ယွမ်တုန်း၏လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
 "အကိုကြီးချူးက မကြာခင်မှာ တရုတ်ပြည်ကို ပြန်လာတော့မယ်တဲ့။ အကိုကြီးကို သူလာတွေ့တော့မယ်။ "  
ဝမ်ယာက ဟော်ယွမ်တုန်း၏ အမူယာကို ကြည့်လိုက်ပေမယ့် ဘာအရိပ်ကိုမှ မမြင်ရသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ အကိုကြီးချူးဝမ်ချူံးက သူ့အစ်ကိုကြီး၏ ချစ်သောသူဖြစ်သည်။ သူသာ အကိုကြီးကို လာတွေ့လျှင် အကိုကြီးက သေချာပေါက် နိုးလာမှာဖြစ်သည်။ ဟော်ယွမ်တုန်းက ဒီအကြောင်းကို မတွေးမိဘူးလား။
 ဝမ်ယာက ဒီကိစ္စကို ဆေးရုံမှာမပြောချင်ပေ။ ဒီကိစ္စကိုကြားတော့ ဟော်ယွမ်တုန်း၏  စိတ်အခြေအနေ မကောင်းဖြစ်လာပြီး အဖိုးဟော်ကို စိတ်အနှောက်ယှက်မဖြစ်စေချင်သောကြောင့် ဖြစ်သည်။
ဒါပေမယ့် အခု ဟော်ယွမ်တုန်း၏ အကြည့်ကာ ပုံမှန်မဟုတ်သလို သူ့ကိုယ်က တောင့်တင်း လာခဲ့သည်။
 ဝမ်ယာက ဟော်ယွမ်တုန်းကို ဘယ်လို စိတ်သက်သာရာရအောင် နှစ်သိမ့်ရမလဲ မသိတော့ပေ။ ဒါကြောင့် သူခဏစဉ်းစားပြီး  ထပ်ပြောလိုက် သည်။
"အကိုကြီးချူ ပြန် လာတော့မယ်။ ကျွန်တော့် အကိုကြီး ပြန်ကောင်းလာတော့မယ်။ "
 အစ်ကိုကြီးနိုးလာရင်တော့ ဟော်ယွမ်တုန်း အရမ်း ဲပျော်နေမှာပဲလို့ ဝမ်ယာထင်နေသည်။ ဟော်ယွမ်တုန်းက ဝမ်ယာကို ငုံ့ကြည့်လိုက်တော့ ဝမ်ယာ၏ မျက်နှာက  ရိုးသားမှုနှင့်ပြည့်နှက်နေသည်။
ဟော်ယွမ်တုန်းက ဝမ်ယာ၏မျက်နှာကို အသာလေး တို့ထိလိုက်သည်။
ဝမ်ယာက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
 "အကိုကြီး အဆင်ပြေသွားမှာပါ"  
ဟော်ယွမ်တုန်းက မျက်မှောင်ကြုတ်လျက် သူ့ကိုတင်းတင်းကျပ်ကျပ် ဖက်ထားသော်လည်း  ဘာမှမပြောခဲ့ပေ။
နောက်နေ့တွင် ဝမ်ယာက ဖိုးဖိုးဟော်ကို ကြည့်ရှုရန်ဆေးရုံသို့သွားခဲ့သည်။ အဘိုးဟော်က တရေးအိပ်နေစဉ်  ဝမ်ယာက အစ်ကိုကြီး အဆောင်ကို သွားတွေ့ခဲ့သည်။ ထိုတရက်ပဲ  ဦး လေးဝမ် ပေါ်လာပြီး သူ့ကိုနောက် တစ်ခါ ထပ်မတွေ့ရတော့ပေ။  ဦး လေး ၀ မ်က ဗန်ကူးဗားမြို့ကို ပြန်သွားပြီဟု   ဝမ်ယာ၏မိသားစုကပြောခဲ့သည်။
ထိုနေ့တွင်  အဘိုးဟော်က ဟော်ယွမ်တုန်းကို ရုတ်တရက်ပြောလိုက်သည်။
 "ရှောင်ယာ ကိုပြန်ခေါ်သွားဖို့ အချိန်ရောက်ပြီ"  
ဝမ်ယာ ဘာပြောရမှန်းမသိတော့စဉ် ဟော်ယွမ်တုန်းက ပြန်ခေါ်သွားမည်ဟု ကတိပေးလိုက်သည်။
  "ကောင်းပါပြီ အဖိုး"
ချူးဝမ်ချုံးက တရုတ်ပြည်ကိုလာလျှင် ဝမ်ယာနှင့် တွေ့တော့မည်ကို သိသဖြင့် ဟော်ယွမ်တုန်း ရက်အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။ သူတို့ ည  အတူတကွအိပ်ချိန်တွင် ဝမ်ယာက ဟော်ယွမ်တုန်း စိတ်ဓါတ်ကျနေသလို ခံစားလိုက်သည်။ အရင်လို ဟော်ယွမ်တုန်းက သူ့ကို စနောက်တာ၊ ပွေဖက်တာ သိပ်မလုပ်ပဲ ညမအိပ်ခင် စကားနည်းနည်းပြောပြီး အိပ်ယာဝင်သွားကြသည်။ ညသန်းခေါင်နိုးလာတိုင်း ဝရန်တာတွင် ဟော်ယွမ်တုန်း ဆေးလိပ်သောက်နေသည်ကို တွေ့ရပြီး သူ အိပ်ယာထဲ ပြန်လာတိုင်း ပြင်းထန်သော ဆေးလိပ်နံ့ကို ရလိုက်သည်။
ဒါပေမယ့် သူ့အဖိုးရှေ့မှာ ဟော်ယွမ်တုန်းက အရင်လို ရွှင်ပြုံးစွာ ဟာသပြောဆိုမြဲဖြစ်သည်။ အဘိုးဖြစ်သူနေမကောင်းဖြစ်နေသဖြင့် လူကြီးကို စိတ်မပူစေချင်သောကြောင့် ဟော်ယွမ်တုန်း ဟန်ဆောင်နေသည်ကို ဝမ်ယာသိသည်။ အခြားလူရှေ့တွင်တော့ သူ့အမူယာက ပြောင်းလဲသွားတော့သည်။ သူပြုံးနေပေမယ့် သူ မပျော်ဘူး။ သူ မျက်မှောင်ကြုတ်နေပေမယ့် သူ မနှစ်သက်တာကို ဖော်ပြတာ မဟုတ်ကြောင်း ဝမ်ယာ သိရှိခဲ့သည်။
 ဟော်ယွမ်တုန်းက အိမ်ကို ဖုန်းဆက်ပြီး ဝမ်ယာကို နောက်တနေ့ မနက် ဝမ်အိမ်ကို လိုက်ပို့ပေးဖို့ သဘောတူခဲ့သည်။ ညဉ့်  အိမ်ပြန်ရောက်သော အခါ ဝမ်ယာသည်ရေချိုးပြီး အိပ်ယာဝင်ခဲ့သည်။ ဟော်ယွမ်တုန်းက သူ့ကို အရင်ညကဲ့သို့  လျစ်လျူရှုထားမည် ထင်ပေမယ့်  သူအိပ်ပျော်သွားသောအခါ ဟော်ယွမ်တုန်းက စောင်ကိုရုတ်တရက် လှန်လိုက်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
 ရေချိုးခန်းက ဆပ်ပြာရည်မွှေးနံ့နှင့် စိုစွတ်သောခန္ဓာကိုယ်အောက်တွင် ဝမ်ယာ တင်းကျပ်စွာ ဖက်ကာ သူ့အောက်တွင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။
ဟော်ယွမ်တုန်းက ဝမ်ယာ၏ ညဝတ်အင်္ကျီကို တိတ်တဆိတ်ချွတ်လိုက်ပြီး သူ့ကိုလှည့်လိုက်ပြီး အိပ်ရာပေါ်ဒူးထောက်လျက် အနေထားကို ပြောင်းလိုက်သည်။ ထို့နောက် ဟော်ယွမ်တုန်းက ဝမ်ယာ၏ ခြေနှစ်ချောင်းကြားမှာ ဒူးထောက်ကာ အနောက်ဘက်ကနေပြီး သူ့လိင်တံကြီးဖြင့် ဝမ်ယာ၏ကိုယ်ထဲကို တရှိန်ထိုး ဆောင့်သွင်းလိုက် တော့သည်။
 ဒီအနေအထားက ဝမ်ယာကို မသက်မသာဖြစ်စေပြီး ရှက်စရာကောင်းသည်ဟု ခံစားရစေသည်။ ဒါပေမယ့် ဝမ်ယာ ဘယ်လိုမှ မလှုပ်ရှားနိုင်ပဲ သူ့လက်များပေါ် ခေါင်းကို ဖိအပ်ထားပြီး ဟော်ယွမ်တုန်း၏ ရက်စက်ပြင်းထန်သော ထိုးဆောင့်ချက်များကို မနည်းတောင့်ခံထားရသည်။
 ဟော်ယွမ်တုန်း၏ လှုပ်ရှားမှုများက အရမ်းကို ပြန်းထန်နေပြီး ပေါက်ကွဲ လွတ်ထွက်နေသလို သူ့ကိုယ်ထဲကို နက်ရှိုင်းစွာ ထိုးဆောင့်ကာ ဆက်တိုက် လှုပ်ရှားနေသည်။ သူက အရမ်းကို ထက်သန်ပြင်းပြနေပြီး ဝမ်ယာ၏ ခါးကို ဆုပ်ကိုင်ကာ အညှာတာကင်းမဲ့စွာ ပိုင်ဆိုင်လို စိတ်ကြီးမားစွာ သိမ်းပိုက်ရယူ စားသုံးနေသည်။ ဟော်ယွမ်တုန်း၏ လှုပ်ရှားပုံက ကြမ်းတမ်းလွန်းလို့ သူ့ကိုယ်ကို စုတ်ဖြဲပစ်တော့မလားဟုပင် ထင်ရသည်။
အရင်တွေက ဟော်ယွမ်တုန်းက သိမ်မွေ့ပေမယ့် အခုတစ်ခါတော့ သူ့ အသိစိတ် လွတ်နေသလိုပင်။ သူ့ကို နမ်းတာ၊ ပွေ့ဖက်ကျီစယ်တာ၊ နှိုးဆွတာ လုံးဝမလုပ်ပဲ အရူးအမူးသာ ထိုးသွင်းနေတော့သည်။
ကြမ်းတမ်းသော ဆက်တိုက်ထိုးဆောင့်မှုများကြောင့် ဝမ်ယာက မခံနိုင်တော့သဖြင့် နည်းနည်းလျှော့ပေးဖို့ သူ့နာမည်ကို ခေါ်လိုက်ပေမယ့် ဟော်ယွမ်တုန်းက ဘယ်လိုမှ မနေပဲ အရှိန်ပြင်းပြင်းဖြင့် သူ့ကို ဆက်တိုက် ထိုးသွင်းကာ ဆက်ဆံနေတော့သည်။ သူ့မျက်နှာကို မကြည့်ပဲ သူ့လိင်တံကို ဝမ်ယာကိုယ်ထဲ ပိုနက်အောင် ထိုးဆောင့်လိုက်သည်။
နောက်ဆုံးတွင် ဝမ်ယာက  အသံတောင်မတွက်နိုင်တော့ပေ။  သူ့တကိုယ်လုံး ထုံနေပြီး မျက်လုံးများလည်း ဝါးလို့နေသည်။ သူ့နောက်က လူရဲ့လှုပ်ရှားမှုှုကို အလိုက်သင့် လှုပ်ရှားပေးနေပြီး သူ့ခေါင်းက ရှေ့ကို ငိုက်ငိုက်ကျနေ ခဲ့သော်လည်းသူသတိမထားမိပဲ ဟော်ယွမ်တုန်း၏ အလိုကျနေပေးလိုက်တော့သည်။ ဟော်ယွမ်တုန်းက ဘယ်အချိန်မှ ရပ်တန့်မလဲ ဝမ်ယာမသိတော့ပေ။ သူသိတာက ဟော်ယွမ်တုန်း၏ ဆောင့်ချက်အတိုင်း ကိုယ်ကို နောက်ကို ပြန်ဆောင့်ပေးဖို့ပဲဖြစ်သည်။
 နောက်ဆုံး ဟော်ယွမ်တုန်း ပြီးမြောက်သွားချိန်မှာ ဝမ်ယာက အိပ်ယာပေါ်ကို သတိလက်လွှတ် ပျော့ခွေကျသွားတော့သည်။
ဟော်ယွမ်တုန်းက ဝမ်ယာ၏ကိုယ်လေးကို ပက်လက်အနေထားပြောင်း လိုက်ပြီး  ဝမ်ယာ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရအောင် လုပ်ခဲ့သည်။ ဟော်ယွမ်တုန်း၏ မျက်လုံးများက တောက်ပနေပြီး သူ့ကိုယ်ကို သိုင်းဖက်ကာ မျက်လုံးထောင့်များကို လက်ဖျားလေးနှင့် အသာယာ တို့ထိကာ မေးလိုက်သည်။
 "အားလုံးအဆင်ပြေသွားပါပြီကွာ နော်..."
ဝမ်ယာက ဘာမှပြန်မဖြေပဲ ဟော်ယွမ်တုန်းမျက်နှာကို ငေးကြည့်နေပေမယ့် ဘာကိုမှ မမြင်ရပဲ ဗလာဟင်းလင်းဖြစ်ကာ  စိတ်ရှုပ်ထွေးမှု တို့နှင့်ပြည့်နှက် နေသည်။
ဟော်ယွမ်တုန်းက ခေါင်းငုံ့ကာ ဝမ်ယာ၏ နဖူးလေးကို ညင်သာစွာနမ်းလိုက်ပြီး မေးလိုက်သည်။
  "မင်း ဘာလို့ငိုနေတာလဲ"
ဝမ်ယာ တဖြည်းဖြည်းပြန်လည် သက်သာလာပြီး သတိဝင်လာတော့  သူ၏မျက်နှာတစ်ခုလုံး စိုစွတ်နေသည်ကို တွေ့လိုက်ရသည်။ သူ ငိုနေခဲ့မိတာလား။  
သူက မျက်လွှာချလိုက်ပြီး ဟော်ယွမ်တုန်းကိုမကြည့်တော့ပေ။
ဟော်ယွမ်တုန်းက ဝမ်ယာ၏နှုတ်ခမ်းကိုနမ်းကာ ဆေးကြောပေးဖို့ ရေချိုးခန်းထဲကို ငြင်သာစွာပွေ့ချီသွားပေးခဲ့သည်။ အစောပိုင်းက အကြမ်းပတမ်း ချစ်တင်းနှောခဲ့တာ တကယ်မဟုတ်ပဲ ထင်ယောင်ထင်မှား ဖြစ်နေသလို ပင် အခုတော့ ဟော်ယွမ်တုန်း၏ အပြုမှုတိုင်းက ညင်သာသိမ်မွေ့လို့နေသည်။
 ဝမ်ယာက သူ့အနောက်ပိုင်းက နာကျင်ကိုက်ခဲနေပြီး ယောင်နေပြီဟု ထင်လိုက်သည်။ အခုတစ်ခါက မင်္ဂလာဦးညကထက် ပိုကြမ်းတမ်းကာ သူ နည်းနည်းလှုပ်လိုက်မိသည်နှင့် မခံနိုင်အောင် နာကျင်လို့နေတော့သည်။
ဒါပေမယ့် ဝမ်ယာက ဟော်ယွမ်တုန်း သူ့ကို ထိတွေ့ကိုင်တွယ်ကာ ဆေးကြောပေးနေသည်ကို မငြင်းဆန်ပဲ အသာယာ ခံယူနေသည်။ အိပ်ယာထက်ကိုရောက်သွားတော့ ဟော်ယွမ်တုန်းက ဝမ်ယာကို ဖက်ကာ ငြင်သာစွာပြောလိုက်သည်။
 " ကောင်းသောညပါ ဖားကလေး "
ဝမ်ယာလည်း အသက်မှန်မှန်ရှုကာ အိပ်ပျော်သွားတော့သည်။ နောက်တနေ့ ဝမ်ယာ နိုးလာတော့ ဟော်ယွမ်တုန်းက အိပ်ယာထက်တွင် ထိုင်နေပြီး သူ့ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဟော်ယွမ်တုန်းက ညအိပ်အဝတ်စားကို မလဲသေးပဲရှိနေသောကြောင့် ဝမ်ယာ နည်းနည်းအံ့သြသွားသည်။
ဝမ်ယာက သူ့ခင်ပွန်းသည်ကို ခဏစိုက်ကြည့်ပြီး မျက်နှာသစ်၊ သွားတိုက်ရန် ရေချိုးခန်းထဲ အားတင်းကာ ဝင်လာခဲ့သည်။ ရေချိုးခန်း ထဲက မှန်ရှေ့ကိုရောက်တော့မှ သူ့မျက်လုံးတွေက နီရဲမို့အစ်နေပြီး မျက်နှာက အတော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေ သည်ကို တွေ့လိုက်ရပြီး  စိတ်ဓာတ်အနည်းငယ် ကျလာသည်။ ဝမ်ယာက အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးကိုဖွင့်ကာ အခန်းထဲကို ပြန်ဝင်လာခဲ့သည်။
ဟော်ယွမ်တုန်း၏မျက်လုံးများက သူ့ကိုလိုက်ကြည့်နေသည်။ ဝမ်ယာသည် ဟော်ယွမ်တုန်းအတွက် အဝတ်စားများ ထုတ်ပြီး အဝတ်ကူလဲပေးရန် အနားကို တိုးကပ်လာခဲ့သည်။ သူ့နူတ်ခမ်းတွေက နည်းနည်းယောင်ယမ်းနေပြီး အဝတ်လဲရန် လုပ်လိုက်စဉ် သူ ဘာမှ မပြောရသေးခင် ဟော်ယွမ်တုန်းက သူ့ကို အေးဆေးတည်ငြိမ်စွာဖြင့် မေးခဲ့သည်။
 -" မင်းရဲ့လက်စွပ် ဘယ်မှာလဲ"
ဝမ်ယာ အံ့အားသင့်ကာ သူ့ကိုမော့ကြည့်လိုက်စဉ် ဟော်ယွမ်တုန်းက ဝမ်ယာ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မြှောက်လိုက်ပြီး မေးလိုက်သည်။
  "မင်း ဘာလို့ လက်ထပ် လက်စွပ်ကို မဝတ်ထားတာလဲ။ "
=======================
ဖော်ကွာဝေးသည့် ချစ်သူ /ဖော်ကွာဝေးသည့် ချစ်သူWhere stories live. Discover now