အိမ်ကြီးသခင်(၁)Uni

1.7K 61 5
                                    

သေတမ်းစာ ဆိုတာလူတစ်ဦးရဲ့ နောက်ဆုံးအချိန်မှာ ကျန်ရှိနေတဲ့ ဆန္ဒတွေကို ကျန်လူတွေက ဖြည့်ဆည်းပေးရမယ့် ကတိကဝတ်စာချုပ်မဟုတ်လား။ အမွေရတယ်ဆိုတာကောင်းတဲ့ကိစ္စပါ။ သေတမ်းစာနဲ့ အပြည့်အစုံရောက်လာတဲ့ အမွေဆိုတာကလဲ ပိုခိုင်မာတယ်မဟုတ်လား။

ဒါပေမယ့် အခုတော့ အတော်ထူးဆန်းနေလေပြီ။

ကိုယ့်မိဘ သို့မဟုတ်ဆွေမျိုးတစ်ဦးဦးက အမွေပေးတယ်ဆိုထားပါဦးတော့ သူတို့နဲ့ သွေးသားတော်စပ်သည်ပဲကိုး။ အခုတော့ဖြင့် သူမအဖြစ်ကလုံးဝကိုထူးဆန်းနေချေပြီ။ ကြည့်စမ်းပါဦး ရိုးရိုးသာမန်ကာလျှံကာ အမွေထားပေးခဲ့သည့်သေတမ်းစာမဟုတ်။ဘဝမှာတခါမှ တွေ့ရှိခဲ့ဖူးခြင်း ပတ်သတ်ခဲ့ဖူးခြင်းအလျှင်းမရှိတဲ့ သွေးမတော်သားမစပ် သူစိမ်းတဦးထံမှ ရရှိခဲ့သည့်အမွေဆိုတာက သူမအတွက်တော့ ရိုးရှင်းသောအမှားတစ်ခုမဟုတ်တန်ရာ။

ရှေ့နေရှေ့ရပ်နှင့် မှတ်တမ်းမှတ်ရာ စုံစုံလင်လင်နှင့် ရောက်ရှိလာခဲ့သည့် အမွေရရှိခြင်းဟူသည့်သေတမ်းစာတစောင်။ ရှင်သန်ခဲ့ရာ ဘဝသက်တမ်း ၂၆နှစ်ကို မန်မိုရီရီကောလ်လုပ် ကြည့်သည်။ ဒီလူကိုငါ တနေရာမှာ အသက်ကယ်ခဲ့ဖူးသလား၊ မဟုတ်ရင်သူ့မိသားစုကိုများလား၊ ဒါမှမဟုတ် သူကငါ့ရဲ့ ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားခြင်းများလား၊ မဖြစ်နိုင် သူ့မိသားစုက သေစာရင်းရှင်စာရင်းကို ကိုယ်တိုင်အပ်ကျမတ်ကျသိတာပဲကို။ လား ပေါင်းများစွာနှင့်စဥ်းစားကြည့်မိသော်လည်းအဖြေမပေါ်။

ခေါင်းတခါခါ လည်တခါခါနှင့် စဥ်းစားရင်း ရှုပ်ထွေးနေသော သူမကို စိတ်ရှည်ပေးနေသည့် ရှေ့နေကြီးတွေကိုလည်းအားနာလှပြီ။

“အဟမ်း ဟိုလေ အန်ကယ်တို့မမှားတာသေချာရဲ့လားဟင်
တခုခုလွဲနေသလားလို့ ”

“ကဲ သမီးကို အန်ကယ်တို့ ဒီမေးခွန်းဖြေပေးတာ တစ်ရာရှစ်ဆယ့်ခြောက်ခေါက်ရှိပြီ အခုထိလဲ အံ့သြနေတုန်းပဲလား ဦးလေးတို့လည်း အံ့သြပါတယ်
အဲ့လေ ဆိုလိုတာက သမီးမယုံနိုင်ဘူးဆိုတာသိပါတယ် ဒါကြောင့်နောက်ဆုံးအနေနဲ့ သမီးယုံကြည်လာအောင် ပစ္စည်းတစ်ခုပြချင်တယ် အဲ့တာလေးကို ကြည့်ပြီးရင်တော့ နားလည်သွားမှာပါတဲ့ သူဌေးကြီးကမှာထားခဲ့တာပါ”

A Gypsy's Palace(Normal)Where stories live. Discover now